၁၉၃၅လောက်ကရန်ကုန်ပဲခူးလမ်းမပေါ်ထောက်ကြန့်နားမှာညောင်ပင်ကြီးတစ်ပင်ရှိသတဲ့အဲ့ဒီညောင်ပင်ဘေးမှာပထမကမ္ဘာစစ်ပြန်အဘိုးကြီးတစ်ယောက်ရဲ့ကားဝပ်ရှော့တဲကလေး

ရှိတယ်အဘိုးကြီးသေသွားတဲ့အခါအဲ့ဒီညောင်ပင်ကြီးနားမှာကားတွေမကြာမကြာပျက်တတ်တယ်ညောင်ပင်ကြီးကိုပါလာတဲ့ထမင်း၊ဟင်း၊မုန့်လေးတွေပသပြီးတောင်းပန်လိုက်ရင်ကား

တွေကပြန်ကောင်းသွားရောတဲ့လေဝပ်ရှော့ဆရာကြီးကနတ်ဖြစ်ပြီးဂွင်ဖန်တာနေမယ်လို့ကားသမားတွေကယူဆကြတယ်၁၉၄၂ခုနှစ်မှာဒေါ်အေးရင်ဆိုတဲ့ဘွားတော်ကအဲ့ဒီ

ညောင်ပင်မှာရွှေညောင်ပင်ဘိုးဘိုးကြီးဆိုပြီးနတ်ကွန်းဆောက်လိုက်တယ်နောက်ပိုင်းကားတွေဝယ်ပြီးရင်ဝပ်ရှော့ဆရာဘိုးဘိုးကြီးကိုလာလာပြကြတော့တာတဲ့လေအခုရွှေ

ညောင်ပင်နတ်နန်းသွားပြီးသမိုင်းကြောင်းမေးရင်တော့ကဿပဘုရားရှင်ကနေအစချီပြီးရွှေတိဂုံဘုရားသမိုင်းပါဆွဲစိပြလိမ့်မယ်ဝပ်ရှော့ဆရာကြီးတို့ဂေါ်ချက်ဗုဒ္ဓဝင်ထဲပါရောက်သွားတာနော်။

၁၉၃၅ေလာက္ကရန္ကုန္ပဲခူးလမ္းမေပၚေထာက္ၾကန႔္နားမွာေညာင္ပင္ႀကီးတစ္ပင္ရွိသတဲ့အဲ့ဒီေညာင္ပင္ေဘးမွာပထမကမၻာစစ္ျပန္အဘိုးႀကီးတစ္ေယာက္ရဲ႕ကားဝပ္ေရွာ့တဲကေလး

ရွိတယ္အဘိုးႀကီးေသသြားတဲ့အခါအဲ့ဒီေညာင္ပင္ႀကီးနားမွာကားေတြမၾကာမၾကာပ်က္တတ္တယ္ေညာင္ပင္ႀကီးကိုပါလာတဲ့ထမင္း၊ဟင္း၊မုန႔္ေလးေတြပသၿပီးေတာင္းပန္လိုက္ရင္ကား

ေတြကျပန္ေကာင္းသြားေရာတဲ့ေလဝပ္ေရွာ့ဆရာႀကီးကနတ္ျဖစ္ၿပီးဂြင္ဖန္တာေနမယ္လို႔ကားသမားေတြကယူဆၾကတယ္၁၉၄၂ခုႏွစ္မွာေဒၚေအးရင္ဆိုတဲ့ဘြားေတာ္ကအဲ့ဒီ

ေညာင္ပင္မွာေ႐ႊေညာင္ပင္ဘိုးဘိုးႀကီးဆိုၿပီးနတ္ကြန္းေဆာက္လိုက္တယ္ေနာက္ပိုင္းကားေတြဝယ္ၿပီးရင္ဝပ္ေရွာ့ဆရာဘိုးဘိုးႀကီးကိုလာလာျပၾကေတာ့တာတဲ့ေလအခုေ႐ႊ

ေညာင္ပင္နတ္နန္းသြားၿပီးသမိုင္းေၾကာင္းေမးရင္ေတာ့ကႆပဘုရားရွင္ကေနအစခ်ီၿပီးေ႐ႊတိဂုံဘုရားသမိုင္းပါဆြဲစိျပလိမ့္မယ္ဝပ္ေရွာ့ဆရာႀကီးတို႔ေဂၚခ်က္ဗုဒၶဝင္ထဲပါေရာက္သြားတာေနာ္။