သမီးမိုက်မဖြစ်စေနဲ့အရမ်းကောင်းလို့ဖတ်စေချင်စာဖတ်မပျင်းပါနဲ့ဖတ်ကြည့်စေချင်ပါတယ်ညီမလေးတို့ရေဆင်းရဲတဲ့လင်မယား၂ယောက်မှာစာတော်တဲ့သမီးလေးရှိတယ်တစ်နေ့သမီးလေးဟာအတန်းတင်စာမေးပွဲမှာပထမရတယ်

အဖေဟာဝမ်းသာလွန်းလို့လိုချင်တာဝယ်ပေးမယ်ပြောတယ်သမီးလေးဟာသိပ်လိုချင်ခဲ့ပေမဲ့အဖေမှာပိုက်ဆံမရှိမှန်းသိလို့မပူဆာခဲ့တဲ့အဝတ်အစားတစ်စုံကိုလိုချင်တယ်လို့ပြောလိုက်တယ်နောက်တစ်နေ့မှာအဖေဟာသမီးလေးလိုချင်တဲ့

အဝတ်တစ်စုံကိုပေးလိုက်တယ်သမီးလေးဟာဝတ်ကြည့်ပြီးမှန်ရှေ့မှာပျော်လို့အဖေ ကလည်းသမီးလေးကိုကြည့်ပြီးပျော်လွန်းလို့မျက်ရည်စို့နေရှာတယ်မပျော်နိုင်သူက အမေပါညရောက်တော့အမေကသူ့ယောက်ျားကိုမေးတယ်

ပိုက်ဆံဘယ်ကရသလဲပေါ့ဆေးရုံတစ်ခုမှာငါ့သွေးဖောက်ရောင်းလိုက်တာတဲ့ဒီလိုနဲ့သမီး၁၀တန်းကိုဂုဏ်ထူးအများကြီးရပြီးအောင်သွားတယ်ဆေးတက္ကသိုလ်တက်ဖို့အဖေ့မှာပိုက်ဆံမရှိမှန်းသိလို့မပူဆာပါဘူးတစ်ပတ်လောက်ကြာတော့

အဖေကပိုက်ဆံတွေထည့်ထားတဲ့လွယ်အိတ်ကြီးကိုပြပြီးသမီးမပူနဲ့အဖေ့မှာပိုက်ဆံတွေအများကြီးရှိတယ်သမီးဆရာဝန်ဖြစ်တဲ့ထိလုံလောက်ပါတယ်တဲ့သမီးလည်း ဝမ်းသာလွန်းလို့ထကနေတယ်အဖေခမျာလည်းသမီကို

ကြည့်ပြီးပျော်လွန်းလို့ပါးပြင်ပေါ်မှာမျက်ရည်တွေနဲ့မပျော်နိုင်သူကအမေပါညကျတော့အမေကသူ့ယောက်ျားကိုမေးတယ်ဒီလောက်များတဲ့ပိုက်ဆံဘယ်လိုရလာသလဲပေါ့တစ်လောကငါ့ကျောက်ကပ်၂ခုထဲကတစ်ခုကိုရောင်း

လိုက်တယ်တဲ့၆နှစ်ကြာသွားပြီးအပျော်ဆုံးနဲ့ဂုဏ်အယူရဆုံးနေ့သမီးလေးဆေးကျောင်းအောင်သွားပြီးအိမ်ပြန်လာတော့မယ်တဲအိမ်လေးကိုအကောင်းဆုံးပြင်ထားတယ်။အိမ်ရှေ့မှာမြင်းလှည်းတွေရပ်သံကြားရတယ်

လင်မယားနှစ်ယောက်စလုံးဝမ်းသာအားရပြေးထွက်လာတယ်ဟုတ်ပါတယ်သမီးလေးပြန်လာတာပါဒါပေမဲ့အသက်ရှင်လျှက်မဟုတ်ပါပိတ်ဖြူအုပ်ထားတဲ့သမီးလေးရဲ့ရုပ်အလောင်းလာပို့တဲ့သူတွေထဲကလူကြီးတစ်ယောက်ကပြောတယ်

သူတို့သမီးလေးဟာသူ့ရည်းစားပစ်သွားလို့မနေ့ညကအဆိပ်သောက်စူစိုက်လုပ်သွားတယ်တဲ့စဉ်းစားစရာအတွေးလေးပေးလိုက်ပါတယ်ဗျာမိမိကိုမနှစ်သက်လို့ စွန့်ခွာသွားသူအတွက်အသက်ပေးသင့်သလားမိမိအတွက်

အနစ်နာခံခဲ့သူတွေအတွက်အသက်ပေးဖို့မသင့်ဘူးလားစာဖတ်သူအပေါင်းကိုအထူးကျေးဇူးတင်ပါတယ်စာဖတ်သူပရိတ်သတ်ကြီးသဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်