ကံကောင်းခြင်းတွေကိုယ့်ဆီရောက်လာဖို့နေ့တိုင်းလုပ်ပေးရမယ့်အချက်၇ချက်ကံကောင်းခြင်းဆိုတာသူ့အလိုလိုဖြစ်လာတဲ့ အရာလား၊လုပ်ယူလို့ရတဲ့အရာလားလို့မေးရင်ဘယ်လို

ဖြေမှာပါလဲတကယ်တော့ကံကောင်းတယ်ဆိုတာကိုလုပ်ယူလို့ရပါတယ်ကံကောင်းအောင်လုပ်ယူလို့ရမယ့်နည်းလမ်းလေးတွေကိုတော့ အခုပဲဖတ်ပြီးတကယ်ဖြစ်မဖြစ်လိုက်လုပ်ကြည့်

လိုက်နော်၁စိတ်ရှင်းအောင်နေပါစိတ်ထဲမှာမရှင်းတာမျိုး၊စိတ်ဖိစီးမှုများနေတာမျိုး၊စိတ်ခံစားချက်တွေများနေတာမျိုးဖြစ်နေတဲ့အခါကိုယ့်ရဲ့စိတ်ကညစ်နွမ်းနေပြီးကောင်းမွန်တဲ့

အတွေးတွေကိုမတွေးနိုင်တော့ပါဘူးမကောင်းတဲ့အတွေးတွေကကံကောင်းခြင်းတွေကိုယ့်ဆီ ရောက်မလာအောင်တားဆီးနိုင်တာကြောင့်တတ်နိုင်သလောက်စိတ်ကိုရှင်းအောင်နေပါ

၂အမြဲသပ်သပ်ရပ်ရပ်ဝတ်စားပါအဝတ်အစားအပြင်အဆင်တွေကအပေါ်ယံတွေလို့ထင်ကြပါလိမ့်မယ်အဲ့ဒါထက်ပိုပါတယ်အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်တာကစိတ်ကို

ကြည်လင်စေပြီးကိုယ့်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကိုပါ တိုးတက်စေပါတယ်စိတ်ကြည်လင်နေတော့မကောင်းတဲ့အတွေးတွေမတွေးမိအောင်တားပေးနိုင်ပါတယ်

၃ကောင်းတာတွေဖြစ်လာမယ်လို့တွေးပါစိတ်အတွေးတွေကတကယ့်အဖြစ်အပျက်တွေကိုလွှမ်းမိုးနိုင်ပါတယ်ဒါကြောင့်ကံကောင်းခြင်းရင်ကောင်းတာတွေဖြစ်လာမယ်လို့တွေးပါ

၄အဆောင်ပစ္စည်းလေးတွေဆောင်ထားပါအဆောင်ပစ္စည်းတွေကကံကောင်းစေနိုင်တယ်လို့သေချာပေါက်မပြောနိုင်ပါဘူးဒါပေမယ့်အဲ့ဒီပစ္စည်းလေးတွေအပေါ်ထားတဲ့ယုံကြည်မှုနဲ့

စိတ်ခံစားချက်ကကံကောင်းခြင်းတွေဖြစ်လာအောင်အထောက်အကူဖြစ်စေပါတယ်၅သူများဘက်ကတွေးပေးပါသူများဘက်ကတွေးပေးတတ်မှကိုယ်ချင်းစာစိတ်ရှိမှာပါ

ကိုယ်ချင်းစာစိတ်ရှိတာကကြင်နာတတ်တဲ့စိတ်ကိုဖြစ်စေပြီးမကောင်းတာတွေမလုပ်မိအောင်တားဆီးနိုင်ပါတယ်ဒီတော့ကံကောင်းတာတွေပေဲဖြစ်လာပါလိမ့်မယ်၆တစ်နေ့တာကို

ကိုယ့်အတွက်အကျိုးရှိအောင်သုံးပါကံဆိုတာအလုပ်ဆိုတဲ့ စကားကိုကြားဖူးမှာပါဒါကြောင့်ကံကောင်းချင်ရင်အလုပ်တော့ကောင်းကောင်းလုပ်ဖို့လိုပါတယ်အလုပ်လုပ်ရာမှာ

လည်းကြီးကြီးကျယ်ကျယ်တွေလုပ်နေမှမဟုတ်ပါဘူး၊တစ်နေ့တာကိုအကျိုးရှိရှိအသုံးချပြီးနေနိုင်ရင်ပဲလုံလောက်ပါပြီ၇ခွင့်လွှတ်ပေးပါသူများတွေကိုယ့်အပေါ်ကျူးလွန်ထားတဲ့အပြစ်

တွေပဲဖြစ်ဖြစ်ကိုယ်ကကျူးလွန်ထားတာတွေပဲဖြစ်ဖြစ်အားလုံးကိုလွှတ်ချတတ်ဖို့ လိုပါတယ်အဲ့ဒါတွေကိုသယ်ဆောင်သွားမယ်ဆိုရင်ကိုယ့်အတွက်တောက်လျှောက်ဖိစီးနေနိုင်ပြီး

စိတ်ရှင်းရှင်းနေနိုင်မှာမဟုတ် ပါဘူးဒီလိုဆိုကံကောင်းခြင်းတွေလည်းလွယ်လွယ်နဲ့ရောက်လာတော့မှာမဟုတ်ပါဘူးcreditMAY THAZINHTOO