ကမ္ဘာ့ရွှေဈေးကျပေမယ့် ပြည်တွင်း ရွှေဈေးပြည်တွင်းရွှေဈေး၂၃ သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာဈေးက၂၇၀၀အထိ ဈေးပေါက်နေကမ္ဘာရွှေဈေးကဆက်တိုက်ကျနေပေမယ့် ပြည်တွင်း ရွှေဈေးနူန်းကတကျပ်သားကို၂၃သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာဈေးက ၂၇၀၀ အထိ ဈေးပေါက်နေတယ်လို့သိရပါတယ်။

YGEAရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ရည်ညွန်းဈေးကရွှေတကျပ်သားကိုသိန်း၂၀၆၀၀၀၀ကျပ်သာရှိပြီးပြင်ပပေါက်ဈေက၂၃၄၀၀၀၀ကျပ်အထိရှိနေတာဖြစ်ပါတယ်အပြင်မှာသူတို့ဈေးဘယ်သူမှရောင်းဝယ်မရှိဘူး

အခုပေါက်တာ၂၃၄၀၀၀၀ရှိတယ်။တဆိုင်နဲ့တဆိုင်တော့မတူဘူးကြိုက်ဈေးလိုဖြစ်နေ”လို့ ရွှေဆိုင်ပိုင်ရှင်တဦးကပြောပါတယ်YGEAဥက္ကဋ္ဌဦးမျိုးမြင့်ကတော့အခုလိုရွှေဈေး၊ဒေါ်လာဈေးအဆမတန်မြင့်တက်နေတာဟာနိုင်ငံရေး

အခြေအနေပေါ်လိုက်ပြီး ကောလဟာလသတင်းတွေဖြန့်ကာ ဈေးကစားနေကြတာဖြစ်တယ်လို့ ပြောပါတယ်အဲ့ဒါကရန်ကုန် ဈေးမဟုတ်ဘူးမန္တလေးမှာပေါက်တဲ့ဈေးမန္တလေးမှာတအားအဝယ်လိုက်နေတယ်ရန်ကုန်မှာလျှောက်ပြောနေတာ

မပေါက်ပါဘူးအပြင်မှာ ဈေးကစားတာကိုသွားပြီးတော့အပြင်မှာ၂၃သိန်းပေါက်လို့၂၃သိန်းတင်ပေးပါလို့ ပြောလို့မရဘူးအိန္ဒိယဘက်ဈေးရှိတယ်မဲဆောက်ငွေလဲနူန်းရှိတယ်အမှန်တကယ် ဒေါ်လာဈေးရှိတယ်ကမ္ဘာ့ရွှေဈေးက

တောက်လျှောက်ကျနေတာအသင်းရဲ့ရည်ညွန်ဈေးပေါ်မှာ၅၀၀၀ ၁၀၀၀၀ တင်ရောင်းကြတာတော့ရှိတယ်အဲ့ဒါကလည်းဝန်ထမ်းစရိတ်ဆိုင်ခန်းစရိတ်အဲ့ဒါအတွက်ကိုတင်ရောင်းကြတာပေါ့။ဒီမှာကနိုင်ငံရေးကောလဟာလတွေနဲ့

ဖြန့်နေတာ။ နောက်ပြီး ဒေါ်လာဈေး၂၈၀၀ဆိုတာလည်းမဟုတ်ဘူးလို့ YGEAဥက္ကဋ္ဌက ပြောပါတယ်ရွှေဆိုင်တွေအနေနဲ့ ရွှေဈေးကိုဒေါ်လာဈေး၂၄၀၀၊၂၅၀၀နူန်းနဲ့တွက်ချက်ပြီး ရောင်းဝယ်နေကြတာဖြစ်လို့ ဈေးကကမ္ဘာ့ရွှေ

ဈေးကျပေမယ့် ပြည်တွင်း ရွှေဈေးတက်နေတာဖြစ်ကြောင်းတကယ်လို့YGEAအသင်းဝင်ဆိုင်တွေအနေနဲ့ ဈေးကစားရောင်းချတာဆိုရင်အသင်းကိုတိုင်ကြားနိုင်တယ်လို့လည်း ပြောပါတယ်ဒါ့အပြင်ဌာနဆိုင်ရာကလည်း ရွှေဈေးကစား

တာတွေနဲ့ပတ်သက်ပြီးရွှေဆိုင်တွေကိုလိုက်စစ်ဖို့ရှိတယ်လို့လည်းသိရပါတယ်ဗဟိုဘဏ်ကဒေါ်လာသုံးစွဲခွင့်တွေကိုကန့်သတ်လိုက်ပြီးတဒေါ်လာကို၁၈၅၀ကျပ်နဲ့လဲလှယ်ရမယ်လို့သတ်မှတ်တာတွေသက်မှတ်လိုက်ပြီးနောက်ပိုင်းဒေါ်လာဈေးက

ကြိုက်ရောက်ကြိုက်ဝယ်ဖြစ်ကာတဒေါ်လာ၂၇၀၀အထိမြင့်တက်ပြီး ရွှေဈေးကလည်းရည်ညွန်းဈေးထက်အဆမတန်မြင့်တက်သွားတာဖြစ်တယ်လို့သိရပါတယ်နစကပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်ကတော့ပြည်တွင်းဒေါ်လဈေးကွက်မှာ

ဒေါ်လာဈေးမြင့်တက်နေမှုကိုထိန်းညှိနိုင်ရေးအတွက်လက်ရှိကမ္ဘာ့ပေါက်ဈေးနဲ့ချိန်ညှိလုပ်ဆောင်နေတယ်လို့ဒီနေ့ဇူလိုင်၂၆ရက်ကပြုလုပ်တဲ့နစကသတင်းစာရှင်းလင်းပွဲမှာလည်း ပြောဆိုခဲ့တာလည်းရှိပါတယ်