သမီးမိန်းကလေးတွကိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိစေဖို့လမ်းညွှန်ပေးသင့်တဲ့အချက်များမိန်းကလေးတွေကအသက်၈နှစ်အရွယ်လောက်ကိုရောက်တဲ့အခါပတ်ဝန်းကျင်ခန္ဓာကိုယ်ပြောင်းလဲမှုသူငယ်ချင်းမိသားစုတွေကြောင့်
ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုကလျော့ပါးသွားပါတယ်တစ်ခါတရံမှာအဲဒီအရွယ်ကနေစပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာလည်း ဖြစ်တတ်ပါတယ်ဒါပေမယ့်စိတ်ပူစရာမလိုပါဘူးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့
မိန်းကလေးတွေကိုယုံကြည်မှုရှိလာအောင်ယုံကြည်မှုတွေ ပျောက်နေရင် ပြန်လည်သန်မာလာအောင်လုပ်ပေးနိုင်မယ့်နည်းလမ်းတွေရှိပါတယ်၁။သင့်သမီးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာစေတဲ့အကြောင်းအရင်းကိုရှာပါ
လေ့လာချက်တွေအရမိန်းကလေးတွေမှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကအသက် ၈နှစ်ကနေ၁၄ နှစ်မှာ လျော့ကျသွားပါတယ်ပုံမှန်အားဖြင့်တော့မိဘတွေရဲ့ မျှော်လင့်ချက်ကြီးမားမှုနဲ့အလွန်ကျွံအုပ်ထိန်းမှုတို့ကြောင့်ပါအဲဒါကြောင့်
ဆယ်ကျော်သက်ဖြစ်ခါစမိန်းကလေးတွေရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ဖို့လည်းလိုအပ်ပါတယ်၂။အကြောက်တရားတွေကိုရင်ဆိုင်တတ်အောင်အားပေးပါတချို့အရာတွေကိုသင့်သမီးကစတင်သင်ယူချင်ပေမယ့်သူ့မှာ
ကြောက်စိတ်မဝံ့မရဲစိတ်တွေရှိနေမှာပါဥပမာသင့်သမီးက ရေကူးသင်ချင်ပေမယ့် ကြောက်ရွံ့နေတယ်ဆိုရင်ရေကူးသင်တဲ့အခါရလာမယ့် ကြောက်စိတ်တွေကိုချရေးဖို့ ပြောပါပြီးတော့အဲဒီအခက်အခဲတွေကိုဘယ်လို ဖြေရှင်းနိုင်မလဲ
ဆိုတာကို ပြောပြပါသူ့ရဲ့အရင်အတွေ့အကြုံတွေကိုလည်းမမေ့ပစ်လိုက်ဖို့လိုပါသေးတယ်ဆုံးရှုံးမှုနဲ့ရင်ဆိုင်ပြီးနောက်လက်မလျှော့တတ်စေဖို့သင်ပေးပါအရှုံးကမဖြစ်မနေ တွေ့ကြုံရမယ့်အရာပါဒါပေမယ့်သင့်သမီးလေးကို
အရှုံးတွေ တွေ့ရတဲ့အခါလက်ခံတတ်အောင်၊သင်ခန်းစာယူတတ်အောင်၊ နောက်တစ်ကြိမ်အတွက်အဆင်သင့်ဖြစ်နေအောင်လမ်းညွှန်ပေးပါဒါ့အပြင်အရှုံးဆိုတာ နောက်ဆုတ်ဖို့မဟုတ်ဘဲသန်သန်မာမာနဲ့ ရှေ့ဆက်တိုးနိုင်ဖို့သင်ကြားပေးတဲ့
အရာ ဖြစ်ကြောင် ပြောပြပေးနိုင်ပါတယ် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့စကားကိုအသုံးပြုတတ်အောင်သင်ကြားပေးပါသင့်သမီးက ကျောငးမှာလူအများရှေ့စကာထွက်ပြောရတဲ့အခြေအနေမျိုးတွေမှာဖြစ်ကောင်းဖြစ်နိုင်တယ်
ဆိုတဲ့စကားကိုထည့်ပြောတတ်စေဖို့ ပြောပြထားပေးပါဒီစကားကသူ့အတွက် သေချာမသိသေးတဲ့အကြောင်းအရာတွေမှာထိန်းချုပ်လိုက်နိုင်ဖို့အကူအညီ ဖြစ်စေမှာပါပြီးတော့သူ့အတွက်စဉ်းစားချိန်လည်းပိုရ စေပါတယ်
၅။ကိုယ်ပိုင်ရွေးချယ်မှုရအောင်ခွင့်ပြု ပေးပါသင့်သမီးကိုအိမ်မှာ ရွေးချယ်မှုတွေအတွက်ဆုံးဖြတ်ခွင့်မပေးရင်အပြင်ရောက်တဲ့အခါလည်းမဆုံးဖြတ်တတ် ဖြစ်နေမှာပါအဲဒါကြောင့်အသေးအမွှာအရာလေးတွေကနေစပြီး
ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်တတ်အောင်ခွင့်ပြုပေးပါသူ့ရဲ့ဆုံးဖြတ်ချက်ကိုမိဘတွေကယုံကြည်တဲ့အခါကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလည်းတိုးလာစေမှာပါ၆။ကြိုးစားအားထုတ်မှုတွေအတွက်ချီးကျူးပါရလဒ်ကောင်းထွက်လာမှ
ချီးကျူးတာမလုပ်ဘဲကြိုးစားအားထုတ်မှုကောင်းရင်ချီးကျူးပေးပါအဲဒီအခါသူ့ကြိုးစားမှုကအရာမထင်ရင်တောင်သင့်ရဲ့အားပေးမှုကြောင့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက လျော့သွားမှာမဟုတ်ပါဘူးသူ့ရဲ့ကြိုးစားအားထုတ်မှုကိုဉာဏ်ရည်
နဲ့တော့မတိုင်းတာသင့်ပါဘူးဉာဏ်ရည်နဲ့တိုင်းတာကစိတ်ခွန်အားတွေကို လျော့စေသလိုအလုပ်ကြိုးစားချင်စိတ်လည်း ပျောက်စေပါတယ်၇သင့်ရဲ့ကျရှုံးမှုတွေအကြောင်းမျှဝေပြောပြပါကလေးတွေကမိဘတွေကိုသူတို့ရဲ့စံပြအဖြစ်
သတ်မှတ်ထားပါတယ်အဲဒါကြောင့်တေအခက်အခဲတွေကိုသင်ကြုံတွေ့ရစဉ်ကဘယ်လို ဖြတ်ကျော်ခဲ့ကြောင်း၊ဘယ်လိုခံစားရခဲ့ကြောင်းစတဲ့အတွေ့အကြုံတွေကိုရင်းရင်းနှီးနှီးအကြံပေးပါ