ကျန်းမာရေးအသိပညာရှိကြပါစေ ကြီးချင်တဲ့ဒုက္ခမပြောရင်ဒုက္ခရောက်ကုန်မှာမို့လို့မပြောချင်ပေမဲ့ပြောပါရစေသဲကုန်းမြို့နယ်ဆေးရုံမှာအတွေ့များလာတဲ့ရောဂါတစ်ခုကတော့ယောက်ျားလေးများလိင်တံကြီးချင်လို့ဆေးထိုးခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးရောဂါပဲ
အခုခေတ်မှာလူငယ်လူရွယ်တချို့ဟာအင်တာနက်ကအပြာရုပ်ရှင်တွေ၊ဖေ့ဘုတ်ကလိင်ပိုင်းဆိုင်ရာဆေးနဲ့ပစ္စည်းတွေရောင်းတဲ့တရားမဝင်ပေ့(Page)တွေမှ ကြော်ငြာအားကောင်းကောင်း အရေးအသားကောင်းကောင်းနဲ့ ရေးထားတာတွေကိုကြည့်ပြီးမိမိလိင်တံမိမိအားမလိုအားမရဖြစ်ကာသူတို့ကြေငြာတာတွေကိုစမ်းကြည့်တတ်ကြပါတယ်။
အဲ့လိုစမ်းကြည့်တဲ့ထဲမှာ သောက်ဆေး၊လိမ်းဆေးတွေအပြင် ကြီးဆေးထိုးဆေးဆိုတာကိုလက်တည့်စမ်းထိုးပြီး ဆေးရုံရောက်ရောက်လာတဲ့ လူငယ်လူရွယ်တွေကိုခုနောက်ပိုင်းမကြာခဏတွေ့နေရပါတယ်။ဒီနေ့ခွဲစိတ်ကုသတဲ့တစ်ယောက်ဆိုကြီးဆေးထိုးလိုက်လို့ဆိုးကျိုးအပြင်ရောဂါပိုးမျိုးစုံပါကူးစက်ခံထားလိုက်ရသူအိမ်ထောင်ရှိလူငယ်တစ်ဦးပါ
ကြီးဆေးထိုးခြင်းရဲ့ဆိုးကျိုးကဘာတွေလဲ၁။လိင်အင်္ဂါပုံစံမကျ၊ပုံစံပျက်သွားခြင်းကြီးဆေးထိုးတာကိုအရပ်အခေါ်အရသရီးစီစီထိုးတယ် သို့မဟုတ်ဆီလီကွန်ထိုးတယ်လို့ခေါ်ကြပါတယ်။ကြီးဆေးထိုးတဲ့အခါမှာ ဆေးကလိင်တံထဲမှာခဲသွားတဲ့အတွက်လိင်အင်္ဂါအရွယ်အစားကကြီးလာသော်လည်
းစမတ်ကျကျအချိုးအစားမှန်မှန်ကြီးလာတာမဟုတ်ပါမြန်မာနိုင်ငံမှာဒီလိုဆေးမျိုးတွေကိုတရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့အတွက်မှောင်ခိုဈေးကွက်ကနေဝင်လာတဲ့အခါဆေးတွေကအရည်အသွေးလုံးဝမပြည့်မှီတဲ့အပြင်ထိုးပေးတဲ့သူတွေကလည်း ဆရာဝန်တွေ ကျွမ်းကျင်ပညာရှင်တွေမဟုတ်ပါဘူး
၂။လိင်အင်္ဂါမှာအာရုံခံစားမှုမရှိတော့ခြင်းစီလီကွန်ထိုးခြင်းဟာ လိင်တံမှာရှိတဲ့သွေးကြောတွေ၊အာရုံကြောတွေကိုလည်းထိခိုက်ပျက်စီးစေနိုင်ပါတယ်။ဆေးထိုးလို့လိင်အင်္ဂါကကြီးလာပေမယ့်လည်းအာရုံကြော၊သွေးကြောတွေပျက်စီးသွားတဲ့အခါ သွေးအရောက်နည်းပြီး အာရုံခံစားမှုမရှိတော့တဲ့အတွက် လိင်တံထောင်မတ်ခြင်းမပြုနိုင်တော့ပါ။
ဒီအခါမှာသေးပေါက်ဖို့ကလွဲရင်ဘာမှအသုံးမဝင်တဲ့လိင်တံဖြစ်သွားမှာပါ။၃။လိင်အင်္ဂါတဝိုက်အနာဖြစ်ခြင်းအများဆုံးတွေ့ရတဲ့ရောဂါပါစီလီကွန်ထိုးဆေးနဲ့မတည့်တဲ့အခါသို့မဟုတ်အပ်မသန့်လို့ဆေးထိုးပေးတဲ့သူကတကိုယ်ရည်သန့်ရှင်းမှုမရှိလို့ ဆီးပိုးဝင်တဲ့အခါမှာ ဆေးထိုးပြီးနောက်ယားတာ၊အနာဖြစ်တာတွေဖြစ်နိုင်ပါတယ်။
အခန့်မသင့်ရင်ဘီပိုးစီပိုးကာလသားပိုးရောဂါပါရသွားနိုင်သလိုဆေးကမတော်တဆ ဝှေးစေ့နဲ့ဆီးခုံထဲရောက်သွားရင် အဲ့နေရာတွေမှာအလုံးအကြိတ်တွေဖြစ်နိုင်ပါတယ်။၄။ကင်ဆာဖြစ်တာစီလီကွန်ထိုးခြင်းရဲ့အဆိုးဆုံးဘေးထွက်ဆိုးကျိုးတခုကတော့ကင်ဆာဖြစ်နိုင်တာပါစီလီကွန်နဲ့ဆဲလ်တွေတစ်သျှူးတွေနဲ့တိုက်ရိုက်ထိတာကြာလာရင်ရေရှည်မှာကင်ဆာဖြစ်နိုင်ပါတယ်။
ဒါတွေကတော့ ကြီးဆေးထိုးခြင်းရဲ့ဆိုးကျိုးအန္တရာယ်တွေပါတချို့တွေကထိုးခါစမှာ ဖြစ်တာရှိသလိုတချို့ကျလည်းထိုးပြီးတနှစ်နှစ်နှစ်လောက်ကြာမှဖြစ်ပါတယ်။အချိန်စောတာနဲ့နောက်ကျတာပဲကွာပေမယ့်ထိုးသမျှလူတိုင်းအားလုံးနီးပါး ဒီဆိုးကျိုးတွေဖြစ်လေ့ရှိပါတယ်။ဘာလို့လဲဆိုတော့အပေါ်မှာတခါပြောခဲ့သလို ဆေးတွေကအရည်အသွေးမပြည့်မှီတဲ့အပြင်
ထိုးပေးတဲ့သူတွေကလည်းကျွမ်းကျင်ပညာရှင်တွေမဟုတ်လို့ပါ။ကြီးဆေးထိုးတာဟာဘေးထွက်ဆိုးကျိုးတအားများပြီး ပြန်လည်ကုသတဲ့အခါမှာလည်း ကုန်ကျစရိတ်တအားများကာနဂိုအတိုင်းပြန်ဖြစ် ပြန်ကောင်းဖို့ကလည်းမလွယ်ပါဘူး။ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးချင်တာက
လူငယ်လူရွယ်များအနေနဲ့ အင်တာနက်ကြည့်ပြီး ဖေ့ဘုတ်ကအရေးအသားကောင်းကောင်းနဲ့ကြော်ငြာထားတာတွေကြည့်ပြီးသူများမြှောက်ပေးတိုင်းကြီးဆေးထိုးတာမျိုးလုံးဝမလုပ်ဖို့အကြံပေးချင်ပါတယ်။ဒီရောဂါအတွက်အကောင်းဆုံးခွဲစိတ်ကုသမှုပေးနေသူကဒေါက်တာဇေရဲထက်ပဲမြို့နယ်ကျန်းမာရေးဦးစီးဌာန#creditသဲကုန်းမြို့ပြည်သူ့ဆေးရုံ