ကျန်းမာရေးမကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ဦးဝင်းနိုင်အား အလှူငွေ(၁၀)သိန်းကူညီထောက်ပံ့ပေးခဲ့တဲ့ မြင့်မြတ်တို့မိသားစုပြည့်သူအချစ်တော်မင်းသားချော မြင့်မြတ်ကတော့ အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
ကျရာဇာတ်ရုပ်ကို သဘာကျပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီဆုကို သိမ်းပိုက်နိုင်ခဲ့သူတစ်ဦးပါ။မြင့်မြတ်ကတော့ ပကာသနကင်းပြီး ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာကြောင့် ပရိသတ်တွေသဘောကျရတဲ့ သရုပ်ဆောင်တစ်ဦးဆိုလည်း မမှားပါဘူးနော်..။

အခုဆိုရင်တော့ မြင့်မြတ်က သူ့အပေါ်မှာနားလည်မှုအပြည့်ရှိတဲ့ ဇနီးလေးအပြင် ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူပဲဖြစ်ပါတယ်။
မြင့်မြတ်တို့မိသားစုလေးကတော့ အလှူရေစက်လက်နဲ့မကွာဆိုလို မကြာခဏ အလှုအတန်းပြုလုပ်လေ့ရှိသူတွေပဲဖြစ်ပါတယ်။
မြင့်မြတ်ကတော့ သူတတ်နိုင်တဲ့ဘက်ကနေ အနုပညာလောကသားတွေအတွက် လှူဒါန်းပေးခဲ့ပြီး အခုဆိုရင်လည်း ကျန်းမာရေးမကောင်းတဲ့ သရုပ်ဆောင်ဦးဝင်းနိုင်အတွက် အလှူငွေ(၁၀)သိန်းခန့်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

အလှူအကြောင်းလေးကိုတော့ ဦးဝင်းနိုင်ရဲ့ သမီးဖြစ်သူရဲ့အကောင့်ကနေ ရေးသားဖော်ပြထားပြီး “ဖေဖေ့အတွက် ကူညီထောက်ပံ့ငွေ1000000 လှူဒါန်းပေးပါသော ကိုမြင့်မြတ်တို့ ဇနီးမောင်နှံအား အထူးကျေးဇူးတင်ရှိပါတယ်..” ဆိုပြီးကျေးဇူးတင်စကားဆိုထားပါသေးတယ်။ပရိသတ်ကြီးကလည်း မြင့်မြတ်အလှူအတွက် သာဓုခေါ်ပေးခဲ့ပေးပါအုံးနော်..။