ပျားရည်ကြက်သွန်ဖြူစားခြင်းအကျိုးကျေးဇူးများကြက်သွန်ဖြူရောပျားရည်တို့ကကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်ကြက်သွန်ဖြူက သွေးစီးဆင်းမှုအားကိုလည်း ကောင်းစေပါတယ်ကြက်သွန်ဖြူကအစာအိမ်ထဲမှာရှိတဲ့
အစာခြေရေတွေ ကောင်းကောင်းမွန်မွန်ထွက်ရှိအောင်ကူညီပေးပါတယ်အဲ့ဒီအပြင်သူ့မှာဗီတာမင်ဓာတ်တွေနဲ့သတ္တုဓာတ်တွေလည်းအများကြီးပါဝင်ပါတယ်သွေးအတွင်းကိုလက်စထရောဓာတ်ကို လျော့ချပေးပြီး သွေးကြောတွေထူပြီး
မာနေတာတွေကိုသက်သာစေကာ သွေးကို ကောင်းကောင်းမွန်မွန်စီးဆင်းစေပါတယ်ဒါကြောင့် နှလုံးရောဂါကိုလည်းကာကွယ်ပေးပါတယ်အသားအရေကိုကောင်းမွန်စေကြက်သွန်ဖြူမှာဆဲလ်တွေကိုအားကောင်းစေတဲ့
Antioxidants တွေလည်းပါဝင်ပါတယ်ဒီဓာတ်တွေကအသားအရေကိုချောမွေ့နူးညံ့ပြီးဝက်ခြံကင်းစင်တဲ့အသားအရေကိုရစေပါတယ်ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေသုံးစရာမလိုဘဲကျန်းမာတဲ့အသားအရေကိုရစေပါတယ်ကိုယ်ခံ
အားစနစ်ကိုမြှင့်တင်ပေးကြက်သွန်ဖြူကကိုယ်ခံအားစနစ်ကိုပိုကောင်းစေပြီး ဘက်တီးရီးယားပိုးမွှားတွေကူးစက်မှုကနေကာကွယ်ပေးပါတယ်ပျားရည်ကိုယ်အလေးချိန်ကိုကျဆင်းစေပျားရည်မှာအချိုဓာတ်တွေပါဝင်ပေမယ့်ပျားရည်နဲ့
ကြက်သွန်ဖြူတို့ကိုအစာအိမ်ထဲမှာအစာမရှိခင်ထားရင်အစာစားချင်စိတ်ကို လျော့ချပေးပါတယ်အစာစားချင်စိတ်ကို လျော့ချပေးတာကြောင့်ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်ယောင်ယမ်းတာတွေကို ကျစေခန္ဓာကိုယ်မှာနာကျင်
ကိုက်ခဲတာတွေကိုလည်းသက်သာပျောက်ကင်းစေပါတယ်ဖျားချင်ချင်ဖြစ်တဲ့အချိန်တွေမှာလည်းသောက်သုံးသင့်ပါတယ်ပါဝင်ပစ္စည်းများကြက်သွန်ဖြူ၁၂မွှပျားရည်၁ခွက်၃၃၅ဂရမ်ရေခရား၁ခွက်ပြုလုပ်နည်းကြက်သွန်ဖြူတွေကိုကြိတ်တာဖြစ်ဖြစ်ပါးပါးလှီးတာဖြစ်ဖြစ်လုပ်လိုက်ပါပျားရည်ကို
ရေခရားထဲထည့်ပါကြက်သွန်ဖြူနဲ့ရောပါပြီးရင်ရေခရားကိုအဖုံးနဲ့ပိတ်ပြီး၁ပတ်လောက်မှောင်တဲ့နေရာမှာထားလိုက်ပါမနက်မိုးလင်းရင်ဘာမှမစားရသေးခင်မှာကြက်သွန်ဖြူနဲ့ပျားရည်ရောထားတဲ့အရည်ကိုစားပွဲတင်ဇွန်း၁ဇွန်းလောက်နေ့တိုင်းပုံမှန်စားပေးပါ