ကိုယ့်ထက်အသက်ကြီးတဲ့ဦးအရွယ်နဲ့ချစ်သူဖြစ်ရခြင်း၏ ကောင်းကျိုး(၇)ခုကြီးရင်မှီငယ်ရင်ချီဆိုတဲ့စကားလေးအတိုင်း ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ့ချစ်သူဖြစ်ရင် ကိုယ်အားကိုးနိုင်တယ်ဆိုးချင်သလိုဆိုးနိုင်မယ်ချွဲလို့ရတယ်တစ်ခါတလေကိုယ်ကသူ့ကိုဆရာတောင်လုပ်လို့ရပါသေးတယ်

ဒါပေမဲ့ဦးနဲ့ကလေးစုံတွဲတိုင်းတော့ဒီလိုဖြစ်ချင်မှဖစ်မှာပါသေချာတာကတော့ဦးအရွယ်တွေကကိုယ့်ထက်ဗဟုသုတများမယ်မလုပ်သင့်တာကိုမလုပ်ဖို့သူတို့ကဆုံးမနိုင်ပါတယ်

ဒါကြောင့်ဒီတစ်ခေါက်တော့ပရိတ်သတ်တွေအတွက်ကိုယ့်ထက်အသက်ကြီးတဲ့ဦးနဲ့ချစ်သူ ဖြစ်ရခြင်း ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်

(၁)သင့်မှာကိုယ်ပိုင်ပုံပြင်ပြောဆရာပိုင်ဆိုင်သွားပါပြီပုံပြင်ပြောဆရာလို့ဘာလို့ပြောရတာလဲဆိုတော့သူကသင့်ကိုသူ့ဘဝမှာ ကြုံခဲ့တဲ့အရာတွေကိုစီကာပတ်ကုံး ပြောနိုင်လို့ပါပဲသူရခဲ့တဲ့သင်ခန်းစာတွေသူသိခဲ့တဲ့လူတွေအကြောင်းစတာတွေကို ပြောပြတဲ့အတွက်သင့်မှာပုံပြင်ပြောပေး

မယ့်လူပိုင်ဆိုင်သွားပါပြီသူကသူ့ဗဟုသုတ တွေကို ပြောသလိုသင်ပြောသမျှကိုလည်းအချိန်ယူပြီးနားထောင်ပေးမှာပါသင့်အတွက်သူ့အချစ်ကဘယ်လောက်ကြီးမားတဲ့အကြောင်း စကားလှလှလေးတွေနဲ့ ပြောမှာတော့အသေအချာပါပဲနော်

(၂)မုန့်စားတဲ့အချိန်သူတစ်ဝက်ရှင်းကိုယ်တစ်ဝက်ရှင်းတွေကင်းဝေးသွားပါပြီအသက်ကြီးတဲ့သူဆိုတော့အတွေ့အကြုံကတော့ ကိုယ့်ထက်ပိုရှိနေပါပြီမိန်းကလေးတစ်ယောက်နဲ့ရရေရာရာမတွဲဖူးရင်တောင်သူကြားဖူးသိဖူးတာတွေနဲ့တင်ပဲ သင့်အထာကို သူသိနေမှာပါ။ လူကြီးလူကောင်းပီပီသင်စားသမျှသူပဲရှင်းပေးပါလိမ့်မယ်

(၃)သင့်အပေါ်ကောင်းတဲ့လူနဲ့ တွေ့နေပြီဆိုတာ သေချာသလောက်ပါပဲဒီအကြောင်းအရာမှာတော့ ချွင်းချက်ရှိပါတယ်။ ဦးဆိုပေမယ့်သင့်ကိုတကယ်ချစ်တဲ့သူလည်း ဖြစ်ရပါမယ်မဟုတ်ရင်တော့ သင်ပဲအညာမိ နေမှာပါအချစ်စစ် ဆိုရင်တော့ သင့်ကို သူ့ဘဝရဲ့ဘုရင်မတစ်ပါးလို ဆက်ဆံမှာပဲ ဖြစ်ပါတယ်

(၄)ဦးတွေကချစ်တယ်ဆိုတဲ့စကားကိုပုံစံအမျိုးမျိုးနဲ့ပြောပြတတ်ကြတယ်ဦးနဲ့ချစ်မိရင်တော့မျက်နှာကျက်နဲ့ ဝင်မတိုက်မိအောင်သာ သတိထားကြပါတော့။ သူတို့ကသင့်ကိုအလှဆုံးချစ်စရာ အကောင်းဆုံးလို့ ချီးကျူးတာများတော့ သင်မြောက်သွားပါလိမ့်မယ်သင့်အတွက်ချစ်စရာမက်စေ့ လေးတွေပို့တတ်ကြတယ်သင့်အလုပ်ကိုပန်းတွေပို့ပေးတတ်တယ်အချစ်ခံ လူတန်းစား ဖြစ်နေမှာတော့အမှန်ပါပဲ

(၅)သင်ကသူ့အတွက်ပြည့်စုံသူပါသင့်ထက်အသက်ကြီးတော့သင်မတိုင်ခင်မိန်းကလေးတစ်ယောက် ယောက်နဲ့တော့ချစ်ကြိုက်ဖူးမှာအသေအချာပါပဲဒီအရွယ်အများစုက ဦးနှောက်ကိုပိုဦးစားပေးတတ်ကြပါတယ်ဘယ်ဟာကိုဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲဘာကိုရှောင်ရမလဲသူတို့သိပါတယ်သင့်ကိုသူရွေးချယ်ခဲ့တာကလည်းသင်ကသူ့မျက်လုံးထဲမှာ ပြည့်စုံလွန်းနေလို့ပါ

(၆)သူနဲ့ဆိုစီးပွားရေးကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်ကိုယ့်ထက်အသက်ငယ်တဲ့သူဆိုရင်တော့စီးပွားရေးကိစ္စလူမှုရေး ကိစ္စတွေကိုနှံ့နှံ့စပ်စပ်သိနိုင်မှာမဟုတ်ပါဘူးဘယ်ဟာလုပ်ရင် အောင်မြင်နိုင်လဲဘာကိုတော့မလုပ်သင့်ဘူးလဲဆိုတဲ့ အကြောင်းတွေကိုဦးတွေကစိတ်ရှည်ရှည်နဲ့ ပြောပြမှာပါ

(၇)သူ့ကြောင့်ပဲသင်ကပိုတော်တဲ့သူ ဖြစ်လာပါတယ်သူကသင့်အတွက် ထောက်ပံသူကောင်းတစ်ယောက်မို့သင်လုပ်ချင်တဲ့ အရာတွေကိုလည်းသူကူညီပေးနိုင်ပါတယ်။သင်ဟင်းမချက်တတ်ရင်တောင်

သူကချက်ပေးမှာပါသင်ဟာအရမ်းချစ်ခံရတဲ့အတွက်အရင်ကထက် ပိုပျော်ရွှင်လာမယ်ကိုယ့်ထက်အသက်ကြီးတဲ့ချစ်သူရဲ့ပံ့ပိုးမှုဗဟုသုတရတဲ့စကားတွေကြောင့်သင်ဟာပိုတော်တဲ့သူ ဖြစ်လာမှာအမှန်ပါပဲနော်ခရစ်တစ်

LEAVE A REPLY

Please enter your comment!
Please enter your name here