မနေ့ကညစာသွားစားတဲ့ဆိုင်ကဝိတ်တာညီလေးတစ်ယောက်ကမေးတယ်အကို ကမ္ဘာမှာအကောင်းဆုံးကားကဘာကားလဲတဲ့အကို့ကားပဲညီလေးဆိုတော့ဘယ်ကားလဲတဲ့အဲဒါနဲ့ရပ်ထားတဲ့Alphardလေးကိုလက်ညှိုးထိုးပြလိုက်တယ်
ဟာအကို့ဟာAlphardကြီးလေတဲ့ဘယ်လိုလုပ်ကမ္ဘာအကောင်းဆုံးကားဖြစ်မှာလဲတဲ့လန်ဘော်ဂီနီတို့ဖာရာရီတို့ကကမ္ဘာ့အကောင်းဆုံးကားတွေမဟုတ်ဘူးလားတဲ့Alphardတော့မဟုတ်လောက်ပါဘူးတဲ့ကျွန်တော်သူ့မေးခွန်းကိုထပ်
မဖြေသေးပဲနဲ့သူ့ကိုမေးခွန်းတစ်ခုပြန်မေးလိုက်တယ်ကမ္ဘာပေါ်မှာအကောင်းဆုံးအင်္ကျီမြင်ဖူးလားလို့မေးတော့မမြင်ဖူးဘူးတဲ့ဒီအင်္ကျီပဲလို့ပြောတော့သူကမေးတယ်ဘယ်လောက်ပေးရလဲတဲ့ဘတ်တစ်ရာညီလေးလို့မြန်မာငွေနဲ့ဆို၈၀၀၀ကျပ်လို့
ဒါပေမယ့်ကမ္ဘာပေါ်မှာအကောင်းဆုံးပဲဆိုတော့ချာတိတ်ကရယ်သွားတယ်ဒီဘဲကြီးငါ့ကိုလာစားနေတယ်ထင်သွားပုံရတယ်ကျွန်တော်သူ့ကိုထပ်မေးတယ်ကမ္ဘာပေါ်မှာအကောင်းဆုံးဖုန်းကောညီလေးသိလားဆိုတော့အကို့ဖုန်းမလားတဲ့
ပြောပြီးရယ်နေတယ်အေးမင်းတော်လာပြီလို့ပြောရင်းနဲ့သူ့ကိုပြန်ရှင်းပြဖြစ်တယ်ညီလေးလက်မှာပတ်ထားတဲ့နာရီလေးဘယ်လောက်ပေးရလဲဆိုတော့ခြောက်ထောင်တဲ့ဝယ်ထားတာခုနှစ်လရှိပြီတဲ့အေးအဲဒါကမ္ဘာပေါ်မှာအကောင်းဆုံးနာရီပဲလို့
ဘာဖြစ်လို့လဲဆိုတော့မင်းပိုင်ဆိုင်ထားပြီးမင်းလက်မှာမင်းပတ်ခွင့်ရနေလို့လို့ညီလေးလက်ကတက်တူးကကောဘယ်လောက်ပေးရလဲဆိုတော့ဘုရားပွဲစျေးမှာထိုးတာတဲ့တစ်သောင်းကျော်ကျတယ်တဲ့အေးအဲဒါကမ္ဘာပေါ်မှာ
အကောင်းဆုံးတက်တူးပဲလို့ဘာဖြစ်လို့လဲဆိုတော့မင်းခန္ဓာကိုယ်ပေါ်မှာရှိခွင့်ရနေလို့လို့ညီလေးစီးထားတဲ့ဖိနပ်ကောဘယ်လောက်လဲဆိုတော့ခြောက်ထောင်တဲ့ရေစိုခံလို့ဝယ်ထားတာတဲ့အေးအဲဒါလည်းကမ္ဘာပေါ်မှာအကောင်းဆုံးဖိနပ်ပဲလို့
ဘာလို့လဲဆိုတော့မင်းပိုင်ဆိုင်တဲ့ဖိနပ်ဖြစ်နေလို့ပဲလို့ဆိုတော့ကောင်လေးခဏငိုင်ကျသွားတယ်နောက်တော့မှကျွန်တော်သိပြီတဲ့ကျွန်တော်မှာမရှိတဲ့အရာထက်ရှိနေတဲ့အရာကပိုတန်ဖိုးရှိတယ်အကိုပြောတာတဲ့ကျေးဇူးတင်ပါတယ်ဗျာတဲ့
ကျွန်တော်တို့တွေရဲ့ပြသနာအများစုကကကိုယ့်မှာရှိတာတွေကိုတန်ဖိုးမထားပဲမရှိတဲ့အရာတွေကိုတန်ဖိုးထားမိတာကိုယ်နေတဲ့အိမ်ကိုယ်လုပ်နေတဲ့အလုပ်ကိုယ်စီးနေတဲ့ကားကိုယ့်ရဲ့လက်တွဲဖော်ကိုယ့်မိသားစုစသဖြင့်ပေါ့
အနားမှာရှိတဲ့သူတွေကိုယ်ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာအာရုံစိုက်ဖို့ထက်ကိုယ့်မှာ မရှိတဲ့အရာတွေပေါ်ပိုပြီးအာရုံစိုက်မိနေကြတာကိုယ့်မိသားစုမှာပြသနာရှိပေမယ့် တစ်ခြားလူတစ်ယောက်ရဲ့ပြသနာမရှိဘူးလို့အပေါ်ယံထင်ရတဲ့
မိသားစုကိုအားကျနေတယ်ကိုယ့်မှာရှိနေတဲ့ဆိုင်ကယ်လေးထက်ပိုပြီးစျေးကြီးပြီး လူကြိုက်များတဲ့ဆိုင်ကယ်ကိုပိုတန်ဖိုးထားမိတယ်ကိုယ့်မှာရှိနေတဲ့လက်တွဲဖော်ထက်ပိုချောတယ်လို့ထင်ရတဲ့သူတစ်ဦးကိုပိုတန်ဖိုးထားမိတယ်
ကိုယ့်အလုပ်ထက်အဆင်ပိုပြေနေတယ်လို့ထင်နေရတဲ့သူများအလုပ်ကိုပိုလုပ်ချင်မိတယ်လူ့သဘာဝကလူတိုင်းအကောင်းကြိုက်ပါတယ်ပိုကောင်းမယ်လို့ထင်ရတဲ့အရာကိုပဲဘယ်သူမဆိုလိုချင်မိကြတာမမှားပါဘူးတစ်ခါတစ်ခါကျ
ပိုကောင်းတဲ့အရာတွေကိုအာရုံစိုက်တာများသွားပြီးရှိနေတာတွေကိုတန်ဖိုးမထားမိတာတွေဖြစ်တတ်ပါတယ်ဒါကိုသတိမထားမိခဲ့လို့ရှိနေတဲ့အရာတွေပါဆုံးရှုံးသွားတဲ့ လူတွေလည်းဒုနဲ့ဒေးနဲ့ပါပဲပိုကောင်းတဲ့အရာတွေကိုမျှော်လင့်တာ
မမှားပေမယ့်ရှိနေတဲ့အရာတွေကိုလည်းတန်ဖိုးထားဖို့မေ့နေကြမှာစိုးလို့မေတ္တာနဲ့သတိပေးချင်တာပါကမ္ဘာပေါ်မှာအကောင်းဆုံးကားကသင်စီးနေတဲ့ကားပါကမ္ဘာပေါ်မှာအကောင်းဆုံးစက်ဘီးကသင်ပိုင်ဆိုင်ထားတဲ့စက်ဘီးလေးပါ
ကမ္ဘာပေါ်မှာအကောင်းဆုံးချစ်သူကသင့်အနားမှာရှိတဲ့သင့်ချစ်သူပါကမ္ဘာပေါ်မှာ အကောင်းဆုံးမိသားစုကသင့်ကိုချစ်တဲ့သင့်မိသားစုပါကမ္ဘာပေါ်မှာအတော်ဆုံးလူကသင်ကိုယ်တိုင်ပါပဲ