အပြစ်တင်ရက်စရာမရှိအောင်စိုပြေနေတဲ့အသားအရေပိုင်ရှင်တွေရဲ့လျှို့ဝှက်ချက်နုပျိုတဲ့အသားအရေကိုပိုင်ဆိုင်ထားသူဟာသဘာဝကနေအလိုအလျှောက်ပေးထားတဲ့လက်ဆောင်တစ်ခုတော့မဟုတ်ပါဘူး။မှန်ကန်တဲ့ရွေးချယ်မှုကြောင့်ဒီလို
လှပတဲ့အသားအရေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုတော့ဒီလျှိုဝှက်ချက်ကိုဖော်ထုတ်ပေးတော့မှာဖြစ်ပါတယ်မျက်နှာသစ်တဲ့အခါ2-4-2Methodကိုအသုံးပြုပေးပါ။2-4-2methodဆိုတာမျက်နှာသစ်တော့မယ်ဆိုရင်အရင်
ဦးဆုံးသင့်မျက်နှာပေါ်မှာhydrophilicဆီကိုအရင်၄မိနစ်သုတ်လိမ်းပေးပါ။ပြီးလျှင်မျက်နှာသစ်ဆေးဖြင့်၂မိနစ်သုတ်ဘလိမ်းပေးပါအားလုံးပြီးသွားမှရေဖြင့်သင့်မျက်နှာကို၄မိနစ်လောက်အချိန်ပေးပြီးဆေးကြောပေးလိုက်ပါ။
ဒီနည်းလမ်းကို2StageCleanseလို့လည်းခေါ်ပါတယ်Konjacရေမြှုပ်ကိုအသုံးပြုပါသင့်မျက်နှာကိုဆေးကြောတဲ့အခါမှာKonjacရေမြှုပ်ကသင့်အတွက်အလွန်ကောင်းမွန်ပါတယ်Konjacရေမြှုပ်ဟာဝဥအမြစ်ကနေထုတ်လုပ်
ထားတဲ့သဘာယထုတ်ကုန်တစ်မျိုးပဲဖြစ်ပါတယ်ထိုအရမြှုပ်ကိုအသုံးပြုတော့မယ်ဆိုရင်အရင်ဦးဆုံးရေမြှုပ်ပျော့ပျောင်းလာအောင်ရေနွေးလေးနဲ့မိနစ်အနည်းငယ်လောက်စိမ်ပေးပြီးပြီးမှသင့်မျက်နှာပင်တစ်ဝှိုက်ကိုထိုရေမြှုပ်လေးနဲ့နဖူးကနေ
မေးစေ့အထိညင်ညင်သာသာပွတ်တိုက်ပေးလိုက်ပါKonjacရေမြှုပ်ကိုတော့Onlineကနေမှာယူလို့ရပါတယ်၃ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပါသင်နေပူထဲထွက်တာနဲ့နေရောင်ခြည်ကိုကာကွယ်ဖို့အတွက်အထူးဂရုစိုက်ဖို့အရေးကြီးပါ
တယ်နေကာမျက်မှန်၊ထီးသို့မဟုတ်ဦးထုပ်ဆောင်ထားပါနေရောင်ခြည်ကာကွယ်ဆေးကိုအသုံးပြုပေးပါအဆိုပါနေရောင်ခြည်ကာကွယ်ဆေးဟာနေလောင်ဒဏ်ကိုကာကွယ်ပေးတဲ့အပြင်အသားအရေအိုးမင်ခြင်းကိုလည်းကာကွယ်ပေးနိုင်
ပါတယ်။၄။ဆန်ဆေးရေကိုအသုံးပြုပေးပါဆန်ဆေးရေဟာရာစုနှစ်များစွာကသုံးစွဲခဲ့တဲ့သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ဆံကေသာအတွက်လည်းအသုံးပြုနိုင်သလိုသင်အသားအရေအတွက်လည်းအသုံးပြုနိုင်ပါတယ်။သင့်မျက်နှာကိုဆန်
ဆေးရေနဲ့ပုံမှန်ဆေးကြောပေးခြင်းဖြင့်အသားအရေကိုနူညံ့ပျော့ပျောင်းစေပြီးအသားအရေလည်းပိုမိုကောင်းမွန်လာစေပါတယ်။ခေါင်းလျှော်တဲ့အခါမှာဆန်ဆေးရည်ကိုအသုံးပြုပေးခြင်းဖြင့်ဆံသားကိုပိုမိုကောင်းမွန်စေပါတယ်
၅။ပူစီနံနှင့်အစိမ်းရောင်လက်ဖက်ရည်ပူစီနံနဲ့အစိမ်းရောင်လက်ဖက်ဟာသင့်အသားအရေအတွက်ကောင်းမွန်တဲ့ဒြပ်စင်တွေများစွာပါဝင်ပါတယ်ပူစီနံဆီနဲ့အစိမ်းရောင်လက်ဖက်ကိုအသုံးပြုပေးခြင်းဖြင့်ကျန်းမာတဲ့အသားအရေကိုရရှိမှာဖြစ်
ပြီးသင့်အတွက်များစွာအထောက်အကူဖြစ်စေပါတယ်နေလောင်ကွက်တွေနဲ့အသားအရောင်မညီညာမှုအတွက်နာရီပတ်တဲ့အခါနာရီပတ်ထားတဲ့နေရာနဲ့၊ဖိနပ်စီးတဲ့အခါဖိနပ်သဲကြိုဖိမိတဲ့နေရာတွေကအသားအရေကအခြားအသားအရေနဲ့
မတူပဲဖြူပြီးကွက်နေတတ်ပါတယ်ဒီလိုအသားရောင်မညီညာမှုကိုဖြေရှင်းဖို့အတွက်သဘာဝနည်းလမ်းလေးတစ်ခုမျှဝေပေးလိုက်ပါတယ်။ဒါကတော့သကြားလက်ဖက်ရည်ဇွန်းနဲ့၁/၂ခန့်၊စန္ဒကူးမှုန့်လက်ဖက်ရည်ဇွန်း၁ဇွန်းခန့်ကိုမွှေပေးပါ
ပြီးလျှင်ခရမ်းချဉ်သီးကိုတစ်ဝက်လှီးပြီးစန္ဒကူးနဲ့သကြားအရောအနှောကိုထိုခရမ်းချဉ်သီးခြမ်းမှာသုတ်လိမ်းပြီးသင်သုတ်လိမ်းချင်တဲ့နေရာတစ်ဝှိုက်ကို၅-၁၀မိနစ်လောက်ပွတ်တိုက်ပေးပါ။ပြီးမှရေဖြင့်သေချာဆေးကြောပေးလိုက်ပါ
ဆီကိုအသုံးပြုပေးပါ။အုန်းဆီ၊ထောပတ်ဆီ၊သံလွင်ဆီစတဲ့အော်ဂဲနစ်အဆီများကို မျက်နှာသာမကသင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ဘယ်နေရာမဆိုအသုံးပြုပေးနိုင်ပါတယ်အုန်းဆီဟာအသားအရေကိုစိုပြေအောင်ပြုစုပျိုးထောင်ပေးပြီးသံလွင်ဆီကတော့အသားအရေပျက်စီးမှုမရှိအောင်ကာကွယ်ပေးထားနိုင်ပါတယ်