သင့်အိမ်မှာဒီလို၂၀လီတာရေသန့်ဘူးကြီးတွေအသုံးပြုနေမိရင်နေပူထဲတွင်ရေသန့်ဘူးကြာရှည်စွာထားပါကကော်ဘူးသည်အပူနှင့်ဓာတ်ပြုပြီးကင်ဆာဖြစ်ပွားနိုင်သည်ကိုရေသန့်
ဘူးသောက်သုံးသူများအနေနှင့်သတိပြုသင့်ကြောင်းမြန်မာနိုင်ငံစားသုံးသူများကာကွယ်ရေးအသင်းမှဥက္ကဋ္ဌဦးဗအုပ်ခိုင်ကမေလ၂၀ရက်တွင်အကုန်သိသတင်းဌာနသို့

ပြောသည်အခုလိုနေပူတဲ့ကာလမှာဆိုပိုဆိုးတယ်အအုပ်အဆောင်းမပါဘဲနေပူထဲရေသန့်ဘူးတွေလိုက်ပို့တယ်နေပူထဲဒီရေသန့်ဘူးကြာကြာထားရင် အပူနဲ့ဓာတ်ပြုပြီးကော်ဘူးက
ရေထဲပျော်ဝင်ပြီးဒါကိုလူကသောက်မိရင်ကင်ဆာဖြစ်တတ်တယ်လိုက်ပို့တဲ့သူကလည်းအအုပ်အဆောင်းနဲ့ရေသန့်ဘူးကိုပို့သင့်တယ်သောက်သုံးသူကလည်း ဒါကိုသတိပြုသင့်တယ်
ဟု၎င်းကပြောသည်လက်ရှိတွင်ရေသန့်ဘူးများကိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်းရေသန့်စက်ရုံများကိုအိမ်နှင့်မတွဲရဘဲ ရေသန့်စက်ရုံ

မှာသီးသန့်ဖြစ်ရမည်ဟုစည်းကမ်းသတ်မှတ်ထားကြောင်းသိရသည်တချို့ကလည်းထောက်ခံချက်ရတယ်ဆိုပြီးထုတ်ပေမယ့်တကယ်တမ်းရေသန့်မှာကျတော့ရေကမသန့်တော့ဘူး
ဥပမာဈေးကွက်ထဲက1လီတာရေသန့်ဘူးတွေကသောက်သုံးလို့စိတ်ချရပေမယ့်ဒီလိုလီတာ၂၀ရေသန့်ဘူးကြီးတွေမှာ ရေသန့်ဘူးတွေဟောင်းနေတာ၊ရေသန့်ဘူးထဲရေညှိတွေတက်နေ

တာနောက်နေပူထဲလိုက်ပို့တာဒါတွေရှိတယ်အဓိကFDAကစစ်တာကတော့ရေသန့်ထဲဝမ်းကိုက်ပိုးတို့အီကိုလိုင်ပိုးတို့ပါမပါပေါ့။ရေသန့်မသန့်စစ်တယ်ဒါပေမဲ့မြို့စွန်ကရေသန့်
ထုတ်လုပ်မှုအပိုင်းကတော့သန့်ရှင်းမှုအပိုင်းမှာအားနည်းနေတယ်ဟုဦးဗအုပ်ခိုင်ကပြောသည်Credit:မင်းသီဟန်(အကုန်သိသတင်းဌာန)