လက်သည်းရှည်ရှည်လေးထားချင်ပေမယ့် ခဏခဏကျိုးပဲ့နေတော့ညှပ်ပစ်လိုက်ရတာလားဒါမှမဟုတ်လက်သည်းအရှည်တော့ထားချင်ပါရဲ့အရောင်ကဝါဝါညစ်ညစ်ကြီးဖြစ်

နေတော့လည်း ကြည့်မလှပြန်ပါဘူးလက်သည်းရှည်ရှည်လေးဆိုရင် မိန်းကလေးတွေအနေနဲ့ လက်သည်းဆိုးဆေးတွေဆိုးတဲ့အခါမှာလည်း ကြိုက်တဲ့ပုံဖော်လု့ိရသလိုလက်ချောင်း

ရှည်ရှည်လေးဖြစ်သွားစေပါတယ်ယောကျ်ားလေးတွေအတွက်ကျတော့လည်း လက်သည်းရှည်ရှည်နဲ့ဆိုရင် စတိုင်ထုတ်လို့ရသလို ဂစ်တာတီးတဲ့အခါမှာ ပက်ထရွန်လိုက်ရှာနေ

စရာမလိုတော့ဘူးပေါ့နော်ဒါပေမယ့် လက်သည်းအရှည်ထားတဲ့သူတွေအနေနဲ့ လက်သည်းကျန်းမာလှပဖို့အတွက် သေချာဂရုစိုက်သင့်ပါတယ်လက်သည်းကျိုးပဲ့သွားခြင်းမရှိဘဲသဘာ

ဝအတိုင်းပန်းရောင်သမ်းတဲ့ လက်သည်းရှည်ရှည်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေအတိုင်း ပြုလုပ်ကြည့်လိုက်ပါနော်လိုအပ်သော

ပစ္စည်းများလိမ္မော်ရည်ကြက်သွန်ဖြူသံလွင်ဆီအသုံးပြုပုံကလည်း ရိုးရှင်းပါတယ်လက်သည်းစိမ်ဖို့အတွက် ပန်းကန်လုံးတစ်လုံးယူလိုက်ပါလိမ္မော်ရည် ပန်းကန်လုံးရဲ့လေးပုံတစ်ပုံ

နုတ်နုတ်စင်းထားတဲ့ကြက်သွန်ဖြူတစ်မွှာနဲ့သံလွင်ဆီအနည်းငယ်တို့ကိုရောစပ်ပြီး၁၅မိနစ်ခန့်စိမ်ပါထို့နောက်ရေနဲဆေးကြောသန့်စင်ပြီး သံလွင်ဆီလေးသုတ်လိမ်းပေးပါဒီနည်းလမ်း

အတိုင်းတစ်ပတ်ကို၃ကြိမ်ခန့်ပြုလုပ်ပေးပါလိမ္မော်ရည်မှာပါဝင်တဲ့ဗီတာမင်ဓာတ်ကလက်သည်းအရှည်မြန်စေပြီးကြက်သွန်ဖြူကလက်သည်းကျိုးခြင်းနဲ့လက်သည်းအရောင်မလှခြင်းတို့မှကင်းဝေးစေပြီးသံလွင်ဆီကလက်သည်းကျန်းမာဖို့အတွက်အားဖြည့်ပေးပါလိမ့်မယ်