ကလေးတွေ တစ်ဘဝလုံး စိတ်ဒဏ်ရာ ရသွားစေနိုင်တဲ့ မိဘများရဲ့ လုပ်ရပ်များကလေးဆိုတဲ့ အရွယ်က နုနယ်လွန်းတဲ့ အဖြူရောင် အဝတ်စလို ပါပဲ။ ကလေးအရွယ်တွေကို သေချာ ပြုစုပျိုးထောင်ရတယ်ဆိုတာကလည်းဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။အစွန်းအထင်း လွယ်တဲ့ ကလေးဘဝမှာစိတ်ဒဏ်ရာရဖို့လည်းပိုပြီး လွယ်ကူနေပါတယ်။
ကလေးဘဝမှာ ဘယ်လို အခြေအနေတွေက စိတ်ဒဏ်ရာ ရဖို့ ဖြစ်နိုင်ဆုံးလဲ ဆိုရင်တော့အနီးကပ် ရှိနေတဲ့ မိဘတွေဆီက လုပ်ရပ်တွေက ပိုပြီး ဖြစ်နိုင်နေပါတယ်။(၁)ရန်ဖြစ်ခြင်းမိဘတွေရဲ့ ရန်ဖြစ်ခြင်းကို အမြဲလိုလို မြင်တွေ့ရတဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရသွား တတ်ကြပါတယ်သူတို့ကိုလျစ်လျူရှုမှုနဲ့ အမေနဲ့အမေက မချစ်ဘူးဆိုတဲ့
အသိတွေ ပေါင်းစုံသွားတဲ့အပြင်ဒီလိုမျိုး အော်ဟစ်နေတာအဆင်မပြေဖြစ်နေတာကသူတို့ရဲ့ အိမ်က ပျော်စရာမရှိဘူး ဆိုတာကို သဘောပေါက် သွားစေပြီး ကြီးတဲ့အထိ အိမ်ကို မခင်တွယ်တော့ တာတွေပါ ဖြစ်စေနိုင်ပါတယ်ရန်ဖြစ်တာကိုပဲ ကြည့်နေ ခဲ့ရတဲ့ကလေးမှာ ပြဿနာကို ဖြေရှင်းနိုင်စွမ်းမရှိဘဲရန်ဖြစ်ဖို့ ဦးတည်တတ်တာမျိုးတွေလည်း
ဖြစ်နေတတ်ပါတယ်၂အိမ်တွင်းအကြမ်းဖက်မှုအိမ်တွင်းအကြမ်းဖက်မှုတွေရှိနေတဲ့အိမ်ကကလေးတွေအတွက်စိတ်ဒဏ်ရာ ကြီးကြီးမားမားရစေတဲ့ အခြေအနေပါပဲအဖေက အမေ့ကိုလက်ပါသည် ဖြစ်စေ၊ အမေကအဖေ့ကိုလက်ပါသည် ဖြစ်စေကလေးက မြင်ရဖန်များလာတဲ့အခါမှာအကြောက်စိတ်ကြီးလာတတ်ပါတယ်။
ကိုယ့်ကိုပါ မိဘက ရိုက်နှက် တတ်လာရင် တုန့်ပြန်မှု လွန်ကဲတာတွေ ဖြစ်နေတတ်ပါတယ်မိဘကိုမချစ်တော့ဘဲဆန့်ကျင်တာနဲ့ ကြောက်လွန်းလို့အရိုက်မခံရအောင် နေရင်း နာကျင်မှုကိုမသိတော့တာမျိုးအကြမ်းဖက်မှုကိုမသိတော့တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။
(၃) ခွဲခြားဆက်ဆံမှုမိဘတွေကသားနဲ့သမီး ခွဲခြားတာအကြီး အငယ် ခွဲခြားဆက်ဆံတာနဲ့ တော်တဲ့သူညံ့တဲ့သူဆိုပြီး ခွဲခြားတာမျိုး လုပ်တာတွေ က ကလေးတွေ အတွက် ဘဝတစ်လျှောက်လုံး နာကျင်စေတဲ့အရာ ဖြစ်စေနိုင်ပါတယ်ခွဲခြား ခံရမှုကြောင့် ကိုယ့်ကိုယ်ကို မကျေနပ်စိတ်များတာ၊ မောင်နှမချင်း ချစ်စိတ်တွေ လျော့လာတာတွေ ဖြစ်လာတတ်သလို
မိဘအပေါ် ရန်လို မှုတွေပါ ဖြစ်တတ်ပါသေးတယ်ဒီအချက်ကြောင့်ပဲ ပြင်ပမှာ ခွဲခြားမှုတွေ တွေ့ရင် လွန်လွန်ကျူကျူး မကျေနပ်ကြောင်း တုန့်ပြန်တာတွေ ပြုလုပ်တတ်ပါတယ်(၄)အကြောက်တရားဖြင့်အုပ်ချုပ်မှုသားသမီးဆိုတာမိဘရဲ့စကား အခွန်းတိုင်းကို နာခံနေ ရမယ် လိုက်နာနေရမယ်ဆိုပြီး အုပ်ချုပ်တာမျိုးကလည်း သားသမီးတွေကို
စိတ်ဒဏ်ရာ ရစေနို င်ပါ တယ်။ နောက်ဆက်တွဲအနေနဲ့ အမှားအမှန်နဲ့တရားတာမတရားတာကိုမခွဲခြားတတ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။မိဘရဲ့ အသိအမှတ်ပြုဖို့ ကြိုးစားရာကနေ တစ်ခြား ဖိနှိပ်သူတွေကိုလည်း အပြစ်မမြင်ပဲကျိုးနွံတာမျိုးတွေလည်း ရှိလာသလို မိဘကို စွန့်ပစ်ပြီး ထွက်ပြေးချင်စိတ်တွေ ဖြစ်ရင်းကိုယ့်ကိုယ် မကောင်းတဲ့သူအဖြစ်
မြင်မိတာတွေစိတ်ကျရောဂါတွေပါ ဖြစ်သွားစေနိုင်ပါသေးတယ်။(၅)မိဘကို ဆုံးရှုံးရမှုကလေးတွေအတွက်မိဘဆိုတာ အတွယ်တာရဆုံးသူ ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ မိဘကို ခင်တွယ်တတ်တဲ့ အရွယ်ဖြစ်ပါတယ်။ ဒီအရွယ်မှာမိဘဖြစ်သူကမျက်စိရှေ့မှာဆုံးပါးသွားတာကို မြင်ရ တာမျိုးကတစ်သက်လုံးနာကျင်ရစေနိုင်ပါတယ်။
အရွယ်ရောက် သွားတဲ့အခါမှာမိဘအပေါ်တာဝန်မကျေနိုင်သလိုခံစားရနိုင်သလိုအပြစ်ရှိသလိုခံစားရတာမျိုးတွေအပြင်တစ်ခြားသောပတ်ဝန်းကျင်ရဲ့မိဘတွေအပေါ် ပြစ်တင်ခြင်းတွေကိုနားထောင်ရမှုကြောင့်နာကျင်မှုပိုဆိုးတတ်ပါတယ်မိဘတွေအနေနဲ့ စိတ်ခံစားချက်တွေကို သေချာထိန်းညှိနိုင်ဖို့လိုအပ်ပြီးကလေးတွေအပေါ်ထိခိုက်မှု ဖြစ်မှာတွေကိုဆင်ခြင်သင့် ပါတယ်နော်။Credit