ဘာမှမပါတဲ့နေ့လည်စာဗူးလေးနဲ့ ကျောင်းလာခဲ့တဲ့ ကောင်လေးလူတစ်ယောက်ကိုကူညီရတာကကမ္ဘာကြီးကိုမပြောင်းလဲနိုင်ပေမဲ့လူတစ်ယောက်အတွက်နဲ့ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ပါတယ်။နေ့လည်စာဗူးအလွတ်ဗလာနဲ့
ကျောင်းကိုသွားခဲ့တဲ့ကျောင်းသားလေးတစ်ဦးဟာ နေ့လည်စာစားချိန်မှာ အရမ်းစိတ်အားငယ်နေခဲ့ပါတယ်သူများတွေ နေ့လည်စာဗူးကိုယ်စီနဲ့ ကျောင်းလာချိန်မှာသူ့မှာ နေ့လည်စာဗူးမပါရင်တစ်မျိုးဖြစ်နေမှာစိုးလို့ယူခဲ့ရပေမယ့်အဆင်မ
ပြေတဲ့သူ့မိဘတွေကတော့အထဲမှာဘာမှထည့်မပေးလိုက်နိုင်ပါဘူးသူ့ဗူးထဲမှာ ဘာမှမပါတာကိုအတန်းဖော်တွေသိသွားမှာကိုလည်းအရမ်းစိုးရိမ်နေခဲ့ပါတယ်ဗွီဒီယိုထဲမှာ ကျောင်းသားတွေအားလုံ နေ့လည်စာစားချိန်မှာအစားအစာ
ကိုပျော်မွေ့စွာစားနေကြတဲ့ မြင်ကွင်းတစ်ခုကို တွေ့ရပါတယ် ရွှေရောင်ဆံပင်နဲ့ကျောင်းသားတစ်ယောက်ကသူရဲ့နေ့လည်စာဗူးကိုယူပြီးစားပွဲပေါ်တင်လိုက်ပါတယ်သို့ပေမဲ့ကောင်လေးရဲ့Lunch boxထဲမှာဘာမှမပါရှိခဲ့ပါဘူး
ကောင်လေးဟာသူ့အတန်းဖော်တွေကအသားညှပ်ပေါင်မုန့်နဲ့သရေစာတွေစားနေကြတာကို တွေ့ပြီးရှက်ရွံ့စွာဖြင့် ကောင်လေးက စင်္ကြံမှဆင်းလာတဲ့ရေအေးနဲ့ဆာလောင်မှုကို ဖြေဖျောက်ဖို့အစာသင်ခန်းမှထွက်ခွာခွင့်တောင်းခဲ့ပါတယ်
ကောင်လေးကရေအေးကိုသောက်ပြီးလှေကားထစ်ကပြတင်းပေါက်နာမှာ ငေးကြည့်နေလိုက်ပါတယ်ခဏအကြာမှာ ကောင်လေးကအခန်းထဲကသူ့စားပွဲခုံဆီကို ပြန်လာပြီးသူ့အိတ်ထဲထည့်ဖို့နေ့လယ်စာဗူးကိုယူသွားလိုက်ပါတယ်ဒါပေမဲ့
သူ့ရဲ့နေ့လည်စာဗူးဟာအရင်ကထက်ပိုမိုလေးလံပုံရတာကြောင့်သူကဖွင့်လိုက်ကြည့်လိုက်တဲ့အခါမှာသူအံ့အားသင့်သွားတာကသူ့ရဲ့နေ့လည်စာဗူးအလွတ်ထဲမှာစပျစ်သီး၊အသားညှပ်ပေါင်မုန့်နဲ့မုန်လာဥတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ကောင်လေးကစာသင်ခန်းကိုလှည့်ကြည့်တဲ့အခါ
သူ့အတန်းဖော်တွေကသူ့ကိုကြည့်ပြီးပြုံးလိုက်ပါတယ်သူတို့ဟာဆာလောင်နေတဲ့ကောင်လေးကို နေ့လည်စာစားရန်အတွက်အချို့မုန့်တွေကိုစုပေါင်းပြီးပေးကြတာပါ၎င်းဟာရိုးရိုးလေးဖြစ်ပုံရပေမဲ့လည်းသူ့အတန်းဖော်တွေရဲ့စဉ်းစားဟန်နဲ့ကြင်နာမှုရှိတဲ့လုပ်ရပ်ကြောင့်
ကောင်လေးကပြုံးလိုက်ပါတယ်ထိုပျံ့နှံ့သွားတဲ့ဗွီဒီယိုဟာ ကျောင်းတွေမှာဆာလောင်မွတ်သိပ်နေတဲ့ကျောင်းသားများနဲ့ပတ်သက်ပြီးကမ္ဘာအနှံ့အွန်လိုင်းစကားဝိုင်းတွေကိုလှုံ့ဆော်ပေးခဲ့ပါတယ်ကမ္ဘာတစ်လွှားရှိမိဘတွေနဲ့ ဆရာတွေက ကျောင်းသားတွေကိုအလေးထားကြပါတော့တယ်