ရွှေအတုအစစ်အလွယ်ခွဲခြားနည်း(၄)မျိုးရွှေကိုအတုလားအစစ်လားဆိုတာအမြင်နဲ့အလွယ်တကူဆုံးဖြတ်လို့မရပါဘူး ဗဟုသုတရစေရန်မျှဝေပေးလိုက်ပါတယ်ရှင့်သံလိုက်ကိုအသုံး ပြုစမ်းသပ်ခြင်းသံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါရွှေ

အစစ်ဆိုရင်သံလိုက်နဲ့ကပ်ပါလာခြင်းမျိုးမရှိဘဲရွှေအတုဆိုရင်သတ္တုပါဝင်တဲ့အတွက်သံလိုက်နဲ့ကပ်ပါလာတာကိုကြည့်ပြီးခွဲခြားပေးနိုင်ပါတယ်။ရေကိုအသုံးပြုစမ်းသပ်ခြင်းရေဖြည့်ထားတဲ့ဖန်ခွက်ထဲသို့ရွှေကိုနစ်ကြည့်လိုက်တဲ့အခါစစ်မှန်

တဲ့ရွှေဟာသိပ်သည်းဆများတဲ့သတ္တုဖြစ်တဲ့အတွက်ကြောင့် ရေထဲသို့ချက်ခြင်းနစ်မြုပ်သွားတာတွေ့ရမှာပါရေပေါ်ပေါ လောပေါ်နေမယ်ဆိုရင်တော့ရွှေအစစ်မဟုတ်ကြောင်းသိရှိနိုင်ပါတယ်တစ်ခုသတိထားရမှာကတော့သိပ်သည်းဆများ

တဲ့သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့နစ်မြုပ်သွားနိုင်တာမို့ရေကိုအသုံးပြုစမ်းသပ်တဲ့အခါအထူးသတိပြုရန်လိုအပ်ပါတယ်ရှင့်ရှာလကာရည်ကိုအသုံးပြုစမ်းသပ်ခြင်းမီးဖို ချောင်သုံးပစ္စည်းဖြစ်တဲ့ရှာလကာရည်ကိုအသုံးပြုပြီးတော့

လည်းရွှေအတုနဲ့အစစ်ကိုးလွယ်လွယ်ကူကူခွဲခြားနိုင်ပါတယ်စမ်းသပ်စစ်ဆေးမယ့်ရွှေကိုရှာလကာရည်နဲ့ထိတွေ့လိုက်တဲ့အချိန်မှာအရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော့ရွှေအစစ် ဖြစ်ကြောင်းသိနိုင်ပါတယ်။အရောင်ပြောင်းလဲသွားတယ်ဆို

ရင်တော့ရွှေအစစ်မဟုတ်ကြောင်းသိရှိရမှာဖြစ်ပါတယ်။နိုက်ထရစ်အက်စစ်ဖြင့်စမ်းသပ်ခြင်ရွှေကိုနိုက်ထရစ်အက်စစ်ဖြင့်စိမ်ကြည့်တဲ့အခါရွှေအစစ်ဆိုရင်တော့အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲအရောင်တိုင်းရှိနေမှာပါ။ရွှေအတုဆိုရင်တောအက်စစ်နဲ့

ဓာတ်ပြုသွားပြီးတော့သတ္တုရဲ့မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်။ဒီနည်းလမ်းလေးတွေကတောရွှေအတုအစစ်ကိုလွယ်ကူတဲ့နည်းလမ်းတွေနဲ့ခွဲခြားနိုင်တဲ့နည်းလမ်းတစ်ချို့ဖြစ်ပါတယ်ရှင့်။ခရက်တစ်