ကလေးငယ်တွေကိုဒီလိုပုံစံထိုင်နေတာတွေ့ရင်ချက်ခြင်း တားမြစ်သင့်ပါတယ်သင့်ရဲ့ပတ်ဝန်းကျင်မှာကလေးငယ်တစ်ဦးကခြေနှစ်ဖက်ကိုအင်္ဂလိပ်အက္ခရာWပုံစံလုပ်ပြီးထိုင်နေတာ

မျိုးမြင်ဖူးပါလိမ့်မယ်ဒါမှမဟုတ်သင်ကိုယ်တိုင်လည်းငယ်ငယ်ကဒီလိုထိုင်ခဲ့ဖူးပါလိမ့်မယ်ဒီလိုထိုင်နေတဲ့ကလေးငယ်တစ်ဦးကိုမြင်လိုက်ရင်တော့ချက်ခြင်းရပ်တန့်ပစ်ဖို့ပြော

သင့်ပါတယ်ဒီပုံစံဟာ ကျန်းမာရေးအတွက်အတော်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါဆရာဝန်တွေရဲ့ထောက်ပြချက်အရကလေးငယ်တစ်ဦးကဒီလိုပုံထိုင်နေခြင်းဟာခန္ဓာကိုယ်အောက်ပိုင်း

အရိုးတွေအတွက်အတော်စိုးရိမ်စရာကောင်းပါတယ်ငယ်ရွယ်စဉ်ခန္ဓာကိုယ်ဖွံ့ဖြိုးနေတုန်းမှာဒီလိုထိုင်တဲ့အခါတင်ပါးရိုး၊ဒူးရိုးနဲ့ခြေမျက်စိကိုထိခိုက်ဖို့ရာခိုင်နှုန်းအရမ်းများပါတယ်

ဒူးဆစ်နေရာမှာရှိတဲ့အရိုးနှစ်ခုဆုံချက်ဟာဒီလိုထိုင်လိုက်တဲ့အတွက်ဟန်ချက်ပျက်သွားလေ့ရှိပါတယ်အကျိုးဆက်ကတော့ကြီးလာတဲ့အခါအခြားကလေးငယ်တွေလိုအားကစား

လှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တာပါပဲဘောလုံးကစားတာလိုမျိုးလျင်လျင်မြန်မြန်လှုပ်ရှားရတဲ့နေရာတွေမှာ ကစားနိုင်မှာမဟုတ်တာပါပဲဒါကြောင့်ဒီပုံစံထိုင်နေတဲ့ကလေးငယ်တွေ့ရင်ချက်ခြင်းတားမြစ်ရမှာပါcredit