ဒေါ်လာ၊ဘတ်၊ရွှေဈေးဆက်တိုက်ကျနေဒီကနေ့အောက်တိုဘာ၁ရက်၊နေ့လယ်ပိုင်းမှာတော့အမေရိကန်တစ်ဒေါ်လာကို၂၅၀၀ဝန်းကျင်သာရှိတော့သလိုထိုင်းဘတ်ဈေး၆၂အထိဈေးဆက်တိုက်ကျလာပါတယ်အကယ်ဒမီအခေါက်ရွှေတစ်ကျပ်

သားကိုကျပ်၂၂သိန်း၇သောငျးကြျောပေါကျစြေးရှိပွီးမနေ့ကရွှေဈေးနဲ့နှိုင်းယှဉ်ရင်တစ်ရက်အတွင်းနှစ်သိန်းကျော်ဈေးကျသွားခဲ့တာပါဒီလို ငွေဈေးအတက်အကျမြန်နေတာကြောင့်ဒီမနက်ပိုင်းကစပြီးအွန်လိုင်းငွေအရောင်းခေတ္တရပ်ထားကြတယ်လို့

အွန်လိုင်းဈေးရောင်းဝယ်သူတွေက နေသိရပါတယ်ရန်ကုန်မြို့က ငွေလဲ ကောင်တာတွေမှာတော့ ငွေစက္ကူလဲလှယ်ပေးတာတွေဆက်ရှိနေပေမဲ့ ပြင်ပပေါက်ဈေးကွာဟချက်များနေတုန်းပဲလို့သိရပါတယ်ငွေသားနဲ့ဝယ်မယ်ဆိုထိုင်းဘတ်

အရွက်ဈေးက၇၃ပါ။ ဒေါ်လာကဝယ်သူက ရောင်းမယ်ဆို၂၃၀၀၊ဝယ်မယ်ဆိုရင်တော့၂၇၅၀ပါလို့ရန်ကုန်မြို့ငွေလဲကောင်တာတစ်ခုကဝန်ထမ်းတစ်ဦးကဘီဘီစီကို ပြောပါတယ်အခုလို ဈေးကျနေတာနဲ့ပတ်သက်လို့ဗဟိုဘဏ်ကရောဘယ်လိုသုံးသပ်ထားပါလဲ