ကုန်းတက်တွေမှာကားနောက်ပြန်မလိမ့်ရအောင်အော်တိုဂီယာတွေမှာပါဝင်တဲ့Lဂီယာကိုဘယ်နေရာတွေမှာအသုံးပြုရမလဲကုန်းအတက်တစ်ခုကိုကားမောင်းတက်ရင်းအင်ဂျင်ထိုးရပ်သွားပြီးကားကနောက်ပြန်လှိမ့်တော့မလိုဖြစ်သွားတာဖြစ်တတ်ပါတယ်
ဒီလိုဖြစ်ရတာကုန်းအတက်မှာထိုးထားတဲ့ဂီယာရွေးချယ်မှုမှားယွင်းနေတာကြောင့်အင်ဂျင်ကကုန်းတက်ဖို့အတွက်လိုအပ်တဲ့ပါဝါလုံလောက်အောင်ထုတ်မပေးနိုင်ရာမှဆက်မရုန်းနိုင်တော့တဲ့အတွက်ထိုးရပ်သွားတာဖြစ်နေတတ်ပါတယ်။
ကားမောင်းလို့အဆင်ပြေအောင်ဂီယာတွေအဆင့်ဆင့်ထည့်ပေးထားပြီးဆီလျော်ရာဂီယာကိုရွေးချည်သုံးစွဲသွားရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်Lဂီယာကိုထည့်ပေးထားပါတယ်။Lက မတ်စောက်တဲ့တောင်တက်/ဆင်းတွေနဲ့ ဗွက်နစ်တဲ့နေလို့ရုန်း
ရတဲ့အခါမျိုးမှာရွေးချယ်သုံးစွဲဖို့ဒီဇိုင်းလုပ်ထားတာပါအော်တိုဂီယာမှာပါဝင်တဲ့P,R,N,D,S,Lတို့မှာLကLow gearကိုဆိုလိုပါတယ်။အနိမ့်ဆုံးဂီယာပါ။နံပါတ်(၁)ဆိုတဲ့ဂီယာတစ်ချက်နဲ့ပဲမောင်းနှင်နေမှာဖြစ်ပါတယ်။အင်ဂျင်ရုန်းဖို့အတွက်
ရည်ရွယ်ထားတဲ့အနိမ့်ဂီယာဖြစ်ပါတယ်။အင်ဂျင်မှာလည်တဲ့ပတ်ရေပိုမြန်ဖို့ဦးစားပေးတာရှိသလိုအင်ဂျင်ရဲ့လှည့်အားကောင်းဖို့ဦးစားပေးတာလည်းရှိတယ်။အမြင့်ဂီယာတွေအင်ဂျင် ကိုလှည့်အားကောာင်းဖို့ထက်ပတ်ရေမြန်မြန်လှည့်ပေးဖို့ကို
ဦးစားပေးထားတယ်
ကားကိုပိုမြန်မြန်ပြေးစေတယ်။အနိမ့်ဂီယာမှာတော့အင်ဂျင်ကိုအားပိုရဖို့ဦးစားပေးတယ်လှည့်အားပိုသန်မာနေစေတယ်။ရုန်းအားပိုကောင်းနေစေတယ်မတ်စောက်တဲ့တောင်တက်တဲ့အခါဆင်းတဲ့မောင်းနှင်ဖို့အဆင်ပြေနေစေတယ်Lကိုသုံးထားတဲ့အခါ
အင်ဂျင်လှည့်အားကိုကောင်းနေစေပြီးအမြန်နှုန်းကလျော့ကျနေမယ်။ဒီတော့ကုန်းဆင်းမှာLကိုသုံးထားတဲ့အခါကားကိုအရှိန်မလွန်အောင်ဂီယာကကူထိန်းပေးထားပါတယ်။ကုန်းတက်မှာLကိုသုံးထားတဲ့အခါအင်ဂျင်ကလှည့်အားကောင်းနေတဲ့အတွက်ရုန်းအားကောင်းနေလို့ကုန်းတက်ကိုတက်ဖို့ရုန်းနိုင်စေတယ်