မန္တလေးမှကားလာဝယ်သောဝယ်သူနှင့်ဈေးတည့်ပြီးဝယ်သူမှငွေချေ၍ မောင်းသွားမည်ဟုပြောသောအခါအကိုဆရာသည်မရသေးဘူးခဏနေအုံးဟုဆိုရ်ျ တပည့်တယောက်အား ဟေ့ကားဘီး လေးလုံးစလုံးစစ်၊ဘတ္ထရီစစ်ပီးရင်
ဆီအပြည့် ဖြည့်ပေးလိုက်ဟု ပြောပီးအားလုံးလုပ်ကိုင်စစ်ဆေးပီးစေကာမှ ရပီ နောင်ကြီးဟုဆိုကာကားသော့အပ်လိုက်သည်။ဝယ်သူမှာ ပြောဖွယ်ရာမရှိရတနာပီတိဂွမ်းစီထိသကဲ့သို့ကားအသစ်ကြီးအား ပျော်ရွှင်စွာ မောင်းထွက်
သွားလေတော့သည်။ရင့်ကျက်မနည်းသေးသော ကျွန်တော်သည်အကိုဆရာအားဘာလို့သူကမလုပ်ခိုင်းဘဲအကိုကလုပ်ပေးလိုက်ရတာလဲဟုရိုးရှင်းသော စိတ်ဖြင့်မေးရာအကိုဆရာကပြုံးရင်းသားငါသူများလို showroom
မဖွင့်ဘဲခြံထဲမှာရပ်ပီးရောင်းတာတနေ့ဘယ်နှစ်ဦးလာဝယ်နေလဲမင်းအမြင်ဘဲမဟုတ်လားဒါလဲဟုတ်တာပဲတနေ့တနေ့ ပြေးဝယ်လိုက်ရတဲ့စာချုပ်။အဲဒါဘာလဲမင်းသိလားသားစေတနာသည်ကံပဲကွ။အခုငါရောင်းတာ Brand new
နော်။အရင်ကSunny,Publicaကားဟောင်းလေးတွေ ခေတ်ကအချို့သောသူတွေအရောင်းအဝယ် ဖြစ်ပီဆိုရင်ကားတာယာကောင်းတာနဲ့ပါးတာ ပြောင်းထည့်ကြတယ်၊ဆီစုပ်ထုတ်ကြတယ်၊ကတ်စက်လဲကြတယ်အဲဒါတွေပြောင်း
ထည့်လိုက်တော့ရောမင်းဘဝကြီးပြောင်းလဲသွားမှာမို့လားအဆိုးဆုံးကကားဘီးတာယာနဲ့ဆီဘဲကွသူဝယ်ပီးအပျော်များစွာနဲ့ မောင်းသွားရင်း လမ်းမှာဆီပြတ်တာမတွေးဝံ့ဆုံးကကားတာယာပွင့်ထွက်သွားခဲ့သည်ရှိသော်ဘာနဲ့မှလဲလို့မရတဲ့
အသက်သားမင်းဘယ်တော့မှအဲလိုစိတ်မျိုးနဲ့စီးပွားမရှာနဲ့လောကကြီးမှာမျှတရင်မိတ်ဆွေပေါမယ်၊ဂတိတည်ရင်background ကောင်းမယ်၊မင်းထိုက်ရင်ရမယ် မထိုက်ရင်မရဘူး။ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ငါ့သားကြွေးသစ်
ထပ်မယူသွားနဲ့မင်းကြိုက်လားငါလဲကြိုက်တယ်မင်းမခံနိုင်ဘူးနော်ငါလဲမခံနိုင်ဘူး
အဲဒါအရိုးရှင်းဆုံးသောကိုယ်ချင်းစာတရားဘဲငါ့သားမင်းဘယ်တော့မှဘယ်သူ့ရဲ့အပူစာကိုမှမစားမိစေနဲ့။တသိုက်တဝန်းကြီး ပျော်ရွှင်စွာတခဏတာအပျော်ရဲ့ နောက်ဆုံးရလဒ်ပြုသူကမိမိမဖြစ်စေနဲ့ဩော်အကိုဆရာရဲ့ဆုံးမစကား