သားသမီးများအပေါ်ချစ်ရာမရောက်သည့်မိဘတို့၏လွန်ကဲနေမှုများကိုယ့်သားသမီးများကိုချစ်ရာမရောက်၊နှစ်ရာရောက်နေသလားဆိုတာကိုမိဘများစမ်းစစ်နိုင်ဖို့အတွက်အောက်ပါလွန်ကဲမူများကိုရေးသားလိုက်ပါတယ်။ဘယ်နှစ်ချက်ငြိနေပြီ
လဲဆိုတာကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြည့်ရအောင်အထူးအခွင့်အရေးပေးလွန်းခြင်းအချို့မိသားစုများဟာသားသမီးများကိုအထူးအခွင့်အရေးပေးထားတတ်ပါတယ်ဒါသားသားလေးစားဖို့၊ဒါမီးမီးတစ်ယောက်တည်းအတွက်စသည်ဖြင့်သတ်မှတ်
ထားပြီးအခြားသူများထိလို့မရအောင်တားဆီးထားပါတယ်။ဥပမာဖိုးဖိုး၊ဖွားဖွားတခြားမိသားစုဝင်တွေမွေးနေ့ကျင်းပတာမကျင်းပတာအရေးမကြီးဘူး၊ကလေးအတွက်ကိတ်မုန့်ဆိုအကြီးကြီးမှ၊လက်ဆောင်ဆိုအကောင်းဆုံးမှ၊ဒါငါ့သားသမီး
ကြိုက်လို့ချက်ထားတာဘယ်သူ့မှမစာရဘူးဆိုတာမျိုးတွေပါ။ဒီလိုမိသားစုအတွင်းမှာရှိတဲ့အခွင့်ထူးခံသားသမီးဟာအတ္တလွန်ကဲလာမှာဖြစ်ပါတယ်သူများကိုကိုယ်ချင်းမစာတတ်တော့ဘူး၊ဂရုလည်းမစိုက်တတ်တော့ဘူး၊ငါမှငါဖြစ်ဖို့သေချာ
သလောက်ဖြစ်ပါတယ်။အကာအကွယ်လွန်ကဲခြင်းတစ်ခုခုမှားလို့ဖေဖေကဆုံးမတော့မယ်၊မေမေကချက်ချင်းကာဆီးကာ ဆီးလုပ်တယ်။မေမေကဆုံးမတော့မယ်ဖိုးဖိုးဖွားဖွားကချက်ချင်းကာကွယ်ပေးတယ်။ကိုယ်တိုင်လဲမဆုံးမနိုင်၊ကျွမ်းကျင်
နားလည်တဲ့သူတယောက်ကကောင်းစေချင်လို့ဆုံးမပေးရင် တောင်အမှန်မမြင်နိုင်ပဲသားသမီးကိုပြုပြင်ဖို့ထက်ဆုံးမတဲ့သူကိုရန်ထောင်ပီးကလေးတွက်ကာကွယ်တတ်တဲ့မိဘတွေလည်ရှိပါတယ်။အကျိုးဆက်ကလူကြီးတွေဆီကမေတ္တာပြည့်ပြည့်
ဝဝမရနိုင်သလို၊ဘဝအတွေ့အကြုံတွေတန်ဖိုးရှိတဲ့စကားတွေမကြားနိုင်တော့ပါဘူး။လူကြီးတွေရဲ့လျစ်လျူရှုခြင်း၊အသိုင်းအဝိုင်းကမဆုံးမပေးတော့ပဲလျစ်လျူရှုခြင်းတွေကြုံရနိုင်ပါတယ်။ကလေးပဲ၊သူဘာနားလည်မှာလဲ၊သူကြီးလာရင်လိမ္မာ
မှာပါဆိုတဲ့စကားတွေကြားဖူးမှာပါမိဘတွေမသိတဲ့အရေးကြီးအချက်ဆိုကဗီဇဆိုတာဖျောက်ဖျက်မရပါ။ငယ်စဉ်ကတည်းကမပြုပြင်ရင်တသက်လုံးပါသွားမှာပါဒီလိုကလေးမျိုးကြီးလာရင်ဘယ်လိုအဆင်ပြေနိုင်မလဲ။ငယ်ငယ်ကတည်းက
အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ဖေဖေကမှားတယ်ပြောလိုက်၊မေမေကကာကွယ်လိုက်၊မေမေကမှားတယ်ပြောရင်ဖွားဖွားကကာကွယ်လိုက်နဲ့ကလေးအတွက်ဘာလုပ်လုပ်အမှန်ချည်းပဲလို့ထင်ပါတယ်။ကလေးကိုဒီလိုပျိုးထောင်ရင်
နောင်ကလေးကြီးလာတဲ့အခါမိမိကိုယ်ကိုမထိန်းချုပ်ပဲဆိုးသွမ်းကလေးတွေရာဇ၀တ်မူကျူးလွန်တဲ့အထိလွန်ကဲသွားတတ်လို့လေ့လာချက်တွေရှိပါတယ်ဂရုစိုက်လွန်ကဲခြင်းတစ်မိသားစုလုံးကသူ့ကိုဝိုင်းထားတယ်။သူတစ်ခုခုလုပ်တတ်ပြီဆိုရင်
တစ်အိမ်သားလုံးကဝိုင်းချီးကျူးတယ်။ရေဆိုရင်ရေ၊ထမင်ဆိုရင်ထမင်းချက်ချင်းရှေ့ရောက်လာတယ်ဟိုဟာစားချင်တယ်လို့ပြောရင်ချက်ချင်းလုပ်ပေးတယ်စားပီးရင်သိမ်းည်းပေးတဲ့လူရှိတယ်ဘာအ၀တ်ဝတ်ချင်သလဲ၊ပြောလိုက်ရုံနဲချက်ချင်း
အနီးရောက်လာတယ်။ကလေးကိုယ်တိုင်လက်မပါတဲ့အတိုင်းပြုမူကြတယ်။ဆယ်တန်းဖြေတဲ့ကလေးကိုထမင်းခွံ့ကျွေးတာကျွန်တော်မြင်ဖူးပါတယ်ဒီလိုမျိုးကလေးများဟာကိုယ့်ကိုယ်ကိုဗဟိုပြုတတ်ကြတယ်။ပြင်ပလောကရောက်ရင်ခြေမကိုင်
မိ၊လက်မကိုင်မိတစ်ခုခုလုပ်ရင်အိုးနင်းခွက်နင်းဖြစ်တတ်တယ် ကျောင်းပီးသွားရင်လည်းဘာမှအရည်အချင်းမရှိသူများဖြစ်တတ်ကြတယ်။အလိုလိုက်လွန်ကဲခြင်းသူဘာလိုချင်လိုချင်ချ က်ချင်းဝယ်ပေးတယ်။မျက်နာမငယ်အောင်ဆိုပြီးမုန့်ဖိုး
အများကြီးပေးတယ်။ကလေးကလည်းလိုချင်တာအားလုံးရမှန်းသိတော့တစ်ခုခုမရရင်ချက်ချင်းဆန္ဒပြတယ်။ငိုတယ်လူကြီးကလည်းချက်ချင်းဝယ်ပေးလိုက်တယ်လိုချင်တာချက်ချင်းလုပ်ပေးရတယ်။ဒီလိုကလေးမျိုးဟာဘာကိုမှတန်ဖိုးမထား
တတ်တော့ဘူး။ပစ္စည်းကိုလည်းမသိမ်းဆည်းတတ်တော့ဘူး။မေ့လွယ်တယ်။ပျောက်သွားရင်ထပ်ဝယ်လို့ရမှန်းသိတယ်ပိုက်ဆံအသုံးအဖြုန်းကြီးတယ်။ဒီလိုကလေးမျိုးဟာဘာကိုမှတန်ဖိုးမထားတတ်တော့ပျော်ရွှင်မူကင်းနေတတ်တယ်
လိုတရဖြစ်နေတော့ဘာကိုမှကြိုးကြိုးစားစားမလုပ်ချင်တော့ဘူး။အပင်ပန်းမခံနိုင်ဘူး။ဘာကိုမှလည်းတန်ဖိုးမထားတတ်ဘူး၊အရွယ်သာတဖြည်းဖြည်းကြီးသွားမယ်။ဘာမှမယ်မယ်ရရအလုပ်ဖြစ်မဲ့လူစားမျိုးမဟုတ်နိုင်ဘူး။အသဲလွန်ကဲခြင်း
ကလေးဆိုတာဆော့တတ်တဲ့သဘာဝရှိတယ်။ထိမိခိုက်မိတတ်တဲ့သဘာဝရှိတယ်။ကလေးကဆော့ရင်းနဲ့လမ်းဘေးသစ်ပင်တိုက်မိတော့သစ်ပင်ခုတ်ပစ်ချင်တဲ့မိဘတွေ့ဖူးပါတယ်ကလေများသဘာဝဆော့ကစားရင်းနဲ့ချော်လဲတတ်ပါတယ်။မှန်ကန်
တဲ့နည်းလမ်းကကလေးကိုယ့်ကိုယ်ကိုပြန်ထခိုင်းရပါတယ်။အဲဒီလိုမဟုတ်ပဲနည်းနည်းချော်လဲလိုက်တာနဲ့လိုက်ထူပေး၊နည်းနည်းထိမိရှမိတာနဲ့ဘေကိုအပြစ်ရှာနေမယ်ဆိုရငကလေးကြီးလာရင်ဘာကိုမှတာဝန်မယူရဲတော့ပါဒီလိုအသဲလွန်မိသားစုမှပေါက်ဖွားလာတဲ့ကလေးဟာများသောအားဖြင့်
ပျော့အိနေတတ်တယ်။နည်းနည်းလေးမှစိတ်အနောက်မယှက်ခံနိုင်စွမ်းမရှိတတ်ဘူး။နောင်ကလေးကြီးလာရင်ပညာရှာရာမှာဖြစ်ဖြစ်၊အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊အိမ်ထောင်ပြုတဲ့နေ ရာမှာဖြစ်ဖြစ်တစ်ခုခုအခက်အခဲတွေ့သွားရင်နလန်မထူနိုင်တော့ပါအခက်အခဲနည်းနည်းလေးတွေ့ရုံနဲ့
ရေးကြီးခွင်ကျယ်လုပ်ပြီးတွန့်ဆုတ်နေပါတော့တယ်လူဆိုတာသဘာဝလောကကြီးအတွင်းမှာရှိတဲ့သတ္တဝါဖြစ်တဲ့အလျှောက်ကလေးကိုသူ့အရွယျနဲ့သူ့သဘာဝအလျှောက်ကြီး ပြင်းစေတာမှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်က