ကျရိပ်သန်းနေသည့်စက်သုံးဆီ ဈေးနှုန်းများတစ်ပတ်အကြာတွင်အတက်ဘက်သို့ ပြန်ရောက်၊တစ်လီတာ၁၀၀ ကျော် ပြန်တက်ပြည်တွင်းစက်သုံးဆီဈေးကွက်တွင်အကျဘက်သို့ ရောက်နေရာမှတစ်ပတ်နီးပါးအကြာတွင်ဈေးပြန်တက်ခဲ့ကြောင်း
ပြည်တွင်းစက်သုံးဆီ ဈေးကွက်မှသိရသည်စက်တင်ဘာလ(၁၅)ရက်မှစတင်ကာတစ်လီတာ (၂၂၀၀)ကျပ်အောက် ရောက်ခဲ့သည့်စက်သုံးဆီဈေးနှုန်းသည်ယနေ့စက်တင်ဘာလ (၂၁)ရက်တွင်တစ်လီတာ(၂၂၉၀)ကျပ်သို့ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်
OPECနိုင်ငံများအနေဖြင့် ရေနံကိုပုံမှန်ခွဲတမ်းထက်လျှော့ထုတ်သွားမည်ဆိုသည့် သတင်းများကြောင့်ပုံမှန်ကျရိပ်သန်းနေသည့်စက်သုံးဆီဈေးနှုန်းမှာအတက်ဘက်သို့ပြန်လည်ဦးတည်လာခြင်း ဖြစ်ကြောင်းလည်းပြည်တွင်းရှိကျွမ်းကျင်သူအချို့ကသုံးသပ်ကြသည်။
ဒေါ်လာဈေးနှုန်းမတည်မငြိမ်ဖြစ်ပေါ်ခဲ့သည့်ပြီးခဲ့သည့်လပိုင်းအတွင်းက ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင်92တစ်လီတာလျင်ကျပ်၃၀၀၀ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးအစိုးရကဝင်ရောက်ထိန်းချုပ်ရသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်
လက်ရှိတွင် ပြည်တွင်းရှိစက်သုံးဆီတင်သွင်းသူများအား ဒေါ်လာထုတ်ချေးသည့်အစီအစဉ်အပြင်အစိုးရက ပြည်ပမှစက်သုံးဆီတင်သွင်းခြင်းများလုပ်ဆောင်ကာစက်သုံးဆီဈေးနှုန်းကျဆင်းစေရန်လုပ်ဆောင်လျက်ရှိသည်။
ယင်းသို့စက်သုံးဆီတင်သွင်းမှုများလုပ်ဆောင်လျက်ရှိရာတွင်အစိုးရအနေဖြင့်ရုရှနိုင်ငံမှဝယ်ယူထားသည့်စက်သုံးဆီများမကြာမီရက်ပိုင်းအတွင်းမြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ပြီးပြည်သူလူထုနှင့်သက်ဆိုင်သည့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို
အဓိကထားဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်ယနေ့ စက်တင်ဘာလ၂၁ရက်စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ရန်ကုန်အထိုင်ရည်ညွှန်းစက်သုံးဆီဈေးနှုန်းများမှာ
92တစ်လီတာ၂၂၉၀ကျပ်95တစ်လီတာ၂၃၇၀ကျပ်ဒီဇယ်တစ်လီတာ၂၇၄၅ကျပ်ပရီမီယံဒီဇယ်တစ်လီတာ၂၈၃၀ကျပ်ဖြစ်ပြီးယမန်နေ့ ဈေးနှုန်းများထက်တစ်လီတာလျင်၁၀၀ကျပ်ကျော် မြင့်တက်လာခြင်း ဖြစ်သည်