ကေလးေတြကိုဆံုမတဲ့အခါဖခင္တိုင္းေဖ်ာက္ရမယ့္အက်င့္(၇)ခုသားသမီးအုပ္ခ်ဳပ္ပံုနဲ႔ပတ္သက္ၿပီးအေဖေတြေဖ်ာက္ရမယ့္အက်င့္(၇)မ်ိဳး(၁)အားေအာ္ျခင္းစိတ္ဆိုးေဒါသထြက္တဲ့အခါမ်ိဳး၊ပေျာခ်င္တဲ့အဓိကအခ်က္ကိုအာရံုစိုက္ေစ ခ်င္လြန္း တာမ်ိဳးရိွတဲ့အခါအေဖေတြကသားသမီးေတြကိုေအာ္တတ္ပါတယ္။

ဒါေပမဲ့ေအာ္ဟစ္ျခင္းဟာစိတ္ဆိုးေဒါသထြက္တာကိုမေျပေပ်ာက္ေစပါဘူး။ကိုယ္ေျပာမယ့္အဓိကအခ်က္ကိုကေလးကပို အာရံုစိုက္သြားမယ္လို႔ထင္ျမင္တာကလည္းမွားပါတယ္သင္ေအာ္ဟစ္ေနတဲ့အခ်ိန္မွာကေလးရဲ့စိတ္ထဲေၾကာက္စိတ္တစ္ခုပဲရိွပါတယ္။ဘာအေတြးမွသူ႔ေခါင္းထဲမွာအလုပ္မလုပ္ႏိုင္ပါဘူး။

သားသမီးေတြကိုမွမဟုတ္ဘဲမိသားစုဝင္ေတြနဲ႔ပတ္သက္တဲ့အခါေအာ္ဟစ္ျခင္းဟာျပႆနာကိုဘယ္လိုမွမေျဖရွင္းႏိုင္တဲ့နည္းျဖစ္ပါတယ္။အေျခအေနကိုပိုေတာင္ဆိုးသြားေစပါတယ္။(၂)အေျခခံလိုအပ္ခ်က္ မျဖၫ့္ဆည္းႏိုင္ျခင္းသားသမီးေတြရဲ့ အေျခခံလိုအပ္ခ်က္ကိုျဖၫ့္ဆည္းေပးႏိုင္ဖို႔လိုပါတယ္။

ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့အေျခခံလိုအပ္ခ်က္ေတြကိုျဖၫ့္ဆည္းဖို႔ေငြေၾကးလိုပါတယ္။ျပၫ့္ျပၫ့္ဝဝမျဖၫ့္ဆည္းေပး ႏိုင္တဲ့အခါမိသားစုတြင္းသင့္ရဲ့တာဝန္ဟာမေက်ပြန္သလိုျဖစ္ေနပါတယ္။သင့္ေပၚအေၾကာက္တရားသာရိွေနၿပီးေလးစားမႈေလ်ာ့က်ႏိုင္ပါတယ္။(၃)ကတိမတည္ျခင္းအေဖဟာသူတို႔အားကိုးထိုက္တဲ့လူလို႔ကေလးရဲ့စိတ္မွာ

မေျပာဘဲသိျမင္ေနရမွာျဖစ္ပါတယ္။ဒီ့အတြက္သင္ဟာကတိတည္ရပါမယ္။သူတို႔နဲ႔ပတ္သက္ရင္ခုတစ္မ်ိဳး၊ေတာ္ၾကာတစ္မ်ိဳ ေျပာလို႔မရပါဘူးသူတို႔အတြက္သင္ဟာမွန္းဆမရတဲ့သူ၊တသတ္မတ္တည္းမရိွတဲ့လူမ်ိဳးအျဖစ္ထင္ျမင္ေနမွာမ်ိဳးဟာလံုးဝမျဖစ္သင့္ပါဘူး။(၄ )ဇနီးကိုဆန႔္က်င္ျခင္းအေပ်ာ္သေဘာမ်ိဳးဆိုရင္ကိစၥမရိွပါဘူး။

ဒါေပမဲ့ကေလးေတြရဲ့ေရ႔ွမွာကိုယ့္ဇနီးကို၊ရိုက္တာ၊ေအာ္တာအျပင္ထင္ထင္ရွားရွားဆန႔္က်င့္တာမ်ိဳးေတာင္မလုပ္သင့္ပါဘူး။ကေလးေတြရဲ့စိတ္ပိုင္းဆိုင္ရာမွီခိုမႈဟာမိခင္ေတြေပၚမွာရိွပါတယ္သူတို႔ မွီခိုရသူတစ္ေယာက္ေစာ္ကားခံရတာဟာကေလးေတြကို စိတ္ဒဏ္ရာအႀကီးအက်ယ္ျဖစ္ေစပါတယ္။

(၅)အလိုလိုက္ျခင္းလိုခ်င္တယ္လို႔တစ္ခ်က္ေျပာလိုက္တာနဲ႔ခ်က္ခ်င္းျဖၫ့္ဆည္းေပးတာမ်ိဳးျဖစ္ပါတယ္အသစ္အဆန္းေတြကိုႏွစ္သက္တဲ့ကေလးဟာအသစ္အဆန္းျမင္တိုင္းလိုခ်င္ေနပါတယ္။ပူဆာပါတယ္။ဒါေပမဲ့သူတကယ္လိုခ်င္တာလားတကယ္ႏွစ္သက္တာလားဆိုတာကိုသင့္ဘက္ကသိဖို႔လိုပါတယ္။

ဝယ္ေပးသင့္တဲ့အခ်ိန္မွာဝယ္ေပးသင့္တဲ့အရာကိုပဲျဖၫ့္ဆည္းေပးသင့္တာပါ။(၆)ႏိွမ့္ခ်ျခင္းကေလးရဲ့စိတ္ဟာ ေပ်ာ့ေျပာင္း ပါတယ္။သူတို႔ကိုႏိွမ့္ခ်တာ၊သူတို႔ကိုမေကာင္းေျပာတာမ်ိဳးမလုပ္သင့္ပါဘူး။ကေလးတစ္ေယာက္အတြက္ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈေလ်ာ့က် သြားပါတယ္။ငါဟာသူတို႔ေျပာသလိုလူပဲဆိုတဲ့စိတ္မ်ိဳးျဖစ္သြားတတ္ပါတယ္။

ဘာကိုပဲေတြးေတြးငါကဒီလိုလူဆိုတဲ့အယူအဆေပၚအေျခခံၿပီးေတြးေတာပါေတာ့တယ္(၇)ကိုယ့္ကိုယ္ကိုယ္ဂရုမစိုက္သားသမီးေတြကိုဂရုစိုက္ဖို႔ဆိုရင္ကိုယ့္ကိုယ္ကိုယ္ဂရုစိုက္ဖို႔လည္းလိုပါတယ္။ကိုယ္က်န္းမာမွမိသားစုကိုေရရွည္ေစာင့္ေရွာက္ႏိုင္မွာျဖစ္ပါတယ္။ကိုယ့္ကိုယ္ကိုယ္တိုးတက္ဖို႔၊ယံုၾကည္မႈရိွေနဖို႔ကလည္းအၿမဲႀကိဳးစားေနရမွာျဖစ္ပါတယ္။

သားသမီးေတြကိုေအာ္ဟစ္ရိုက္ႏွက္ဆံုးမတာထက္သူတို႔ေလးစားေအာင္စံျပေနျပတာကပိုထိေရာက္တဲ့အုပ္ခ်ဳပ္ပံုျဖစ္ပါတယ္။ဒါေလးဖတ္ၿပီးရင္မိမိတို႔ရဲ့ရင္ေသြးငယ္ေလးေတြကိုဖခင္တစ္ေယာက္အေနနဲ႔လြဲမွားစြာဆံုးမအုပ္ခ်ဳပ္မိေနခဲ့လ်ွင္အခ်ိန္မီ ျပင္ဆင္ႏိုင္ၾကပါေစ။ခရစ္ဒစ္

ကလေးတွေကိုဆုံမတဲ့အခါဖခင်တိုင်းဖျောက်ရမယ့်အကျင့်(၇)ခုသားသမီးအုပ်ချုပ်ပုံနဲ့ပတ်သက်ပြီးအဖေတွေဖျောက်ရမယ့်အကျင့်(၇)မျိုး(၁)အားအော်ခြင်းစိတ်ဆိုးဒေါသထွက်တဲ့အခါမျိုး၊ပြောချင်တဲ့အဓိကအချက်ကိုအာရုံစိုက်စေချင်လွန်း တာမျိုးရှိတဲ့အခါအဖေတွေကသားသမီးတွေကိုအော်တတ်ပါတယ်။

ဒါပေမဲ့အော်ဟစ်ခြင်းဟာစိတ်ဆိုးဒေါသထွက်တာကိုမပြေပျောက်စေပါဘူး။ကိုယ်ပြောမယ့်အဓိကအချက်ကိုကလေးကပို အာရုံစိုက်သွားမယ်လို့ထင်မြင်တာကလည်းမှားပါတယ်သင်အော်ဟစ်နေတဲ့အချိန်မှာကလေးရဲ့စိတ်ထဲကြောက်စိတ်တစ်ခုပဲရှိပါတယ်။ဘာအတွေးမှသူ့ခေါင်းထဲမှာအလုပ်မလုပ်နိုင်ပါဘူး။

သားသမီးတွေကိုမှမဟုတ်ဘဲမိသားစုဝင်တွေနဲ့ပတ်သက်တဲ့အခါအော်ဟစ်ခြင်းဟာပြဿနာကိုဘယ်လိုမှမဖြေရှင်းနိုင်တဲ့နည်းဖြစ်ပါတယ်။အခြေအနေကိုပိုတောင်ဆိုးသွားစေပါတယ်။(၂)အခြေခံလိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်းသားသမီးတွေရဲ့ အခြေခံလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့လိုပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ငွေကြေးလိုပါတယ်။ပြည့်ပြည့်ဝဝမဖြည့်ဆည်းပေး နိုင်တဲ့အခါမိသားစုတွင်းသင့်ရဲ့တာဝန်ဟာမကျေပွန်သလိုဖြစ်နေပါတယ်။သင့်ပေါ်အကြောက်တရားသာရှိနေပြီးလေ းစားမှုလျော့ကျနိုင်ပါတယ်။(၃)ကတိမတည်ခြင်းအဖေဟာသူတို့အားကိုးထိုက်တဲ့လူလို့ကလေးရဲ့စိတ်မှာ

မပြောဘဲသိမြင်နေရမှာဖြစ်ပါတယ်။ဒီ့အတွက်သင်ဟာကတိတည်ရပါမယ်။သူတို့နဲ့ပတ်သက်ရင်ခုတစ်မျိုး၊တော်ကြာတစ်မျို ပြောလို့မရပါဘူးသူတို့အတွက်သင်ဟာမှန်းဆမရတဲ့သူ၊တသတ်မတ်တည်းမရှိတဲ့လူမျိုးအဖြစ်ထင်မြင်နေမှာမျိုးဟာလုံးဝမဖြစ်သင့်ပါဘူး။(၄ )ဇနီးကိုဆန့်ကျင်ခြင်းအပျော်သဘောမျိုးဆိုရင်ကိစ္စမရှိပါဘူး။

ဒါပေမဲ့ကလေးတွေရဲ့ရှေ့မှာကိုယ့်ဇနီးကို၊ရိုက်တာ၊အော်တာအပြင်ထင်ထင်ရှားရှားဆန့်ကျင့်တာမျိုးတောင်မလုပ်သင့်ပါဘူး။ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာမှီခိုမှုဟာမိခင်တွေပေါ်မှာရှိပါတယ်သူတို့ မှီခိုရသူတစ်ယောက်စော်ကားခံရတာဟာကလေးတွေကို စိတ်ဒဏ်ရာအကြီးအကျယ်ဖြစ်စေပါတယ်။

(၅)အလိုလိုက်ခြင်းလိုချင်တယ်လို့တစ်ချက်ပြောလိုက်တာနဲ့ချက်ချင်းဖြည့်ဆည်းပေးတာမျိုးဖြစ်ပါတယ်အသစ်အဆန်းတွေကိုနှစ်သက်တဲ့ကလေးဟာအသစ်အဆန်းမြင်တိုင်းလိုချင်နေပါတယ်။ပူဆာပါတယ်။ဒါပေမဲ့သူတကယ်လိုချင်တာလားတကယ်နှစ်သက်တာလားဆိုတာကိုသင့်ဘက်ကသိဖို့လိုပါတယ်။

ဝယ်ပေးသင့်တဲ့အချိန်မှာဝယ်ပေးသင့်တဲ့အရာကိုပဲဖြည့်ဆည်းပေးသင့်တာပါ(၆)နှိမ့်ချခြင်းကလေးရဲ့စိတ်ဟာပျော့ပြေ ာင်း ပါတယ်။သူတို့ကိုနှိမ့်ချတာ၊သူတို့ကိုမကောင်းပြောတာမျိုးမလုပ်သင့်ပါဘူး။ကလေးတစ်ယောက်အတွက်ကိုယ့်ကိုယ်ကိုယ် လေးစားမှုလျော့ကျ သွားပါတယ်။ငါဟာသူတို့ပြောသလိုလူပဲဆိုတဲ့စိတ်မျိုးဖြစ်သွားတတ်ပါတယ်။

ဘာကိုပဲတွေးတွေးငါကဒီလိုလူဆိုတဲ့အယူအဆပေါ်အခြေခံပြီးတွေးတောပါတော့တယ်(၇)ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်သာ းသမီးတွေကိုဂရုစိုက်ဖို့ဆိုရင်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်းလိုပါတယ်ကိုယ်ကျန်းမာမှမိသားစုကိုရေရှည်စောင့်ရှော က်နိုင်မှာဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့၊ယုံကြည်မှုရှိနေဖို့ကလည်းအမြဲကြိုးစားနေရမှာဖြစ်ပါတယ်။

သားသမီးတွေကိုအော်ဟစ်ရိုက်နှက်ဆုံးမတာထက်သူတို့လေးစားအောင်စံပြနေပြတာကပိုထိရောက်တဲ့အုပ်ချုပ်ပုံဖြစ်ပါတယ်။ဒါလေးဖတ်ပြီးရင်မိမိတို့ရဲ့ရင်သွေးငယ်လေးတွေကိုဖခင်တစ်ယောက်အနေနဲ့လွဲမှားစွာဆုံးမအုပ်ချုပ်မိနေခဲ့လျှင်အချိန်မီ ပြင်ဆင်နိုင်ကြပါစေ။ခရစ်ဒစ်

LEAVE A REPLY

Please enter your comment!
Please enter your name here