ဒီ၂ဝဝကျပ်ကိုသေသေချာချာသိမ်းထားတာ၆နှစ်ကျော်ပါပြီ။ကျွန်တော်အရမ်းပျင်းရိတဲ့အခါအဆင်မပြေမှုအခက်ခဲတွေကြုံတဲ့အခါမှာလည်းဒီ၂၀၀ကျပ်ကိုကြည့်လိုက်ရင်ခွန်အားတွေပြန်ပြည့်လာတယ်လို့အမြဲခံစားရပါတယ်

ဒီ၂၀၀ကျပ်ကိုတန်ခိုးရှိတဲ့ဆရာ၊ဘုန်းကြီးတွေ ပေးထားလို့သိမ်းထားခြင်းလည်းမဟုတ်သလိုကျွန်တော်ကအယူသီးသူတစ်ယောက်ဖြစ်လို့သိမ်းထားခြင်းလည်းမဟုတ်ပါလွန်ခဲ့တဲ့၆ နှစ်ကသူငယ်ချင်းတွေနဲ့ကန်ဘောင်မှာတစ်ပတ်တစ်ခေါက်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပုံမှန်ရောက်ဖြစ်တယ်ကန်ဘောင်ပေါ်မှာသီချင်းတွေဆိုဖြစ်တယ်တစ်ခါတစ်လေလည်းဘီယာ သောက်ရင်းနဲ့စကားတွေပြော ဖြစ်ကြပါတယ်ကြုံရင်ကြုံသလို ဈေးလိုက်ရောင်းနေတဲ့ ဈေးသည်တွေဆီကမုန့်၊ ရေသန့်ဗူးတွေဝယ်ရင်းသူတို့နဲ့

စကားတွေလည်းခဏခဏ ပြောဖြစ်တယ်တချို့နဲ့ဆိုရင်နှီးခဲ့ကြပါတယ်တစ်ရက်တော့ ရေသန့်နဲ့အာလူးကြော်လိုက်ရောင်းတဲ့၁၀ နှစ်အရွယ်မိန်းကလေးတစ်ယောက်ကအနားကို ရောက်လာတယ်သူ့ရဲ့ကိုယ်ပေါ်ကအဝတ်တွေဟာ

အရမ်းကို ဟောင်းနွမ်းနေတော့ တော်တော်သနားမိတယ်ကျွန်တော် တို့ကလည်း ရေဆာနေတော့၎ဝဝကျပ်တန် ရေတစ်ဗူးယူလိုက်တယ်ဒို့သူငယ်ချင်းတွေကအမ်းစရာငွေကို ပြန်မယူဘဲသူတို့ကိုမုန့်ဖိုးပေးတတ်တဲ့အကျင့် တစ်ခုရှိတော့

ကျန်တဲ့၆ဝဝကိုသမီးပဲယူလိုက်ပါလို့ပြောလိုက်မိတယ်အဲဒီအချိန်သူ ပြန်ပြောတာကသူများ ငွေအလကားမလိုချင်ပါဘူးအကိုတို့ပိုက်ဆံအကိုတို့ပြန်ယူပါဆိုပြီး၆ဝဝ ပြန်အမ်းပေးတယ်ကျွန်တော်ကဒီကလေးကိုအရမ်းစိတ်ဝင်စားသွား

တော့သူ့ကို ပြန်ပြောလိုက်တယ်ဒီ၆ဝဝမယူရင်ညီမလေးဆီက ရေသန့်လည်းမဝယ်နိုင်တော့ဘူးဒီကလေးကခပ်စွာစွာလေသံနဲ့ ပြန်ပြောတယ်ရတယ်လေ သမီးရဲ့ ရေသန့်ဗူး ပြန်ပေးပါ ရော့အကို့ရဲ့ပိုက်ဆံ၁ဝဝဝသူများငွေကို

အလကားယူစရာလား၊မယူနိုင်ပါဘူးသူမရဲ့ ရေသန့်ဗူးယူပြီးရေသန့်ဗူးရေသန့်ဗူးအာလူးကြော်ရမယ်ဆိုပြီးကျွန်တော်တို့ရှိတဲ့နေရာကသူထွက်သွားတယ်တစ်ချက်မှ နောက်ပြန်မလှည့်ပါအရွယ်နဲ့မလိုက်တဲ့ဘဝသမားတစ်ယောက်ရဲ့

စိတ်ဓာတ်ကိုသဘောကျမိတော့သူ့နောက်ကိုမရမက ပြန်ပြီးလိုက်သွားမိတယ်ရေသန့်၂ဗူးပေးပါသမီးလို့ပြောတော့ခဏစောင့်ပါအကိုသမီးမှာအမ်းစရာ၂ဝဝမရှိသေးဘူး ဈေးလိုက်ရောင်းလိုက်မယ်ပြီးတော့အကိုတို့ဆီ

ပြန်လာခဲ့မယ်ဆိုပြီးသူ ဈေးရောင်းထွက်သွားခဲ့တယ်သူအမ်းမယ့် ငွေကို အမှတ်တရသိမ်းထားချင်တဲ့ကျွန်တော်က ရေဆာတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိတော့ပါသူ့ကို စောင့်နေခဲ့တယ်ခဏအကြာသူပြန်ရောက်လာခဲ့တယ်

ပြီးတော့ဒီ၂ဝဝကျပ်ကိုသူပေးသွားတယ်အခုတော့ကျွန်တော့်လက်ထဲမှာသိမ်းထားတာ၆ နှစ်ရှိပါပြီလမ်းဘေးမှာညတိုင်း ဈေးလိုက်ရောင်းပြီးအဘွားကိုရိုးသားစွာနဲ့ရှာဖွေကျွေးနေတဲ့၁၀ နှစ်အရွယ်ကလေးကပေးခဲ့တဲ့၂ဝဝကျပ်ပါ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မှတ်ချက်အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့လမ်းပေါ်မှာ ဈေးရောင်းနေတဲ့သူတိုင်းစိတ်ဓာတ်ဆင်းရဲကြသူများမဟုတ်ပါ။ လေးလေးစားစားဆက်ဆံပေးကြပါအရန်းကောင်းလိုပြန်လည်မျှဝေလိုက်ပါတယ်