မြန်မာဆိုင်တွေဖွင့်ကာစပဲရောင်းကောင်းပြီးကြာရင်အရင်းပါ ပြုတ်သွားရတဲ့အကြောင်းရင်းအမှန်မြန်မာတွေဘာကြောင့်ဆိုင်ပြုတ်သလဲဖတ်ကြည့်နော်လူမျိုးခြားတွေဆိုင်လုပ်ငန်းလုပ်ကြတယ်။ လေးငါးနှစ်ကြာတဲ့အခါဆိုင်ခွဲတွေ

ထပ်ဖွင့်နိုင်တယ်လုပ်ငန်းအထိုင်ကြလို့ဆယ့်ငါးနှစ်လောက်ကြာရင်ဆိုင်ခွဲအနည်းဆုံး သုံးခုဖြစ်သွားပြီမြန်မာဆိုင်နဲ့ ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင်ဟာသိပ်မကြာခင်ပြုတ်ပြီးပြေးရပြီကျွန်တော်ဟာလွန်ခဲ့သောနှစ်သုံးဆယ်လောက်က

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အရောင်းအဝယ် ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာပညာသင်အလုပ်သမားအဖြစ်ဝင်လုပ်ရင်း လေ့လာကြည့်မိတယ်၁။အလုပ်ချိန်တိကျတယ်။ဆိုင်ပိတ်ချိန်တစ်ခါတစ်ရံမှသာ နောက်ကျတယ်နယ်အော်ဒါများလို့ဒီနေ့ဝင်တဲ့အော်ဒါ

ဒီနေ့အပြီးထုတ်တယ်။ နေ့ကူးရင် နောက်နေ့အော်ဒါတွေထပ်ပြီးဂျမ်းမဖြစ်စေဖို့ပါ၂။သူဌေးကအစအလုပ်သမားအဆုံးအကုန်အလုပ်လုပ်တယ်ဆိုင်မှာသွားပြီးလက်ဖက်ရည်ဆိုင်ထိုင်အာမရိုက်ဘူးသောက်ချိန်ရောက်ရင်

လုပ်ငန်းခွင်မှာဆယ်မိနစ်ခန့်နားပြီး သောက်တယ်၃။သူဌေးအလုပ်ကဆိုင်ရဲ့ပစ္စည်းအဝင် အထွက်ပစ္စည်းအားလုံး ခေါင်းထဲမှာရှိတယ်ဆိုင်သမားရဲ့အသက်ကပစ္စည်းရှိရမယ်။စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့အမြဲပြောတဲ့

သူဌေးရဲ့စကား၎။ဆိုင်မှာလာအားပေးသူအားလုံးကိုနည်းနည်းများများပျူငှာသော ဆက်ဆံရေးနဲ့ကြိုဆိုတယ်၅။အကြွေးကို ပေးသင့်သူကို ပေးတယ်။ မပေးသင့်သူကိုလုံးဝမပေးတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်အားနာလို့

အားပါသွားတာမျိုးမရှိ၆။တိကျမှန်ကန်တဲ့စာရင်းအင်းရှိတယ်ဆိုင်ပိတ်ရက်တနင်္ဂနွနေ့တိုင်းတစ်ပတ်စာအရောင်းအဝယ်စာရင်းကိုပြန်စစ်တယ်အမှားအယွင်းရှိခဲ့ရင်ကုန်သည်ထံ ချက်ခြင်းအကြောင်းကြားပေးတယ်မှားခဲ့တာတော့ရှားပါတယ်

၇။ဆိုင်မှာသူဌေးတစ်ယောက်ပဲ ရှိတယ်။သူဌေးသားတွေလည်းအလုပ်သမားတွေနဲ့တန်းတူအလုပ်လုပ်ရတယ်အောက်သက်ကျေအောင်အလုပ်သမားဘဝကိုစာနာတတ်အောင်လုပ်ခိုင်းထားတော့သူဌေးသားတွေလည်း

အလုပ်သမားနဲ့တန်းတူ ညီအကိုလိုဖြစ်ပြီးလုပ်ငန်းခွင်မှာပျော်တော့အလုပ်ထွက်သူ မရှိဘူး။ တရုတ်နှစ်ကူးလိုအချိန်ရောက်ရင်ဘောက်ဆူးပေးတာအလုပ်သမားရဲ့လခ တစ်နှစ်စာလောက်ရှိတယ်ဆိုင်မှာလုပ်တဲ့ အလုပ်သမားရဲ့

လုပ်သက်ဟာကျွန်တော်အလုပ်စဝင်တုန်းက မေးကြည့်တာဆယ်နှစ်အောက်မရှိဘူး။ဒီနေ့ကျွန်တော် မြန်မာပိုက်ဆိုင်မှာပိုက်ခေါင်းတစ်ခုသွားဝယ်တေ့ သူဌေးကတော်ကတီဗီကြည့်နေတယ်သူဌေးလို့ထင်ရတဲ့ကောင်ကဖုန်းပွတ်နေတယ်

နောက်ဆိုင်ကိုပစ္စည်းသွားဝယ်မယ်ပြင်တော့မှထချင်သလိုမထချင်သလိုနဲ့ထသွားပြီး ပစ္စည်းရှာတာငါးမိနစ်ကြာတယ်ပြီးမှကုန်နေတယ် ပြောတယ်ကျွန်တော်ဝယ်တာ တစ်ခုထဲကျွန်တော် မြန်မာမဟုတ်တဲ့ဆိုင် ရောက်တယ်ချက်ခြင်း

ထယူပေးတယ်ငွေရှင်းတော့ကျေးဇူးအထပ်ထပ်တင်ကြောင်း ပြောတယ်ဘာကြာသလဲဒီဆိုင်ကစဖွင့်ချိန်မှာ သေးသေးလေးအခုအတော်ကြီးလာပြီမကြာမီထပ်ကြီးလာတော့သူတစ်ပါးကြီးပွားလာတာဟာအကြောင်းမဲ့မဟုတ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဒီအချိန်ရောက်မှလူမျိုးခြားတွေစီးပွားရေးလက်ဝါးကြီးအုပ်ထားတယ်ပြောလို့မရမြန်မာတွေကြီးပွားချင်ရင်တော့ဒီဂါထာလေး နေ့တိုင်းရွတ်ဖို့ မမေ့ပါနဲ့မပျင်းနဲ့မဖျင်းနဲ့အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ဒါပါပဲ