ဟားဗတ်တက္ကသိုလ်ကကျွမ်းကျင်သူတွေအကြံပေးတဲ့လိမ္မာတဲ့ကလေးဖြစ်အောင်ပျိုးထောင်ပေးလို့ရမယ့်လျှို့ဝှက်ချက်(၆)ချက်မိဘတိုင်းကသူတို့သားသမီးတွေကိုသူတို့ထက်ပိုကောင်းတဲ့လူဖြစ်အောင်ကြီးပြင်းစေချင်ကြပါတယ်
ဒါကြောင့်ဟားဗတ်တက္ကသိုလ်ကပညာရှင်တွေရဲ့အကြံပြုထားတဲ့သင့်ကလေးကိုကြင်နာမှု၊တာဝန်သိမှု၊သနားကြင်နာမှုတို့နဲ့ဘယ်လိုရှေ့ဆက်လျှောက်စေမလဲဆိုတဲ့နည်းလမ်းတွေကို ပြောပြပေးပါမယ်သင့်ကလေးကိုသူတို့ရဲ့စိတ်ခံစားချက်တွေ
ကိုထိန်းချုပ်တတ်အောင်သင်ပေးပါ။ဒေါသ၊ဝမ်းနည်းမှုနှင့်စိတ်ပျက်မှုတွေဟာလူကြီးတွေမှာသာမကကလေးတွေမှာပါ ဖြစ်တတ်ပါတယ်ဒါကြောင့်နေရာတိုင်းကိုအဆိုးမမြင်စေပဲအခြေအနေတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ဘယ်လိုဖြေရှင်းရမလဲ
ဆိုတာကိုသင်ကြားပေးသင့်ပါတယ်သင့်ကလေးစိတ်တည်ငြိမ်နေတဲ့အချိန်ကျရင်ဒီနည်းလမ်းလေးတွေကိုပြောပြထားသင့်ပါတယ်နှာခေါင်းကနေလေဝဝရှုသွင်းပြီးတော့၅စက္ကန့်လောက်ပါးစပ်ကနေလေပြန်မှုတ်တတ်အောင်သင်ပေးပါစိတ်ရှုပ်စရာ
ကိစ္စတစ်ခုခုကြုံလာပြီဆိုတိုင်းဒီနည်းလမ်းလေးကိုလုပ်ဖိုအတွက်ပြောပြထာပါသူတို့ရဲလုပ်ရပ်တွေအတွက်တာဝန်ရှိကြောင်း ပြောပြပါ။ကလေးတွေဆိုတာဟာအဖေနဲ့အမေရဲ့လုပ်ရပ်တွေကိုအမြဲအတုလိုက်ယူတတ်ပါတယ်အကျင့်စာရိတ္တကောင်းမွန်
ခြင်း၊အချင်းချင်းကူညီတတ်ခြင်းနှင့်ကမ္ဘာကြီးကိုဂရုစိုက်ဖို့စိတ်ကူးစိတ်သန်းတွေအကြောင်းကိုသူတို့နှင့်ဆွေးနွေးပါ။သူ့ရဲ့လုပ်ရပ်တွေအတွက်တာဝန်ယူမှုဆိုတာဘယ်လိုလဲဆိုတာကိုရှင်းပြပါအရေးကြီးဆုံးကတော့သင့်ကိုယ်ပိုင်စကားနဲ့အညီ
ပြုမူနေထိုင်ဖို့မမေ့ပါနဲ့။သင့်ကလေးကိုကောင်းတဲ့အရာတွေလုပ်ဖို့တိုက်တွန်းပါသင့်ကလေးကိုစာနာနားလည်တတ်အောင်နှင့်အားနည်းသူတွေကိုကူညီတတ်အောင်သင်ပေးပါသင့်က လေးကိုသူချစ်ခင်ရသူနှင့်သူငယ်ချင်းများအတွက်သာမက
အကူအညီလိုအပ်နေသူတိုင်းအတွက်ပါသနားကြင်နာတတ်စေဖို့သင်ပေးတာကအလွန်ကိုအရေးကြီးပါတယ်နေရာအသစ်တစ်ခုခုကိုရောက်သွားတဲ့အခါဘယ်လိုခံစားရမလဲကြင်နဖေးမဖို့ကဘယ်လောက်အရေးကြီးလဲဆိုတာကိုပြောပြပါ
ပီးတော့လမ်းဘေးမှာစားစရာမရှိတဲ့သူတွေနဲ့တွေ့တဲ့အခါဘယ်လိုပြုမှုရမလဲဆိုတာကိုပြောပြပါဒီလိုတွေပြောပြတာကကလေးတွေကိုလူမှုတာဝန်ဝတ္တရားတွေရဲ့အရေးပါပုံကိုသိရှိနားလည်လာစေနိုင်ပါတယ်သင့်ကလေးကိုကျေးဇူးသိတတ်
အောင်သင်ပေးပါသင့်ကလေးဟာတစ်စုံတစ်ခုအတွက်ဒါမှမဟုတ်တစ်စုံတစ်ဦးကိုကျေးဇူးတင်ကြောင်းအသိအမှတ်ပြုကြောင်းပြောဖို့ဘယ်သောအခါမှမရှက်ဖို့ ပြောပြထားခြင်းကအရေးကြီးပါတယ်ဥပမာအားဖြင့်သူ့အဘွားကလုပ်ပေးထား
တဲ့အရသာရှိတဲ့မုန့်တွေအတွက်အဘွားကိုပွေ့ဖက်ပြီးကျေးဇူးတင်ကြောင်းပြောတတ်ဖို့ပါ။လိုအပ်တဲ့အခါတိုင်းကျေးဇူးတင်ကြောင်းအမြဲပြောတတ်ဖို့နဲ့သူတို့အတွက်တစ်ခုခုလုပ်ပေးတယ်ဆိုလည်းကျေးဇူးတင်ပြောင်းပြောဖို့ ပြောပြထားပါ။
သုတေသနပြုချက်တွေအရကျေးဇူးတင်ကြောင်းဖော်ပြဖို့မရှက်မကြောက်တဲ့သူတွေဟာပြုလုပ်သူတွေထက်ပိုပြီးပျော်ရွှင်ကျန်းမာကြောင်းသိရပါတယ်။မိသားစုကိုတန်ဖိုးထားတတ်အောင်သင်ပေးပါ။မိဘအများစုဟာကျောင်းဒါမှမဟုတ်
အားကစားမှာသားသမီးများတွေအောင်မြင်တာကိုပဲလိုချင်ကြပါတယ်။တစ်ခါတလေသူများကို လေးစားတတ်အောင်သင်ပေးဖို့မေ့နေတတ်ကြပါတယ်။ဒါကြောင့်သင့်မိသားစုရဲ့ကိုယ်ပိုင်တန်ဖိုးတွေကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပြီးတော့
သင့်ကလေးကိုစကားလုံးတွေနာခံတတ်အောင်အကျင့်စာရိတ္တ ကောင်းမွန်အောင်သင်ကြားပေးပါ။သင့်ကလေးကလူတွေကို လေးစားသမှုပြုသူလားသူတို့ကတိတွေကိုလိုက်နာကြသလားသူတို့ရဲ့ရွယ်တူတွေအပေါ်ဒါမှမဟုတ်သူတို့ကိုစိတ်ဆိုးစေတဲ့
သူတွေအပေါ်ဘယ်လိုပြုမူနေထိုင်ကြမလဲပြီးတော့သင့်ကလေရဲ့အကျင့်တွေဟာဘယ်သူ့ဆီကနေကူးစက်သလဲဆိုတာမမေ့ပါနဲ့နော်။အချိန်တွေတူတူဖြုန်းပေးပါသင့်ကလေးကိုပေါင်းသင်းဆက်ဆံမှုအားလုံးရဲ့စည်းကမ်းတွေအကြောင်းပြောရုံနဲ့
ကလေးကအကုန်လိုက်နာနိုင်မှာမဟုတ်ပါဘူးသင့်ကလေးနှင့်ယုံကြည်စိတ်ချရတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးစားပါသူတို့နဲ့စကားပြောပါ၊သူတို့နဲ့ကစားပါ၊အတူတူအချိန်ဖြုန်းပါ၊တစ်နေရာရာကိုခရီးထွက်ပါ၊ပြီးတော့သူတို့ကိုသင်ဘယ်
လောက်ချစ်ကြောင်းပြောပြဖို့ဘယ်တော့မှမမေ့ပါနဲ့ဒီလိုတွေလုပ်ပေးတာဟာချစ်ခြင်းမေတ္တာနှင့်လေးစားမှုတို့ကိုနားလည်သဘောပေါက်ပြီးဒီခံစားချက်တွေဟာပတ်ဝန်းကျင်မှာရှိတဲ့တခြားသူတွေဆီကိုဝေမျှကြင်နာတတ်ပီးရိုးသားသူဖြစ်လာစေဖို့ကူညီပေးမှာပဲဖြစ်ပါတယ်