မိဘကိုဆဲဆိုအော်ဟစ်သူများလက်ရှိဘဝမှာတင်ခံစားရနိုင်တဲ့ဒဏ်(၁၀)ပါးကိုယ်ကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေမိဘတွေကိုဒေါသတကြီးအော်ကြီးဟစ်ကျယ်ပြန်လာပြောဆိုရင်လက်ရှိပစ္စုန်ပ္ပန်ဘဝမှာဒဏ်ဆယ်ပါးထဲကအနည်းဆုံးတစ်ပါး

ပါးသင့်တတ်တယ်။ဒဏ်ဆယ်ပါးကဘာတွေလဲ၁ကြမ်းကြုတ်သောဝေဒနာခံစားရခြင်း၂။ကိုယ်ခန္ဓာပျက်စီးခြင်း၃။အနာရောဂါဖြစ်ခြင်း၎။ရူးသွပ်ခြင်း၅။မင်းပြစ်မင်းဒဏ်သင့်ခြင်း၆။အကြီးအကျယ်စွပ်စွဲခံရခြင်း၇။မိဘ၊သားသမီး၊ဇနီးမယား၊

ဆွေမျိုးများပျက်စီးခြင်း၈။စည်းစိမ်ချမ်းသာပျက်စီးဆုံးရှုံးခြင်း၉။နေအိမ်စသည့်မီးလောင်ခြင်း၁၀။ငရဲကျရောက်ခြင်းဒါကြောင့်ကိုယ်ကမှန်နေတယ်ဆိုရင်တောင်မှမိဘတွေကိုဒေါသတကြီးအော်ဟစ်ကြီးကျယ်ပြန်လှန်မပြောဆိုသင့်ဘူးပေါ

အကျိုးသင့်အကြောင်းသင့်နားဝင်အောင်အေးအေးဆေးဆေးသာပြောရတယ်။အကျိုးသင့်အကြောင်းသင့်ပြန်ပြောလို့မှလက်မခံရင်လည်းသူတို့ကွယ်ရာကနေရှောင်ထွက်သွာလိုက်ပါ။မိဘတွေစိတ်ဆိုးပြေလောက်မှဖြေးဖြေးခြင်းသူတို့ကိုပြန်ရှင်း

ပြလိုက်ပါ။အကယ်၍မိဘများကိုလွန်လွန်ကျူးကျူးပြန်ပြောမိပြီဆိုရင်ဘုရားကျောင်းဆောင်ရှေ့သွားပြီးဝန်ချကန်တော့ တောင်းပန်ပါမိဘကိုဖွင့်ပြောပြီးဝန်ချကန်တော့နိုင်ရင် တော့ပိုကောင်းတာပေါ့နော်။သားလိမ္မာ၊သမီးလိမ္မာများဖြစ်နိုင်ကြပါစေခင်ဗျား