ကလေးနဲ့ဒုံးကျည်ကလေးတွေဖျားရင် ဆေးတိုက်ရခက်တာ ဆေးတိုက်လို့မရတာခနခနဖြစ်မှာပေါ့နော်ဖျားရင်paracetamol ကိုသူ့ရဲခန္ဓာကိုယ်အလေးချိန်အလိုက်၆ နာရီခြားတစ်ခါသေချာဝင်အောင်တိုက်ပေးဖို့အရေးကြီးပါတယ်

ဒီတော့ ဆေးလုံးဝတိုက်လို့မရတဲ့ကလေးတွေဆိုဘယ်လိုလုပ်ကြမလဲPara suppoလို့ခေါ်တဲ့ဒုံးကျည်ထည့်ပေးလို့ရပါတယ်အရင်က ဆေးခန်းလာပြတဲ့ကလေးလေးတစ်ယောက်ကတော့ဒုံးကျည်ထည့်လိုက်ရင်သူပါမိုးပေါ်ပျံ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သွားမှာလားလို့မေးဖူးတယ်ချစ်စရာလေးနော်Para suppoကလဲကလေးရဲ့အလေးချိန်နဲ့လိုက်ပြီးထည့်ပေးနိုင်ရင်အကောင်းဆုံးပေါ့125နဲ့ 250ဆိုပြီးရှိတဲ့ထဲမှာကလေး၃နှစ်အောက်ဆို125၃နှစ်အထက်ဆို250ဆိုပြီး

အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်Para suppoဘယ်လိုထည့်မလဲSuppoကို ရေခဲသေတ္တာလို အေးတဲ့နေရာမှာထားပါ။ဒါမှခဲနေပြီး ထည့်လို့အဆင်ပြေမှာပါပြီးရင်ဖွင့်ပြီးထည့်မဲ့သူရဲ့လက်ညှိုးထိပ်မှာအိမ်မှာရှိတဲ့

ဆီ(အုန်းဆီ/သံလွင်ဆီ)သုတ်ပြီးpara suppo ကိုကိုင်ပြီးကလေးရဲ့စအိုထဲကိုထည့်ပေးပါနော်ဒါပါပဲသိပ်လွယ်ပါတယ်Para suppo သေချာထည့်နိုင်ရင် paraအရည်အခဲတိုက်စရာမလိုပါဘူးနော်ကလေးရဲ့ခန္ဓာကိုယ်အလေးချိန်

များနေပြီးထည့်တဲ့parasuppoက125ဆိုရင်တော့paracetamol dose လိုအပ်နေသေးတာမို့ ပါးစပ်က ထပ်တိုက်ဖို့လိုပါလိမ့်မယ်ကလေးတွေဖျားရင်မှိန်းတတ်တာလဲ သဘာဝပါဒါပေမဲ့ သွေးလွန်တုပ်ကွေးဖြစ်ရင်လဲ

မှိန်းတတ်လို့ရိုးရိုးနေမကောင်းတာလား သွေးလွန်တုပ်ကွေးကြောင့်လားဆိုတာတော့ခွဲပြီးသိဖို့လဲလိုပါတယ်နော်ဒီတော့ကလေးဖျားရင်paraဝင်အောင်တိုက်ပါတိုက်လို့မရရင်ဒုံးကျည်ထည့်ချွေးထွက်လာရင်အကျီလဲ ချွေးသုတ်ပေးရေပတ်တိုက်ပါဓာတ်ဆားရည်တိုက်ပါအားရှိတဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အရည်များများဝင်အောင်တိုက်ပါဆန်ပြုတ်ထမင်းပျော့ပျော့ကျွေးနိုင်ပါတယ်ကလေးတွေဖျားတာဟာ၃ရက်ညကနေ၅ရက်လောက်ထိကြာတတ်လို့အမြန်သက်သာအောင်ဆိုပြီး ဆေးမထိုးပါနဲ့ရိုးရိုးတုပ်ကွေးမိပြီးဖျားတာအတွက်ကတော့ဆေးထိုးဖို့(လုံးဝ)မလိုအပ်ပါဘူးလို့နော်credit