အချိုမှုန့်ကြက်သားမှုန့်အစားထိုး ဟင်းခတ်မှုန့်လေးလုပ်ကြည့်ရအောင်ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်ရော မစားချင်ပါဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ကျန်းမာ ရေးနဲ့လဲ ညီညွတ်မယ်၊ လုပ်ရတာလဲ

လွယ်ကူတဲ့ဟင်းခတ်မှုန့်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်ပါဝင်တဲ့ပစ္စည်းတွေက(၁)ကန်စွန်းဥ၅၀သား(၂)ကြက်သွန်နီ၂၀သား(၃)ကြက်သွန်ဖြူ၅ကျပ်သား၎ဆားထမင်းစားဇွန်း၁ဇွန်း(၅)သကြားထမင်းစားဇွန်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၃ဇွန်း(၆)အုန်းထန်းလျက်၅လုံ(၇)ငြုပ်ကောင်းထမင်းစားဇွန်း၁ဇွန်းပြုလုပ်နည်းကတော့(၁)ကန်စွန်းဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ကို ခြစ်နှင့်ပါးပါးခြစ်ပြီး နေပူပူတွင်ခြောက်အောင်လှန်းပါ(၂) ခြောက်သွားပြီဆိုရင်တော့

မီးအေးအေးလေးနဲ့ မွှေးပြီးကြွပ်ရွနေအောင်လှော်ပါ(၃)ကန်စွန်းဥ ကြက်သွန်မွှေးနံ့လေးထွက်လာပြီဆိုရင်ဆား၊သကြား၊ ငြုပ်ကောင်းထည့် ခဏမွှေပြီးအအေးခံပါ(၄)ပြီးရင်ကြိတ်စက်(Blander)ထဲကိုထုချေထားတဲ့

ထျန်းလျက်ခဲရယ် လှော်ပြီးအအေးခံထားတဲ့ကန်စွန်းဥ တွေရယ်ထည့်ပြီးကြိတ်ပါ(၅)ကြိတ်ပြီးရင်တော့အအေးခံပြီး လေလုံဗူးထဲထည့်သိမ်းလို့ရပါပြီ။ခုဆိုရင်တော့ကျန်းမာရေးနဲ့ညီညွတ်တဲသက်သက်လွတ်ကန်စွန်းဥဟင်းခတ်မှုန့် ပြုလုပ်နည်းလေးအတိုင်း ပြုလုပ်စားသုံးပြီးကျန်းမာ ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေCredit Shyun Lae Yi Hlaing