ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့်အကြောင်းရင်းများတွင် အဓိကကျသည်မှာ အနေအထိုင်၊ အစားအသောက် မှားယွင်းခြင်းပင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းစသည့် ကင်ဆာအားပေးအပြုအမူများကို ရှောင်ကြဉ်ကြရပါမည်။ အစားအစာနှင့်ပတ်သက်လျှင် ကင်ဆာအားပေးသောအစားအစာများကို ရှောင်ကြဉ်ပြီး ကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်သောအစားအစာများကို နေ့စဉ်စားပေးမည်ဆိုလျှင် ကင်ဆာဖြစ်ရန် အလားအလာလျော့နည်းမည်ဖြစ်ပါသည်။ ယင်းတို့အနက် မင်းကွတ်သီးဖျော်ရည်သည်လည်း ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်စွမ်းရှိသောကြောင့် မကြာခဏသောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါသည်။

သာမန်အားဖြင့် မင်းကွတ်သီး၏အတွင်းသား (White flesh) ကိုသာ စားလေ့ရှိကြပြီး ဆေးဖက်ဝင်သည့်အပြင်အခွံကိုမူ စားလေ့မရှိကြပါ။ ထို့ကြောင့် ဖျော်ရည်လုပ်သောက်မှ အဆင်ပြေပါသည်။ အတွင်းသားကို ဇွန်းဖြင့်ဖယ်လိုက်လျှင် အပြင်အခွံများ ကျန်ရှိပါမည်။ ယင်းအခွံတွင် အပြင်ပိုင်းမာကျောသည့်အခွံနှင့် အတွင်းပိုင်းပျော့သည့်အခွံဟူ၍ (၂) ပိုင်းရှိသည်။ အပြင်ပိုင်းအခွံအမာသားသည် အလွန်ခါးသည့်အတွက် အတွင်းပိုင်း ပျော့သည့်အခွံကိုသာ ဇွန်းဖြင့်ခြစ်ယူပြီး အဖြူရောင်အတွင်းသား (White flesh) နှင့်ရောကာ ရေနွေးဖြင့်ဖျော်ပြီးနောက် သစ်သီးမွှေဖျော်စက်ထဲတွင်ထည့်မွှေ၍ သောက်သုံးရပါမည်။ အနံ့အရသာ ပိုကောင်းစေချင်လျှင် ပျားရည်၊ ထောပတ်သီးအနှစ် အနည်းငယ် ထည့်ပေးနိုင်ပါသည်။ သို့မဟုတ် နွားနို့နှင့်လည်း ဖျော်သောက်နိုင်ပါသည်။

ယေန႔ ကၽြန္ေတာ္တို့နိုင္ငံတြင္ ကင္ဆာေရာဂါျဖစ္ပြားသည့္ႏွုန္းမွာ တျဖည္းျဖည္း ျမင့္တက္လာေနပါသည္။ ကင္ဆာျဖစ္ရသည့္အေၾကာင္းရင္းမ်ားတြင္ အဓိကက်သည္မွာ အေနအထိုင္၊ အစားအေသာက္ မွားယြင္းျခင္းပင္ျဖစ္သည္။ ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္း၊ အရက္ အလြန္အကၽြံေသာက္ျခင္းစသည့္ ကင္ဆာအားေပးအျပဳအမူမ်ားကို ေရွာင္ၾကဥ္ၾကရပါမည္။ အစားအစာႏွင့္ပတ္သက္လၽွင္ ကင္ဆာအားေပးေသာအစားအစာမ်ားကို ေရွာင္ၾကဥ္ၿပီး ကင္ဆာကို ကာကြယ္တိုက္ဖ်က္နိုင္ေသာအစားအစာမ်ားကို ေန႔စဥ္စားေပးမည္ဆိုလၽွင္ ကင္ဆာျဖစ္ရန္ အလားအလာေလ်ာ့နည္းမည္ျဖစ္ပါသည္။ ယင္းတို့အနက္ မင္းကြတ္သီးေဖ်ာ္ရည္သည္လည္း ကင္ဆာမျဖစ္ေစရန္ ကာကြယ္နိုင္စြမ္းရွိေသာေၾကာင့္ မၾကာခဏေသာက္သုံးသင့္ပါေၾကာင္း အႀကံျပဳေျပာၾကားလိုပါသည္။

သာမန္အားျဖင့္ မင္းကြတ္သီး၏အတြင္းသား (White flesh) ကိုသာ စားေလ့ရွိၾကၿပီး ေဆးဖက္ဝင္သည့္အျပင္အခြံကိုမူ စားေလ့မရွိၾကပါ။ ထို့ေၾကာင့္ ေဖ်ာ္ရည္လုပ္ေသာက္မွ အဆင္ေျပပါသည္။ အတြင္းသားကို ဇြန္းျဖင့္ဖယ္လိုက္လၽွင္ အျပင္အခြံမ်ား က်န္ရွိပါမည္။ ယင္းအခြံတြင္ အျပင္ပိုင္းမာေက်ာသည့္အခြံႏွင့္ အတြင္းပိုင္းေပ်ာ့သည့္အခြံဟူ၍ (၂) ပိုင္းရွိသည္။ အျပင္ပိုင္းအခြံအမာသားသည္ အလြန္ခါးသည့္အတြက္ အတြင္းပိုင္း ေပ်ာ့သည့္အခြံကိုသာ ဇြန္းျဖင့္ျခစ္ယူၿပီး အျဖဴေရာင္အတြင္းသား (White flesh) ႏွင့္ေရာကာ ေရေႏြးျဖင့္ေဖ်ာ္ၿပီးေနာက္ သစ္သီးေမႊေဖ်ာ္စက္ထဲတြင္ထည့္ေမႊ၍ ေသာက္သုံးရပါမည္။ အနံ့အရသာ ပိုေကာင္းေစခ်င္လၽွင္ ပ်ားရည္၊ ေထာပတ္သီးအႏွစ္ အနည္းငယ္ ထည့္ေပးနိုင္ပါသည္။ သို့မဟုတ္ ႏြားနို့ႏွင့္လည္း ေဖ်ာ္ေသာက္နိုင္ပါသည္။

Today, the incidence of cancer in our country is rising. The main causes of cancer are: It is the wrong diet. Smoking Chewing betel nut Avoid alcohol-related behaviors such as alcohol abuse. When it comes to food, avoid foods that offer cancer and eat foods that fight cancer every day. It is recommended that you juice should be taken frequently, as your apple juice also has the ability to prevent cancer.

Normally, they eat only the flesh of the egg, not the medicinal herbs, and the shells. So it’s good to make a drink. Removing the inner part with a spoon will remove the outer shell. It has two outer shells and one inner hard shell. The outer shell is very bitter, so the inside is sliced with a spoon, mixed with white flesh and then boiled in a fruit mixer. If you want a better aroma, honey, honey Can add a few years of butter. Or drink with milk.