ကင်ချီလုပ်နည်းပါဝင်ပစ္စည်းမုန်ညှင်းထုတ်၂ထုတ်မုန်လာဥနီ၁လုံးမုန်လာဥဖြူ၁လုံးချင်း၂ကျပ်သားပန်းသီးတခြမ်းကောက်ညှင်းမှုန့်ထမင်းစားဇွန်း၃ဇွန်းသကြားထမင်းဇွန်း၂ဇွန်း

ငရုပ်သီးမှုန့်ထမင်းဇွန်း၃ဇွန်းကြက်သွန်မြိတ်၅ပင်
ကြက်သွန်နီ၂လုံးကြက်သွန်ဖြူ၂ဥနှမ်းအနည်းငယ်အငန်ဖေါက်ထားတဲ့ပုဇွန်အနည်းငယ်(သို့)ပုဇွန်ခြောက်ငါးငန်ပြာရည်

ထမင်းစားဇွန်း ၃/၄ဇွန်းဆားလိုသလောက်ပြုလုပ်ပုံ၁-မုန်ညှင်းဖြူထုတ်ကိုသေးရင်ထက်ခြမ်း၊ကြီးရင်လေးစိတ်ခွဲရေနဲ့ဆေးကြောသန့်စင်ပြီးရေစစ်၊အရွက်အဖပ်ကြားတိုင်းကို

ဆားဖြူး(သို့)ဆားများများကိုရေဖျော်ပြီး မုန်ညှင်းထုတ်ကို ၃/၄ နာရီ လောက်နှပ်မကြာခဏအထက်အောက်လှန်ပေးပါ ဆားဖြူးရင်တော့ရေပြန်ဆေးပြီးရေညှစ်ပါဆားရည်စိမ်ရင်

တော့ရေညှစ်ပါဇကာတခုမှာရေစစ်ထားပါ၂မုန်လာဥနီနဲ့ မုန်လာဥဖြူကိုအချောင်းရှည်လေးတွေလှီးထားပါကြက်သွန်မြိတ်အချောင်းရှည်အမျှင်လေးတွေလှီးထားပါကြက်သွန်နီ

ပါးပါးလှီးထားပါချင်းအနည်းငယ်ကိုအချောင်းရှည်လေးတွေ ပါးပါးရိတ်ရိတ်လှီးထားပါပါးပါး၁-၂ပြားခန့်သာထည့်ပါကြက်သွန်ဖြူနဲ့ ကျန်တဲ့ချင်းကိုညက်အောင်ထောင်းထားပါ

ပန်းသီး(သို့)သစ်တော်သီးတခြမ်းကြိတ်ထားပါ(ပါးပါးလှီး ရင် လည်းရပါတယ်)ကောက်ညှင်းမှုန့်ကိုသကြားထည့်ရေအနည်းငယ်နဲ့ပြစ်ပြစ်လေးကျိုထားပါပြီးရင်ငရုတ်သီးမှုန့်

ပုဇွန်ခြောက်ငန်ပြာရည်နဲ့အားလုံးကိုရောနယ်ပါငရုတ်သီးမှုန့်ကကိုရီးယား ငရုတ်သီးမှုန့်ကပိုကောင်းပါတယ်ပုဇွန်ဆားငါးပိကလည်းကိုရီးယားမှကောင်းတာပါမရှိတဲ့အတွက်သူ့အစားပုဇွန်ခြာက်ထည့်ပါတယ်)၃ရေစစ်ထားတဲ့ မုန်ညှင်းဖြူထုပ်ရဲ့

အရွက်ဖတ်တွေကြားမှာ အနှစ်လေးတွေကိုထည့်ပေးပြီးလက်နဲ့ညှစ်ဆုတ်ဆုတ်ပေးပါဗူးသန့်သန့် ထဲမှာဖိသိပ်ပြီးထည့်ပါရာသီဥတုပူနွေးရင်အပြင်မှာ၂ရက်လောက်ထားပါပိုချဉ်ချင်တယ်ဆိုရင်၃ရက်လောက်ထားပါ

ဒါဆိုစားလို့ရပါပြီပြီးမှရေခဲသေတ္တာထဲထည့်ပြီးကြာရှည်ထားပြီးလိုအပ်သလိုစားသုံးနိုင်ပါတယ်သခွားသီးကိုလေးစိပ်ခွဲပြီး ဆားနဲ့နယ်ပြီးခဏနှပ်ထားပြီးအဲဒိအစာတွေကိုကြားထဲထည့်ပြီးသခွားသီးကင်ချီအဖြစ်လည်းစားနိုင်ပါတယ်Credit