ကိုယ်ပိုင်အလုပ်လုပ်နိုင်အောင်ကြိုးစားပါကျွန်တော်တို့တွေဘာလို့မချမ်းသာကြတာလည်းဆိုတာကိုဒီတစ်ခါအတူတူလေ့လာကြည့်ရအောင်ပါလူတိုင်းက ဘဝမှာချမ်းသာချင်ကြတဲ့သူတွေချည်းပါပဲမိတ်ဆွေတို့အနေနဲ့

မယုံဘူးဆိုရင်လူတွေကိုလိုက်မေးကြည့်လိုက်ပါ၉၉ရာခိုင်နှုန်းဟာ ချမ်းသာချင်ကြတဲ့သူတွေကြီးပါပဲဒီလိုချမ်းသာချင်တဲ့ စိတ်ဆန္ဒလေးရှိနေရုံနဲ့ တကယ်ချမ်းသာသွားမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဆင်းရဲသားဆိုတာကို ပြတိုက်

ထဲမှာသွားကြည့်ရမဲ့အနေအထားတွေ ဖြစ်သွားပါလိမ့်မယ်ဒီလောက်ဆိုရင်မိတ်ဆွေတို့သဘောပေါက်မှာပါကျွန်တော့တို့မှာချမ်းသာချင်တဲ့ဆန္ဒလေးတစ်ခုရှိနေရုံနဲ့မပြီးသေးဘူးဆိုတာကို။ကျွန်တော်တို့ကချမ်းသာချင်ကြတယ်။ဒါပေမယ့်

မချမ်းသာကြဘူးဘာကြောင့်လဲကျွန်တော်တို့ကွေကြေးနဲ့ပတ်သက်လာရင်ကိုယ့်ပမာဏကို ကိုယ် နားမလည်ကြလို့ပါ။ငွေကိုဘယ်လိုသုံးရမယ်ဆိုတာကို ကောင်းကောင်းသဘောမပေါက်ကြဘူးပေါ့တစ်နည်းပြောရင် ငွေကြေး စီမံခန်ခွဲမှု့

ညံ့ဖျင်းတာပါဒီထက်ပိုဆိုးဝါးတာကလူအများစုဟာလက်တွေ့မကျတဲ့စိတ်ကူးထဲကဘဝမှာပျော်နေကြတာပါနောက်တစ်ခုကအဆင့်ကိုကျော်ပြီး တွေးလိုက်တာပါဒါကဘာလည်းဆိုတော့ လက်ရှိကိုယ်လုပ်နေတဲ့ အလုပ်ကို

မေ့ပြီးအခြားနယ်ပယ်တစ်ခုမှာ အတွေးလွန်နေချင်းပါဥပမာကိုယ်က လခစားအလုပ်သမား တစ်ယောက်ပဲဆိုပါတော့ဒါဆိုရင်အရင်ဦးဆုံးစဉ်းစားရမှာက ချမ်းသာဖို့ မဟုတ်ပါဘူးဒီလိုအလုပ်သမားဘဝကလွတ်မြောက်ဖို့စဉ်းစားရမှာပါ

သူတစ်ပါးရဲ့လစာနဲ့ချမ်းသာဖို့စဉ်းစားတာကတော့ စောလွန်းပါတယ်ဒါကြောင့်ကိုယ်ပိုင်အလုပ်တစ်ခု စတင်ဖို့ကိုပထမအဆင့်အနေနဲ့စဉ်းစားပါကြိုးစားပါပြီးမှ ချမ်းသာဖို့အတွက်ထပ်စဉ်းစားပြီးနည်းလမ်းအသစ်ကိုရှာပါဒီနေရာမှာ

တစ်ခုပြောချင်တာက အလုပ်တစ်ခုကို စတင်တဲ့နေရာမှာကြီးကျယ်ပြီး ခန်းနားထည်ဝါနေဖို့မလိုပါဘူးကိုယ်နဲ့ ကိုက်ညီပြီး နည်းစနစ်ကျဖိုကသာအဓိကပါဒီလို စတင်တဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်းကိုယ်စွမ်းဥာဏ်စွမ်းရှိပြီး

ကြိုးစားအားထုတ်မှု့ရှိမှဖြစ်မှာပါဒီလိုမှမဟုတ်ပဲငါတော့လုပ်တာပဲလေ ဖြစ်တာမဖြစ်တာက ကံကြမ္မာပါဆိုပြီး ကံကိုပဲယိုးမယ်ဖွဲ့နေလို့မရပါဘူးကံကောင်းလို့ဆိုပြီး ထိုင်နေရင်း ရှေ့မှာ ရွှေအိုးကြီး ပေါ်လာတယ် ဆိုတာကတော့ ရှေးရှေးတုန်းက

သာဓကတွေနဲ့စိတ်ကူးယဉ်ဆန်ဆန် ဒဏ္ဍာရီပုံပြင်တွေထဲမှာပဲရှိခဲ့တာပါလက်ရှိ မျက်မှောက်ခေတ်မှာတော့ ဒီလိုဖြစ်လာဖို့ဆိုတာအိမ်မက်ထဲမှာတောင်တကယ်ခဲယဉ်ပါတယ်။ဒါကြောင့် စိတ်ကူးယဉ်မနေပဲ လက်ရှိအချိန်တွေကိုရင်ဆိုင်နိုင်အောင်

ကြိုးစားပါမိတ်ဆွေတို့အနေနဲ့အချိန်ရဲ့တိုက်စားမှု့ကိုခံနိုင်ရည်မရှိဘဲစိတ်ပျက်ဇွဲလျှော့လိုက်ခြင်းဟာလည်းကံကောင်းခြင်းတွေကို ငြင်းပယ်လိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်စိတ်ရှည်သည်းခံဖို့လည်းလိုပါတယ်ကျွန်တော်တို့ရဲ့

အဓိက အားနည်းချက်က ဘာလဲဆိုတော့လူတိုင်းက နက်ပြည်ရောက်ချင်ကြတယ်ခက်နေတာ တစ်ခုကဘယ်သူကမှ မသေချင်ကြတာပါ။ဟုတ်ပါတယ်။ကျွန်တော်တို့ရဲ့မချမ်းသာရခြင်းအကြောင်းကဒါပါပဲ။ပါးစပ်ကချမ်းသာချင်တယ်

ချမ်းသာချင်တယ်ဆိုတာပဲ ပြောနေကြတယ်ကိုယ်ကိုယ်တိုင်လည်းကြိုးစားအားထုတ်မှု့မရှိဘူးဒီကြားထဲသူတို့က မနက်မိုးလင်းလို့အိမ်သာတတ်ရင်ရွှေထွက်ချင်ကြတယ်ဒီလိုအတွေးတွေကြောင့်ကျွန်တော်တို့ကမချမ်းသာကြရတာပါဒါကြောင့်

ကျွန်တော်တို့အနေနဲ့သူတစ်ပါးကိုမေးခွန်းထုတ်နေမယ့်အစားကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ပြီးပြောင်းလဲသင့်တဲ့အမူအကျင့်တွေကိုပြုပြင်ပြောင်းလဲလိုက်ရင်ကံကောင်းခြင်းဟာကျွန်တော်တို့ရဲ့ရှေ့တည့်တည့်မှာရောက်ရှိနေခြင်းဖြစ်ပါတယ်