ပျောက်ကွယ်လုနီးပါးဖြစ်နေသောရှေးပညာရှင်တို့၏နွားရွေးနည်းပညာများပျောက်ကွယ်လုနီးပါးဖြစ်နေသောရှေးပညာရှင်တို့၏နွားရွေးနည်းပညာများနွားရွေးနည်းပညာ၁။နွားနီကွမ်းသွေးရိုက်နိင်မှပြေး၂။နွားပြာနီတုတ်မွှေးရိုက်နိင်မှပြေး

၃။နွားပြာချိုတုတ်ထမ်းပိုးထမ်းနှုတ်၄။နွားပြာနီရှဉ့်မွှေးရိုက်နိင်မှပြေး၅။ဇော်နီကွမ်းသွေးသေအောင်ပြေး၆။နွားဝါဖွဲနုသေအောင်ထုဂရုမထားတတ်။၇။နွားဝါမျက်ကွင်းသေအောင်ဖျင်းစင်းစင်းခံနေတတ်၈။နွားဝါမျက်ကွင်းဖြူကြိမ်မကူ ကမူမတက်ဘူး

၉။နွားဝါဖင်ဖြူကြိမ်မကူကမူမတက်ဘူး၁၀။နွားညိုသံရောင်တုတ်မဆောင်ရ၁၁။မြီးစွပ်ရှေ့တက်ထိပ်ကွက်နောက်ဆုတ်စုံမှဟုတ်၁၂။မွှေးတိုမွှေးကြမ်းထမ်းပိုးထမ်းအစွမ်းကောင်းလှ၏၁၃။ဗွေဆင့်မျက်ခြားအဝယ်မှားအိမ်ကမယားသေလတ္တံ့ဗွေများ

(၁)ဗွေဆင့်ဗွေချိုနှစ်ချောင်းစပ်ကြား၌နှစ်ခုဆင့်လျှက်ရှိသောဗွေမယားသေမျက်ခြားဗွေမျက်လုံးနှစ်ခုကြား၌တစ်လုံးတည်းရှိသောဗွေမယားသေ(၃)ဗွေထီးဆောင်းချိုနှစ်ချောင်းစပ်ကြား၌ရှိသည်ထိုဗွေသည်နွား၏ထိပ်၌ထီးကဲ့သို့

မိုးဆောင်းထား၍ဗွေထီးဆောင်းဟုခေါ်သည်ပထမတန်းစားဗွေဖြစ်သည်မြခနောက်ဗွေနွားခေါင်း၏ရှေ့နဖူးပြင်ထိပ်အလယ်ကျသောနေရာ၌ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ခေါ်ဝေါ်ခြင်းဖြစ်သည်ဗွေကောင်းဖြစ်သည်

သံလျက်ဗွေနွားလည်ပင်းတစ်ဖက်သို့မဟုတ်နှစ်ဖက်စလုံးပါတတ်သည်လည်ပင်းမှခရုပတ်ရစ်၍ဗွေ၏အဖျားသည်နွားဦးခေါင်းဖက်သို့အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်အကျိုးပေးမထက်သန်ဆုတ်ယုတ်

ပျက်စီးခြင်းလည်းမရှိခြောက်ကွက်လှနွားမြီးစွပ်ခြင်းအကွက်ကောင်းတစ်ကွက် ထိပ်ကွက်ခြင်းအကွက်ကောင်းတစ်ကွက်၃။ခြေလေးဖက်စလုံးဒူးဆစ်ထိဆွတ်ဆွတ်ဖြူခြင်းအကွက်ကောင်းလေးကွက်ထိုနွားမျိုးရှိလျှင်ခိုက်တတ်သော

နွားဝယ်မိပါကလည်းအန္တရာယ်မဖြစ်ပါမြောက်သုံးသွယ်ကျယ်သုံးလီနီသုံးချက်တစ်နေ့တစ်ခြားစီးပွားတက်မြောက်သုံးသွယ်ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်းသို့မဟုတ်ခေါင်းတမော့မော့ရှိခြင်းကျယ်သုံးလီချိုနှစ်ခုစပ်ကြား

ထိပ်အင်းကျယ်ခြင်းရင်အုပ်ကျယ်ခြင်းနှင့်တင်ပါးဆုံကျယ်ခြင်းနီသုံးချက်လျှာနီခြင်းနှာနီခြင်းခွာလေးဖက်နီခြင်းထိုအချက်တို့နှင့်ပြည့်စုံသောနွားကိုလာဘ်နွားဟုခေါ်သည်။စီးပွားဥစ္စာတစ်နေ့တစ်ခြားတိုးတက်လာသည်နွားပြာနီ

ကြောင်စွယ်မှောင်ကွယ်ရာဝယ်မမှားနိင်နွားပြာနွားနီနွားပြာနီနှင့်နွားကြောင်စွယ်တို့သည်မွေးထိုက်သောနွားဖြစ်၍မှောင်ကွယ်ရာဝယ်ဦးတော့မမှားနိင်ဟုဆိုလိုသည်နွားကြောင်စွယ်နှာရောင်မှောင်မှောင်လက်မဲမဲဒူးမဲမဲရှိသောနွားနွား၏ချို

ဘယ်လဲညာထောင်ဥစ္စာပြောင်ဘယ်ထောင်ညာလဲတက်တက်မွဲတစ်ဖက်ထောင်တစ်ဖက်လဲနွားသည်ဥစ္စာဆုတ်ယုတ်တတ်၏တယ်လူးချိုနုတ်သောချိုနဲ့သောချိုအကျိုးမပေးကြက်တူရွေးချိုကြက်တူရွေးနှုတ်သီးပမာရှေ့သို့ကွေးညွတ်သော

ချိုကွေးအကျိုးမပေး(မှတ်ချက်)ပျောက်ကွယ်လုနီးပါးဖြစ်နေသောရှေးပညာရှင်တို့၏နွားရွေးနည်းပညာများကိုလွန်ခဲ့သော၃၀နှစ်ခန့်ကမှတ်စုစာအုပ်ထဲမှတ်ထားမိသမျှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်Credit(ဖတ်မိပြီးသဘောတွေ့ရင်တောင်သူဦးကြီးများအတွက်ကျေးဇူးပြု၍ရှဲပေးစေချင်ပါတယ်