ကင်ဆာ ကာကွယ်သော ငှက်ပျောရွက်
မတ္တရာ က မိတ်ဆွေတစ်ဦးရဲ့ ငှက်ပျောခြံ ကို အလည်အပတ်ရောက်ရင်း သူ့မိသားစုနဲ့အတူ နေ့လည်စာ စားသွားဖို့ ကျနော့ကို ဇွတ်ခေါ်ကြတယ်။
အဲ့ဒီခြံမှာ စားခဲ့ရတဲ့နေ့လည်စာက ကျနော့ဘဝ ရဲ့ အထူးဆန်းဆုံးနဲ့ အပျော်ရွှင်ရဆုံး နေ့လည်စာ ဖြစ်ခဲ့တယ်။
ဟင်းလျာ တွေက သာမန် တောချက်ပါပဲ။ဒါပေမဲ့ ထူးခြားတာက ထမင်းကို ပန်းကန်ပြားနဲ့ မစားကြဘဲ ငှက်ပျောရွက် နဲ့ ခင်းစားကြတယ်။
မြို့က လာတဲ့ ကျနော့ကို အဖွားဖြစ်သူ က `ဇွန်း ခက်ရင်း တစ်စုံပေးပီး ပန်းကန် နဲ့ စားပါ့လားကွယ်´ လို့ အားနာနာ နဲ့ ပြောတယ်။

ကျနော်လည်း လက်နဲ့မစားတတ်တာမို့ ဇွန်းခက်ရင်းယူလိုက်ပေမဲ့ အားနာတာရော၊ ငှက်ပျောရွက် နဲ့ စားကြည့်ချင်တာရော ကြောင့် အဖွားကို ငြင်းလိုက်တယ်။
အဖွားက ဆက်ပြောတယ် `အဖွားတို့ ငယ်ငယ်လေးတည်းက တစ်မိသားစုလုံး ငှက်ပျောခြံစိုက်တယ်။ငှက်ပျောရွက်နဲ့ပဲ ထမင်းစားကြတယ်။ ကျန်းမာရေးအတွက် အင်မတန် ကောင်းတယ်။ဒီ ငှက်ပျောပင် တစ်ပင်လုံးက လွှင့်ပစ်ရတယ်လို့ မရှိဘူးကွဲ့။´
သူငယ်ချင်းမိသားစု နဲ့ နေ့လည်စာ စားပီးပြန်ခဲ့တဲ့နောက် အိမ်မှာ ကြွေပန်းကန်နဲ့ ထမင်းစားတဲ့အခါ ငှက်ပျောရွက် နဲ့ စားခဲ့တဲ့ ထမင်းရဲ့ အနံ့အရသာ ကိုပြန်တွေးမိတယ်။
ဒါ့ကြောင့် Hotel တွေ၊ အချို့စားသောက်ဆိုင်တွေမှာ ငှက်ပျောရွက် ကို လှလှလေး ဖြတ်ပီး ဟင်းလျာတွေ ပြင်ဆင်ကြတာကိုး။
ဒါ့အပြင် #6 PS (Polystyrene) နဲ့လုပ်ထားတဲ့ ဖော့ဗူးတွေ ကို စားစရာပူပူနွေးနွေးတွေ ထည့်တဲ့အခါ Styrene ဆိုတဲ့ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေ ထွက်တယ်။
ဒါ့ကြောင့် အခုဆိုရင် ကျန်းမာရေးအသိရှိတဲ့ စားသောက်ဆိုင်တွေက ဖော့ဗူးထဲမှာ အာလူးကြော်၊ ပုဇွန်တန်ပူရာ ဖက်ထုပ်ကြော် စတာတွေ မထည့်ခင် အောက်မှာ *ငှက်ပျောရွက် တစ်ထပ် ခင်းလာကြပီ။
ဒါက သူတို့ စားသောက်ကုန် ရဲ့ အနံ့အရသာ ကို ထိန်းပေးရာလည်း ရောက်တယ်လေ…
ဟိုးတုန်းကတည်းက မြန်မာ့ရိုးရာ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်၊ ငှက်ပျောထုပ် စတာတွေ၊ ငါးပေါင်း၊ မုန်ညှင်းပေါင်း စတာတွေမှာပါ ငှက်ပျောရွက် နဲ့ ထုပ်ပိုးခဲ့တာ၊ ငှက်ပျောရွက်နဲ့ ထုပ်ပီး ပေါင်းတာတွေ ရှိတာပဲမဟုတ်လား…
တကယ်က ငှက်ပျောရွက် မှာ လက်ဖက်စိမ်းထဲမှာပါတဲ့ Polyphenol ဒြပ်ပေါင်းတွေ အများကြီးပါတယ်။
အဓိက EGCG ဆိုတဲ့ Epigallocatechin gallate အရမ်းအစွမ်းထက်တဲ့ Antioxidant ပါဝင်နေတယ်။
၂၀၁၁ ခုနှစ် `Biochemical Pharmacology´ စာတမ်းမှာ EGCG ဟာ အကြိတ်အဖုတွေ မကြီးထွားအောင် တားမြစ်ပေးနိုင်သလို ကင်ဆာ ဆဲလ်တွေ သေအောင်လည်း အားပေးတယ် လို့ ပြောထားပီးသားပါ။
လူတိုင်းလိုလို တနေ့ လက်ဖက်ရည်ကြမ်း ၆ ခွက်လောက်သောက်ရင် Catechin , EGCG ရရှိလို့ ကင်ဆာကာကွယ်မှန်း သိပီးသားပါ။
ဒါပေမဲ့ ငှက်ပျောရွက်နဲ့ ခင်းထားတဲ့၊ ထုပ်ထားတဲ့၊ ပေါင်းထားတဲ့ ထမင်းစားလို့၊ မုန့်စားလို့ ငှက်ပျောရွက်ထဲက Antioxidant တွေ ရနေပါ့လား ဆိုတာ မသိကြဘူး။
EGCG ဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းထားတဲ့ Hippocampus မှာ ရှိတဲ့ Neurons တွေ အပေါ်မှာလည်း သက်ရောက်မှုရှိတယ်။
ဒါ့ကြောင့် ငှက်ပျောရွက် နဲ့ ငယ်ငယ်ကတည်းက စားသောက်ခဲ့တဲ့ အဖွားမှာ မှတ်ဉာဏ်မကောင်းလို့ ဖြစ်ရတဲ့ Alzheimers’ ရောဂါ၊ Parkinson’s ရောဂါ တွေ ဘာမှမဖြစ်ဘူး။
ဒါ့အပြင် အဲ့ဒီ EGCG ကပဲ နှလုံးနဲ့ သွေးလည်ပတ်မှု၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း တွေ မဖြစ်အောင်လည်း ကာကွယ်ပေးတယ် လို့ ဆိုထားသေးတယ်။
ရေနွေးကြမ်းလည်း သောက်၊ ပလတ်စတစ် ခွက်ယောက်တွေ အစား ငှက်ပျောရွက် နဲ့လည်း အစာစားမယ် ဆိုရင်တော့ အရမ်းကို ကျန်းမာရေးအတွက် အထောက်အကူပြုပီပေါ့။
အဓိက က ကင်ဆာဖြစ်စေတဲ့ ကြွပ်ကြွပ်အိတ်၊ ဖော့ဗူးတွေ နဲ့ ဟင်းအပူတွေ ထိတွေ့ခြင်းကနေ ငှက်ပျောရွက်ကို အကာအကွယ်အနေနဲ့လည်း သုံးဖို့ သင့်တာပေါ့။

Decoration အလှဆင်တဲ့နေရာမှာလည်း ငှက်ပျောရွက်က ဆရာကြီးပဲဗျ။ တက္ကသိုလ်တက်တုန်းက ထမနဲထိုးပွဲ ပြိုင်ကြတာ အရသာချင်း အတူတူတောင် `ငှက်ပျောရွက် ကို ခင်းပီး အနိုင်ယူသွားတဲ့ အဖွဲ့´ ကို သတိရမိသေးတယ်။
မြန်မာနိုင်ငံကသာ အစားအသောက်တွေကို တည်ခင်းတဲ့အခါ ထုပ်ပိုးတဲ့အခါ ငှက်ပျောရွက်သုံးတာ ရှားရှားလာတာ…
အခြား အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ မဂ္ဂဆီကို၊ ဟာဝိုင်ရီ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျာဗား၊ အမေရိကအလယ်ပိုင်း အားလုံးမှာ ငှက်ပျောပင်က မြန်မာလောက် မပေါပေမဲ့ အရမ်းကို အသုံးပြုကြတာ။
သူတို့က ငှက်ပျောရွက် ထဲက အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ စတာတွေကို ကာကွယ်ပေးတဲ့ EGCG ပါဝင်နေတာကို ကောင်းကောင်းသိလာကြလို့ပေါ့။
နောက်ပီး ငှက်ပျောရွက်ပြုတ်ရည်ဟာ ကျောက်ကပ်ရောဂါ အမျိုးမျိုးအတွက်လည်း အသုံးပြုနိုင်တယ်လို့ ဆိုကြသေးတယ်။
ကျနော်ကတော့ မတ္တရာက ငှက်ပျောခြံပိုင်ရှင် အဖွားကို အရမ်း ကျေးဇူးတင်မိပါတယ်။အဖွားက ကင်ဆာကာကွယ်တဲ့ ဆေးဖက်ဝင် ငှက်ပျောရွက်ရယ်လို့ မသိပေမဲ့ `သဘာဝ အတိုင်းစားသောက်တာဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်´ ဆိုတော့ သူမရဲ့ ၉၀ ကျော်အသက်အရွက်က သက်သေပြခဲ့တာပဲလေ။
ကျေးဇူးတင်ပါတယ်…
ဆက်လက်ကြိုးစားသွားပါဦးမည်။
ကင္ဆာ ကာကြယ္ေသာ ငွက္ေပ်ာရြက္
မတၱရာ က မိတ္ေဆြတစ္ဦးရဲ႕ ငွက္ေပ်ာျခံ ကို အလည္အပတ္ေရာက္ရင္း သူ႕မိသားစုနဲ႔အတူ ေန႔လည္စာ စားသြားဖို႔ က်ေနာ့ကို ဇြတ္ေခၚၾကတယ္။
အဲ႔ဒီျခံမွာ စားခဲ႔ရတဲ႔ေန႔လည္စာက က်ေနာ့ဘဝ ရဲ႕ အထူးဆန္းဆံုးနဲ႔ အေပ်ာ္ရႊင္ရဆံုး ေန႔လည္စာ ျဖစ္ခဲ႔တယ္။
ဟင္းလ်ာ ေတြက သာမန္ ေတာခ်က္ပါပဲ။ဒါေပမဲ႔ ထူးျခားတာက ထမင္းကို ပန္းကန္ျပားနဲ႔ မစားၾကဘဲ ငွက္ေပ်ာရြက္ နဲ႔ ခင္းစားၾကတယ္။

ျမိဳ႕က လာတဲ႔ က်ေနာ့ကို အဖြားျဖစ္သူ က `ဇြန္း ခက္ရင္း တစ္စံုေပးပီး ပန္းကန္ နဲ႔ စားပါ့လားကြယ္´ လို႔ အားနာနာ နဲ႔ ေျပာတယ္။
က်ေနာ္လည္း လက္နဲ႔မစားတတ္တာမို႔ ဇြန္းခက္ရင္းယူလိုက္ေပမဲ႔ အားနာတာေရာ၊ ငွက္ေပ်ာရြက္ နဲ႔ စားျကည့္ခ်င္တာေရာ ေျကာင့္ အဖြားကို ျငင္းလိုက္တယ္။
အဖြားက ဆက္ေျပာတယ္ `အဖြားတို႔ ငယ္ငယ္ေလးတည္းက တစ္မိသားစုလံုး ငွက္ေပ်ာျခံစိုက္တယ္။ငွက္ေပ်ာရြက္နဲ႔ပဲ ထမင္းစားျကတယ္။ က်န္းမာေရးအတြက္ အင္မတန္ ေကာင္းတယ္။ဒီ ငွက္ေပ်ာပင္ တစ္ပင္လံုးက လႊင့္ပစ္ရတယ္လို႔ မရိွဘူးကြဲ႕။´
သူငယ္ခ်င္းမိသားစု နဲ႔ ေန႔လည္စာ စားပီးျပန္ခဲ႔တဲ႔ေနာက္ အိမ္မွာ ေျကြပန္းကန္နဲ႔ ထမင္းစားတဲ႔အခါ ငွက္ေပ်ာရြက္ နဲ႔ စားခဲ႔တဲ႔ ထမင္းရဲ႕ အနံ႕အရသာ ကိုျပန္ေတြးမိတယ္။
ဒါ့ေၾကာင့္ Hotel ေတြ၊ အခ်ိဳ႕စားေသာက္ဆိုင္ေတြမွာ ငွက္ေပ်ာရြက္ ကို လွလွေလး ျဖတ္ပီး ဟင္းလ်ာေတြ ျပင္ဆင္ၾကတာကိုး။
ဒါ့အျပင္ #6 PS (Polystyrene) နဲ႔လုပ္ထားတဲ႔ ေဖာ့ဗူးေတြ ကို စားစရာပူပူေႏြးေႏြးေတြ ထည့္တဲ႔အခါ Styrene ဆိုတဲ႔ ကင္ဆာျဖစ္ေစတဲ႔ အဆိပ္ေတြ ထြက္တယ္။
ဒါ့ေၾကာင့္ အခုဆိုရင္ က်န္းမာေရးအသိရိွတဲ႔ စားေသာက္ဆိုင္ေတြက ေဖာ့ဗူးထဲမွာ အာလူးေျကာ္၊ ပုဇြန္တန္ပူရာ ဖက္ထုပ္ေျကာ္ စတာေတြ မထည့္ခင္ ေအာက္မွာ *ငွက္ေပ်ာရြက္ တစ္ထပ္ ခင္းလာျကပီ။
ဒါက သူတို႔ စားေသာက္ကုန္ ရဲ႕ အနံ႕အရသာ ကို ထိန္းေပးရာလည္း ေရာက္တယ္ေလ…
ဟိုးတုန္းကတည္းက ျမန္မာ့ရိုးရာ ေကာက္ညွင္းေပါင္း၊ ေကာက္ညွင္းထုပ္၊ ငွက္ေပ်ာထုပ္ စတာေတြ၊ ငါးေပါင္း၊ မုန္ညွင္းေပါင္း စတာေတြမွာပါ ငွက္ေပ်ာရြက္ နဲ႔ ထုပ္ပိုးခဲ႔တာ၊ ငွက္ေပ်ာရြက္နဲ႔ ထုပ္ပီး ေပါင္းတာေတြ ရိွတာပဲမဟုတ္လား…
တကယ္က ငွက္ေပ်ာရြက္ မွာ လက္ဖက္စိမ္းထဲမွာပါတဲ႔ Polyphenol ျဒပ္ေပါင္းေတြ အမ်ားျကီးပါတယ္။
အဓိက EGCG ဆိုတဲ႔ Epigallocatechin gallate အရမ္းအစြမ္းထက္တဲ႔ Antioxidant ပါဝင္ေနတယ္။
၂၀၁၁ ခုနွစ္ `Biochemical Pharmacology´ စာတမ္းမွာ EGCG ဟာ အႀကိတ္အဖုေတြ မျကီးထြားေအာင္ တားျမစ္ေပးနိုင္သလို ကင္ဆာ ဆဲလ္ေတြ ေသေအာင္လည္း အားေပးတယ္ လို႔ ေျပာထားပီးသားပါ။
လူတိုင္းလိုလို တေန႔ လက္ဖက္ရည္ျကမ္း ၆ ခြက္ေလာက္ေသာက္ရင္ Catechin , EGCG ရရိွလို႔ ကင္ဆာကာကြယ္မွန္း သိပီးသားပါ။
ဒါေပမဲ႔ ငွက္ေပ်ာရြက္နဲ႔ ခင္းထားတဲ႔၊ ထုပ္ထားတဲ႔၊ ေပါင္းထားတဲ႔ ထမင္းစားလို႔၊ မုန္႔စားလို႔ ငွက္ေပ်ာရြက္ထဲက Antioxidant ေတြ ရေနပါ့လား ဆိုတာ မသိျကဘူး။
EGCG ဟာ ဦးေနွာက္ရဲ႕ မွတ္ဥာဏ္ေတြကို သိမ္းဆည္းထားတဲ႔ Hippocampus မွာ ရိွတဲ႔ Neurons ေတြ အေပၚမွာလည္း သက္ေရာက္မႈရိွတယ္။
ဒါ့ေျကာင့္ ငွက္ေပ်ာရြက္ နဲ႔ ငယ္ငယ္ကတည္းက စားေသာက္ခဲ႔တဲ႔ အဖြားမွာ မွတ္ဥာဏ္မေကာင္းလို႔ ျဖစ္ရတဲ႔ Alzheimers’ ေရာဂါ၊ Parkinson’s ေရာဂါ ေတြ ဘာမွမျဖစ္ဘူး။
ဒါ့အျပင္ အဲ႔ဒီ EGCG ကပဲ နွလံုးနဲ႔ ေသြးလည္ပတ္မႈ၊ ေသြးတိုးေရာဂါ၊ ေလျဖတ္ျခင္း ေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးတယ္ လို႔ ဆိုထားေသးတယ္။
ေရေႏြးျကမ္းလည္း ေသာက္၊ ပလတ္စတစ္ ခြက္ေယာက္ေတြ အစား ငွက္ေပ်ာရြက္ နဲ႔လည္း အစာစားမယ္ ဆိုရင္ေတာ့ အရမ္းကို က်န္းမာေရးအတြက္ အေထာက္အကူျပဳပီေပါ့။
အဓိက က ကင္ဆာျဖစ္ေစတဲ႔ ျကြပ္ျကြပ္အိတ္၊ ေဖာ့ဗူးေတြ နဲ႔ ဟင္းအပူေတြ ထိေတြ႕ျခင္းကေန ငွက္ေပ်ာရြက္ကို အကာအကြယ္အေနနဲ႔လည္း သံုးဖို႔ သင့္တာေပါ့။
Decoration အလွဆင္တဲ႔ေနရာမွာလည္း ငွက္ေပ်ာရြက္က ဆရာျကီးပဲဗ်။ တကၠသိုလ္တက္တုန္းက ထမနဲထိုးပြဲ ျပိဳင္ျကတာ အရသာခ်င္း အတူတူေတာင္ `ငွက္ေပ်ာရြက္ ကို ခင္းပီး အနိုင္ယူသြားတဲ႔ အဖြဲ႕´ ကို သတိရမိေသးတယ္။

ျမန္မာနိုင္ငံကသာ အစားအေသာက္ေတြကို တည္ခင္းတဲ႔အခါ ထုပ္ပိုးတဲ႔အခါ ငွက္ေပ်ာရြက္သံုးတာ ရွားရွားလာတာ…
အျခား အိႏၵိယ၊ မေလးရွား၊ စကၤာပူ၊ မဂၢဆီကို၊ ဟာဝိုင္ရီ၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ ဂ်ာဗား၊ အေမရိကအလယ္ပိုင္း အားလံုးမွာ ငွက္ေပ်ာပင္က ျမန္မာေလာက္ မေပါေပမဲ႔ အရမ္းကို အသံုးျပဳျကတာ။
သူတို႔က ငွက္ေပ်ာရြက္ ထဲက အစာအိမ္ကင္ဆာ၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာ၊ ရင္သားကင္ဆာ၊ အူမႀကီးကင္ဆာ စတာေတြကို ကာကြယ္ေပးတဲ႔ EGCG ပါဝင္ေနတာကို ေကာင္းေကာင္းသိလာျကလို႔ေပါ့။
ေနာက္ပီး ငွက္ေပ်ာရြက္ျပဳတ္ရည္ဟာ ေက်ာက္ကပ္ေရာဂါ အမ်ိဳးမ်ိဳးအတြက္လည္း အသံုးျပဳနိုင္တယ္လို႔ ဆိုျကေသးတယ္။
က်ေနာ္ကေတာ့ မတၱရာက ငွက္ေပ်ာျခံပိုင္ရွင္ အဖြားကို အရမ္း ေက်းဇူးတင္မိပါတယ္။အဖြားက ကင္ဆာကာကြယ္တဲ႔ ေဆးဖက္ဝင္ ငွက္ေပ်ာရြက္ရယ္လို႔ မသိေပမဲ႔ `သဘာဝ အတိုင္းစားေသာက္တာဟာ က်န္းမာေရးအတြက္ အရမ္းေကာင္းတယ္´ ဆိုေတာ့ သူမရဲ႕ ၉၀ ေက်ာ္အသက္အရြက္က သက္ေသျပခဲ႔တာပဲေလ။
ေက်းဇူးတင္ပါတယ္…
ဆက္လက္ျကိဳးစားသြားပါဦးမည္။