ရိုးရှင်းလွယ်ကူပြီးအရသာအရမ်းရှိတဲ့ချဉ်ပေါင်ဖူးဖျော်ရည်လုပ်နည်း၁။ချဉ်ပေါင်ဖူးတွေကို ရေစင်စင်ဆေးပါတစ်ချို့တွေကချဉ်ပေါင်ဖူးရဲ့ပွင့်ဖတ်တွေကို ခွါပြီးမှလုပ်လေ့ရှိပါတယ်ဒါပေမဲ့အတွေ့အကြုံအရအရောင်နဲ့အရသာက

အဖူးလိုက် ပြုတ်တာလောက်မကောင်းပါဘူးစမ်းကြည့်စေချင်ပါတယ်၂။ပြီးရင်မီးဖိုပေါ်မှာ ရေနည်းနည်းလေးနဲ့ကျိုပါ၃။ချဉ်ပေါင်ဖူးတွေကို ရေများများနဲ့ကျိုရင်မီးကုန်တဲ့အပြင်ကျိုရတာလည်းအချိန်ကြာတာကြောင့် ရေနည်းနည်း

နဲ့ပဲကျိုပါကျိုနေတုန်းမှာချဉ်ပေါင်ဖူးကပွင့်ဖတ်နဲ့အထဲကအစေ့ဖူးတို့ကွာသွားအောင်ဖိပြီးမွှေပေးပါ၎။တစ်ဖြည်းဖြည်းနဲ့ချဉ်ပေါင်ဖူးကပွင့်ဖတ်တွေကွာသွားတဲ့အပြင်အရောင်ပါထွက်လာပါလိမ့်မယ်။၅။၁၀မိနစ်လောက်

ကြာတဲ့အခါအမြှပ်ထွက်လာတဲ့အနေအထားကို ရောက်ပါပြီ။၆။အရည်တွေဟာ တစ်ဖြည်းဖြည်းပျစ်လာပါပြီအဆက်မပြတ်မွှေပေးနေပါ၇။အခုဆိုအသီးနဲ့ပွင့်ဖတ်တွေသီးခြားဆီဖြစ်သွားပါပြီ၈။အသီးနဲ့ပွင့်ဖတ်နဲ့ကွာသွားတာ

သေခြာပြီဆိုရင် ရေထပ်ရောပေးလို့ရပါပြီ။ ရေပမာဏကတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်။ပုံမှန်အားဖြင့်တော့ချဉ်ပေါင်၃၀ကျပ်သားကို ရေ၁ လီတာ၁ကီလိုဂရမ်ကို ရေ၂လီတာ လောက် ထည့်ပေးနိုင်ပါတယ်

၉။ ရေထည့်ပြီးတဲ့အခါပွင့်ဖတ်တွေကွာသွားတဲ့ချဉ်ပေါင်ဖူးတွေကိုဖယ်ထုတ်ပစ်ရပါမယ်။ပြီးရင်အခုလိုမျိုးပွက်ပွက်ဆူပြီးအမြှပ်တွေထွက်လာတဲ့အထိတည်ပေးပါ၁၀။ချဉ်ပေါင်ရည်ဆူလာတဲ့အခါသကြားနဲ့ဆားထည့်ပေးလို့

ရပါပြီ။ပမာဏတွေကတော့ကိုယ်လိုချင်တဲ့အရသာအတိုင်းထည့်ပေးလို့ရပါတယ်တစ်ချို့တွေက အိုးကို မီးဖိုပေါ်ကချမှသကြားထည့်တာမျိုးလဲရှိပါတယ်။ နှစ်မျိုးလုံးအဆင်ပြေပါတယ်၁၁။ကိုယ်ကြိုက်နှစ်သက်တဲ့အရသာအတိုင်း ဖြစ်ပြီ

ဆိုရင်တော့အနည်စစ်ရပါမယ်၁၂။အနည်စစ်တဲ့ဇကာနဲ့စစ်ပြီးရင်ရလာတဲ့အနည်ဖတ်တွေကို သကြားနဲ့ ဆားနဲ့ ပြန်ရောနယ်ပြီး မီးဖို ပေါ်မှာ ညောင်စေး ကျသည်အထိပြန်တည်လိုက်ရင်ချဉ်ပေါင်ယိုအခြောက်သို့ချဉ်ပေါင်တော်ဖီရပါတယ်

၁၃။အခုဆိုရင်တော့ အရသာရှိပြီးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ချဉ်ပေါင်ဖျော်ရည်တစ်ခွက်ကိုရရှိပါပြီအပူ ရောအအေးလိုပါ သောက်လို့ရတယ်နော်ချဉ်ပေါင်ရည်ရဲ့အကျိုးကျေးဇူးတွေကိုလက်လှမ်းမီသလောက်နေပြည်တော်

တိုင်းမ်မှ ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်၁။အူသိမ်၊အူမတို့ကို ကောင်းကျိုးပြုပါသည်၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့်aminoအက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့်ဆီးအား ကောင်းစေပါသည်ဆီးရွှင်၍ ဝမ်းကို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လဲသက်စေပါသည်၃။ Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှကာကွယ်ပေးခြင်း၊သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊free radicals

အန္တရာယ်မှကာကွယ်ပေးခြင်း၊အရွယ်ကိုနုပျိုစေ ခြင်း၊ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုးကူးစက်ရောဂါများနှင့် နှာရည်ယို

နှာပိတ်ခြင်းတို့မှလဲကာကွယ်ပေးခြင်စသည်ဖြင့် ကောင်းကျိုးပြုပါသည်၎။Calcium ဓာတ်အမြောက်အများပါရှိသောကြောင့်အရိုးကိုသန်မာစေခြင်းအာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများဖွဲ့စည်းမှုကိုတိုးတက်

ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာပျောက်ကင်းစေခြင်း၊ကလေးငယ်များဖွံ့ဖြိုးမှုနှေးကွေးခြင်းမှကာကွယ်ပေးခြင်းစသည်ဖြင့် ကောင်းကျိုး

ပြုပါသည်၅။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင်ပါသည်၆။ ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်

ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ ဟန့်တားကာကွယ်ပေးနိုင်ပါသည်၇။ဒူးရင်းသီးစားပြီးပါက၊ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကိုကာကွယ်နိုင်ပါသည်

သတိပြုရန်မှာသွေးတိုးရောဂါရှိသူများအလွန်အကျွံမစားသင့်ပါသွေးပေါင်ချိန်တက်နိုင်ပါသည်ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါကာကွယ်နိုင်ပါသည်သတိပြုရန်မှာသွေးတိုးရောဂါရှိအလွန်အကျွံမစားသင့်ပါ