ဒိတ္ဒိတ္ၾကဲေအာင္ျမင္မႈေတြသိမ္းပိုက္ထားတဲ့အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့စိုင္းစိုင္းခမ္းလိႈင္ကေတာ့ကမၻာ့ကပ္ေရာဂါဆိုးၾကီးသဖြယ္အခက္အခဲအၾကပ္အတည္းေတြျဖစ္ခဲ့ရတဲ့ကိုဘစ္ကာလကိုေက်ာ္ျဖတ္ဖို႔အနုပညာရွင္တစ္ေယာက္အေနနဲ႕အေကာင္းဆုံးကူညီေပးခဲ့သူလို႔ဆိုရမွာပါ။ဧျပီလ၁၀ရက္ေန႔မွာက်င္းပျမဲျဖစ္တဲ့သူ႕ေမြးေနShowေလးကိုဒီနွစ္မွာလုပ္လို႔မရေအာင္အေၾကာင္းဖန္လာခဲ့ေပမယ့္

တစ္တပ္တအားကူညီလိုတဲ့စိတ္နဲ႕Birthday in Bedroomအစိီအစဥ္ေလးကိုျပဳလုပ္ခဲ့ပါတယ္။ဒီအစီအစဥ္ေလးေၾကာင့္ရရွိလာခဲ့တဲ့လွဴဒါန္းေငြေတြကိုေတာ့ ကိုဘစ္ထိန္းခ်ဳပ္ေရးနွင့္အေရးေပၚတုန္႔ျပန္ေရးေကာ္မတိီကိုသိန္း(၃၀၀)က်ပ္၊ရန္ကုန္တုိင္းျပည္သူ႔က်န္းမာေရးနွင့္ကုသေရးဦးစီးဌာနကိုသိန္း(၃၀၀)က်ပ္၊ရန္ကုန္တုိင္းေဖာင္ၾကီးစင္တင္တာကိုအသက္ရွဴစက္တစ္လုံး(သိန္းနွစ္ရာ၀န္းက်င္)လွဴဒါန္းေပးခဲ့ျပီးဒီေန႔မွာေတာ့လက္က်န္ေငြ(၄၇)သိန္းေက်ာ္ကိုစိုင္းစိုင္းမွအလွဴေငြ(၅၂)သိန္းေက်ာ္ထပ္စိုက္ျပီးမႏၱေလး ကိုဘစ္19ကာကြယ္ေရးအတြက္သိန္း(၁၀၀)လွဴဒါန္းခဲ့ပါတယ္တဲ့ပရိတ္သတ္ၾကီးေရ။

စိုင္းစိုင္းကေတာ့ကိုယ္တိုင္လွဴဒါန္းေငြနဲ႕ပရိတ္သတ္ေတြရဲ႕အလွဴစုစုေပါင္းသိန္း(၉၀၀)က်ပ္ကို(၄)ေနရာခြဲျပီးတစ္ျပားမက်န္လွဴဒါန္းေပးခဲ့ျပီးျဖစ္ေၾကာင္းဒီေန႔မွာမွ်ေ၀ခဲ့ပါတယ္။ထပ္ျပီးေတာ့လည္းကၽြန္ေတာ့ေမြးေန႔ေဖ်ာ္ေျဖပြဲကိုအေၾကာင္းျပဳျပီးပရိတ္သတ္မ်ားနဲ႕မိတ္ေဆြအားလုံးရဲ႕စုေပါင္းအလွဴျဖစ္ပါတယ္ဆိုျပီးေတာ့္လည္းပရိတ္သတ္ေတြၾကည္နူးသဒၵါပြားမ်ားနုိင္ေစဖို႔ေရးသားခဲ့ပါေသးတယ္။စံျပအနုပညာရွင္တစ္ေယာက္အေေနနဲ႕အဖက္ဖက္ကအကူအညီလိုအပ္ေနတဲ့ကာလၾကီးမွာသိန္း(၉၀၀)လွဴဒါန္းေပးနုိင္ခဲ့တဲ့စိုင္းစိုင္းနဲ႕သူ႕ပရိတ္သတ္မ်ားအတြက္သာဓုေခၚေပးခဲ့ပါဦးေနာ္။

ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ထားတဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့စိုင်းစိုင်းခမ်းလှိုင်ကတော့ကမ္ဘာ့ကပ်ရောဂါဆိုးကြီးသဖွယ်အခက်အခဲအကြပ်အတည်းတွေဖြစ်ခဲ့ရတဲ့ကိုဘစ်ကာလကိုကျော်ဖြတ်ဖို့အနုပညာရှင်တစ်ယောက်အနေနဲ့အကောင်းဆုံးကူညီပေးခဲ့သူလို့ဆိုရမှာပါ။ဧပြီလ၁၀ရက်နေ့မှာကျင်းပမြဲဖြစ်တဲ့သူ့မွေးနေShowလေးကိုဒီနှစ်မှာလုပ်လို့မရအောင်အကြောင်းဖန်လာခဲ့ပေမယ့်

တစ်တပ်တအားကူညီလိုတဲ့စိတ်နဲ့Birthday in Bedroomအစီအစဉ်လေးကိုပြုလုပ်ခဲ့ပါတယ်။ဒီအစီအစဉ်လေးကြောင့်ရရှိလာခဲ့တဲ့လှူဒါန်းငွေတွေကိုတော့ ကိုဘစ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီကိုသိန်း(၃၀၀)ကျပ်၊ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကိုသိန်း(၃၀၀)ကျပ်၊ရန်ကုန်တိုင်းဖောင်ကြီးစင်တင်တာကိုအသက်ရှူစက်တစ်လုံး(သိန်းနှစ်ရာဝန်းကျင်)လှူဒါန်းပေးခဲ့ပြီးဒီနေ့မှာတော့လက်ကျန်ငွေ(၄၇)သိန်းကျော်ကိုစိုင်းစိုင်းမှအလှူငွေ(၅၂)သိန်းကျော်ထပ်စိုက်ပြီးမန္တလေး ကိုဘစ်19ကာကွယ်ရေးအတွက်သိန်း(၁၀၀)လှူဒါန်းခဲ့ပါတယ်တဲ့ပရိတ်သတ်ကြီးရေ။

စိုင်းစိုင်းကတော့ကိုယ်တိုင်လှူဒါန်းငွေနဲ့ပရိတ်သတ်တွေရဲ့အလှူစုစုပေါင်းသိန်း(၉၀၀)ကျပ်ကို(၄)နေရာခွဲပြီးတစ်ပြားမကျန်လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်းဒီနေ့မှာမျှဝေခဲ့ပါတယ်။ထပ်ပြီးတော့လည်းကျွန်တော့မွေးနေ့ဖျော်ဖြေပွဲကိုအကြောင်းပြုပြီးပရိတ်သတ်များနဲ့မိတ်ဆွေအားလုံးရဲ့စုပေါင်းအလှူဖြစ်ပါတယ်ဆိုပြီးတော့်လည်းပရိတ်သတ်တွေကြည်နူးသဒ္ဒါပွားများနိုင်စေဖို့ရေးသားခဲ့ပါသေးတယ်။စံပြအနုပညာရှင်တစ်ယောက်အေနေနဲ့အဖက်ဖက်ကအကူအညီလိုအပ်နေတဲ့ကာလကြီးမှာသိန်း(၉၀၀)လှူဒါန်းပေးနိုင်ခဲ့တဲ့စိုင်းစိုင်းနဲ့သူ့ပရိတ်သတ်များအတွက်သာဓုခေါ်ပေးခဲ့ပါဦးနော်

LEAVE A REPLY

Please enter your comment!
Please enter your name here