စက်သုံးဆီဈေး မြင့်ဆဲမို့ကျပ်၅၀၀မှ၂၀၀၀အတွင်းသာအဝေးပြေးယာဉ်စီးခ တိုးမြှင့်ကောက်ခံပြည်တွင်းစက်သုံးဆီလက်လီရောင်းဈေးဟာကျပ် ငွေ၂၀၀၀ အောက်သို့မကျသေးပါဘူးအဲလိုကျပ်၂၀၀၀ အောက် ဈေးနှုန်းမကျသေးတဲ့

အခြေအနေတွေကြောင့်စက်သုံးဆီပေါ်မှီခိုမှုပြုနေရတဲ့အဝေး ပြေးယာဉ်လိုင်းတွေလည်းယာဉ်စီးခတိုးကောက်ခံလာတဲ့အခြေအနေလို့ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က

နိုင်ငံပိုင်သတင်းစာကနေ ပြောဆိုထားပါတယ်လက်တလောစက်သုံးဆီဈေးမြင့်နေပေမယ့်လည်းယာဉ်စီးခလက်မှတ်တွေကိုတော့ယခင်ရောင်းဈေး၂ဆ၊၃ဆထိ မြင့်တက်ကောက်ခံတာမျိုးမဟုတ်ဘဲအရင်ကောက်ခံတဲ့လက်မှတ်

ရောင်းဈေးထက်ကျပ်၅၀၀ကနေ၂၀၀၀အတွင်းတိုးမြှင့်ကောက်ခံထားတယ်လို့သိရပါတယ်စက်သုံးဆီဈေးနှုန်းမြင့်ပေမယ့်၂ဆ၃ဆတက်သွားတာမျိုးမဟုတ်ပါဘူးတစ်လိုင်းနဲ့တစ်လိုင်းမတူပေမယ့်အရင်ကောက်ခံဈေးနှုန်းထက်

ကျပ်၅၀၀ကနေ ငွေကျပ်၂၀၀၀အတွင်းတိုးမြှင့်ကောက်ခံနေပါတယ်လို့YRTCမှ ကော်မတီဝင်တစ်ဦးက ပြောပါတယ်စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ေးကော်မတီရဲ့ဇူလိုင်၆ရက်ထုတ်နိုင်ငံပိုင်

သတင်းစာမှစက်သုံးဆီဈေးနှုန်းထုတ်ပြန်သတ်မှတ်မှုမှာလည်းရန်ကုန်မန္တလေးလက်လီ ဈေးကွက်မှာဓာတ်ဆီ92တစ်လီတာ ငွေကျပ်၂၀၀၀အထက်မှာရှိနေသလို95တစ်လီတာကျပ်၂၂၀၀အထက်မှာရှိနေတာပါအဲဒါအပြင်

ဒီဇယ်ဈေးနှုန်းမှာလည်းတစ်လီတာ ငွေကျပ်၂၄၀၀အထက်မှာရှိနေတယ်လို့သိရပါတယ်အခုလမှာအဝေးပြေးယာဉ်စီးနင်းခရီးသည်ဦးရေဟာတစ်ရက်ကို၈၀၀၀ ကျော်စီးနင်းမှုတွေရှိနေတာ ကြောင့်ရန်ကုန်အခြေပြုအဝေးပြေးယာဉ်ရပ်နားကွင်းတွေဖြစ်တဲ့ အောင်မင်္ဂလာအဝေးပြေး

ယာဉ်ရပ်နားစခန်း၊ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်း၂ခုတို့မှအဝေးပြေးယာဉ်လိုင်း၂၀၄လိုင်းယာဉ်အစီးရေ၅၅၉စီးနဲ့ နေပြည်တော်အပါအဝင်အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များထံ ပြေးဆွဲဝန်ဆောင်မှုပေးနေတယ်လို့YRTCရဲ့ဇူလိုင်၎ရက်ထုတ်ပြန်ချက်အရသိရပါတယ်