ကားကျော်တက်တော့မယ်ဆိုသတိထားသင့်တဲ့အချက်(၈)ချက်ကားတစီးနဲ့တစီးအရှိန်နဲ့ကျော်တက်ခြင်းဟာ အရမ်းအန္တရာယ်များပါတယ်ကျော်တက်တော့မယ်ဆိုရင်လည်း ထည့်စဉ်းစားရမယ့် အချက်တွေအများကြီးပဲ

ကိုယ့်ကားရဲ့အင်ဂျင်ပါဝါ၊သွားနေတဲ့အရှိန်လမ်းအနေအထားအစရှိသဖြင့်ပေါ့ဆိုတော့ကကားကျော်တက်တော့မယ်ဆိုကျနော်အခုပြောမယ့်အခြေခံအချက်လေးတွေတော့ကြိုသိထားသင့်ပါတယ်ဒါမှသာအန္တရာယ်ကင်းကင်းနဲ့လိုရာခရီးကိုရှေ့ဆက်နိုင်မှာပေါ့နော်။

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁။နောက်ကြည့်မှန်၊ ဘေးမှန် တွေကိုအလကားမထားပါနဲ့။ကား ကျော်တော့မယ်ဆိုအကုန်ပတ်ကြည့်ပါအနဲဆုံး၂ ခေါက်လောက်သေချာအောင်ကြည့်ပါ၁ ခေါက်လောက်နဲ့ကိုယ့်မျက်စိကိုယ်မယုံပါနဲ့ ဖြစ်သွားတဲ့မတော်တဆ တွေထဲမှာ နောက်ကြည့်မှန်သေချာမကြည့်တာကလဲအချက်တချက်အနေနဲ့ပါနေတတ်ပါတယ်။

၂။ကိုယ့်မျက်စိတဆုံး ရှေ့ကိုလှမ်းမမြင်ရဘူးဆိုလုံးဝလုံးဝ ကျော်တက်ဖို့မကြိုစားပါနဲ့။ဥပမာ မြူကျနေတာပဲ ဖြစ်ဖြစ်၊မိုးတအားသဲနေတာပဲဖြစ်ဖြစ်၊ကိုယ့်မျက်စိကသေချာ မြင်ရဘူးဆိုနောက်ကနေပဲလိုက်ပါ။မကျော်တက်ပါနဲ့။

၃။ကားမကျော်တက်ဖို့လမ်းညွန်အမှတ်အသားတွေပြထားတဲ့နေရာတွေမှာလုံးဝမကျော်တက်ပါနဲ့။အဲ့လိုလမ်းညွန်အမှတ်အသားတွေကအလကားပြထားတာမဟုတ်ပါဘူးခဏခဏမတော်တဆဖြစ်တဲ့နေရာတွေမှာပြထားတတ်တာများပါတယ်

၎။အရေးအကြီးဆုံးအချက်ပါကိုယ့်ကား လက်ရှိသွားနေတဲ့အရှိန်နဲ့ကိုယ်ကျော်မယ့်ကားရဲ့အရှိန်ကိုအချိန်တိုအတွင်းတွက်ချက်တတ်ရပါမယ်ကိုယ်ကျော်မယ်ဆိုတဲ့အကြောင်းကိုအချက်အရင်ပြပါ ရှေ့ကားနောက်ကား မြင်အောင်

အများအားဖြင့်မြို့ပြင်ဖက်အဝေးပြေးလမ်းတွေမှာအရှိန်နဲ့မောင်းနေတာဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်မြန်မြန်ချဖို့လိုပါတယ်မျက်နှာခြင်းဆိုင်ကားမလာတဲ့ရန်ကုန်မန္တလေးအမြန်လမ်းလိုမျိုးက ပြဿနာသိပ်မရှိပေမယ့်မျက်နှာခြင်းဆိုင်ကားလာတတ်တဲ့လမ်းမျိုးတွေဆိုအန္တရာယ်များပါတယ်။

အကယ်၍ ကားကျော်တက်ဖို့အရှိန်တင်လို့လိုသလောက်အရှိန်မရဘူးဆိုရင်ဂီယာအကြီးနဲ့ကျော်သင့်ပါတယ်။ကျော်တက်မယ်ဆိုတိုင်းလမ်းရဲ့ဘယ်ဘက် ခြမ်း(အပေါ်)ကနေပဲကျော်တက်ပါ။ ခြွင်းချက်အနေနဲ့အခြေအနေအရ

အောက်ကြောကနေ(ညာ)ကျော်ဖို့လိုတဲ့ နေရာတွေမှာတော့ သတိထားကျော်တက်ရပါမယ်ဥပမာ ရှေ့ကားကဘယ်ဘက်ကွေ့မယ်အချက်ပြထားလျှင်၅။ကျော်တက်ပြီးသွားပြီဆိုရင်လဲ ချက်ချင်း ကျော်တက်ပြီးတဲ့ ကားရဲ့လမ်းကြောင်းထဲကို

ပြန်မဝင်ရပါဘူးအန္တရာယ်ကင်းတဲ့အကွာအဝေးတခုရောက်မှညာဖက်လမ်းကြောကို ပြန်ဝင်သင့်ပါတယ်ကိုယ့် နောက်ကြည့်မှန်ကနေကျော်ခဲ့တဲ့ကားကိုလှမ်မြင်ရတဲ့အနေအထားနောက်တခုကဘယ်ဘက်ကြောမှာမောင်ပိုင်စီးပြီး

တချိန်လုံးတက်မမောင်းနေရဘူးနော်ဘယ်ဘက်ကြောကတစီးနဲ့တစီးကျော်ဖို့ပဲပေးထားတာကျော်ပြီးတာနဲ့ညာဖက်လမ်းကြောကိုပြန်ဝင်ပေးရမယ်၆။ဟိုင်းဝေးအချက်ပြစနစ်တွေအနေနဲ့ကတော့အားလုံးသိပြီးတဲ့အတိုင်းသတ်မှတ်ထားတဲ့

စည်းကမ်းအသစ်တွေကိုလိုက်နာဖို့လိုပါတယ်။ညာဖက်ပြထားလျင်ညာဖက်၊ ဘယ်ဖက် ပြထားရင်ဘက်ဖက် ကွေ့မယ်လို့ပဲမှတ်ယူသင့်ပါတယ်။ဟိုးအရငစနစ်တွေကို မေ့ထားလိုက်ဖို့ လိုပါတယ်ညာဖက်လမ်းကြောကနေဘယ်ဖက်လမ်း

ကြောကိုထွက်ပြီးစကျော်တော့မယ်ဆိုတာနဲ့ဘယ်ဖက်အချက်ပြပါ ကျော်ပြီး ညာဖက်ပြန်ဝင်မယ်ဆိုတာနဲ့ညာဖက်အချက်ပြန်ပြပါစနစ်ဟောင်းအချက်ပြစနစ်ကိုဆက်သုံးနေသူတွေတချို့တော့ကျန်နေသေးတဲ့အတွက်သတိတော့ထားကြပါ၇။ကိုယျ့မကျြစိတဆုံးမမြင်ရတဲ့အကွေ့အကောက်တွေ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကုန်းတက်တွေမှာလုံးဝကျော်တက်ဖို့မစဉ်းစားပါနဲ့နော်၈။ဘယ်သောအခါမှကားကျော်ရင်၂စီး၃စီးဆင့်မကျော်ပါနဲ့လုံးဝမလုပ်ပါနဲ့ကားကျော်တင်ခြင်းဆိုင်ရာသိထားသင့်တဲ့အချက်များကို ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်လိုရာခရီးကို အန္တရာယ်ကင်းစွာ အရောက်လှမ်းနိုင်ကြပါစေ