ကိုယ်ရံတော်ချယ်ရီထက်ကိုသဘောကျလို့ပါဝင်သရုပ်ဆောင်ခဲ့ကြောင်းကိုခုလိုမျိုးတောင်းပန်ထားတဲ့ထားထက်ထက်Music Video ကိစ္စမှာက ကိုယုန်လေးက ဖုန်းဆက်လာပြီးမချယ်ရီထက်နေရာလိုမျိုးကနေတခန်းလောက်
သရုပ်ဆောင်ပေးပါညီမလေးလို့ပြောတဲ့အခါ Music Video ဖြစ်တာကတစ်ကြောင်း(ရုပ်ရှင်ဇာတ်လမ်းတွေဆို ဇာတ်လမ်း ဇာတ်ညွှန်းသေချာမရရင် မရိုက်ဖြစ် သေချာရွေးချယ်ပြီး တချို့အရာတွေဆို လက်မခံပဲ မရိုက်ခဲ့တာတွေလဲရှိပါတယ်။)
မချယ်ရီထက်ကိုတကယ်သဘောကျလေးစားတာက တစ်ကြောင်း အဲ့လိုနေရာမျိုးကို ကိုယ့်အနေနဲ့ အပြင်လောကမှာ ဘယ်တော့မှ မချယ်ရီထက်လိုမဖြစ်နိုင်တာက တစ်ကြောင်းကြောင့် အဲ့အချက်ကြောင့်ပဲ သရုပ်ဆောင်ပေးဖို့လုပ်ခဲ့ပါတယ်။
တကယ်ကို တခြားဘာအကြောင်းအရာမှမပါသလို အနုပညာကြေး တပြားတချပ်မျှ မယူပဲ အနုပညာသမားအချင်းချင်း ကူညီပေးခဲ့တာပါ။၆။အဲ့လိုမျိုး ကိုယ်ရံတော်နေရာကနေပါဝင်သရုပ်ဆောင်လိုက်မိတာကလူကြီးများအတွက်
ကြည့်ရှုသူတွေအတွက်ပရိသတ်တွေအားလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီးထိခိုက်သွားရသူများရှိရင်ကျွန်မထားထက်ထက်က မှားသွားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင့်။တကယ်တောင်းပန်ပါတယ်နာက်ကို
အခုထက် ပိုဆင်ခြင်စဉ်းစားပြီး ဘယ်သူမှမထိခိုက်အောင် ပိုကြိုးစားပါ့မယ်လို့ပဲ ပြောပါရစေရှင့်။အခုရက်ပိုင်း ထားထက်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် တောင်းပန်စာနောက်ကျသွားခြင်းအတွက်ကိုလဲ ထပ်လောင်းတောင်းပန်ပါတယ်ရှင့်။credit ထားထက်ထက်