အတန်းထဲကကျောင်းသားတစ်ယောက်ရဲ့စာစီစာကုံးတစ်ပုဒ်ကြောင့် မိသားစုတစ်စုလုံးရင်နာမဆုံးဖြစ်ခဲ့ရတဲ့ နောင်တကျွန်မ မနေ့ကကလေးတွေကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းလိုက်သည်။ ခေါင်းစဉ်ကရိုးရိုးလေးဖြစ်ပါသည်ဘဝတွင်

အဖြစ်ချင်ဆုံးအရာဆိုသည့်ခေါင်းစဉ်ဖြစ်သည်ဆရာမကိုယ်ဘာဖြစ်ချင်ချင်ဖြစ်ချင်တာကို ရေးခဲ့လို့ရသလားကလေးတစ်ယောက်က ထမေးခြင်းဖြစ်သည်ကျွန်မကရတာပေါ့ကွကိုယ်ဘာဖြစ်ချင်သလဲ ဖြစ်ချင်တာကို ရေးခဲ့လို့ရတယ်ကလေးတွေ

ပျော်သွားကြသည်တစ်ယောက်တစ်ခွန်း အော်ဟစ်ကာ ကျောင်းမှ ပြန်သွားကြသည်။ငါကနတ်သမီးလေးဖြစ်ချင်တယ်ငါက ဆရာဝန်ကြီး ဖြစ်ချင်တယ်ငါကဘတ်စ်ကားမောင်းမယ်ကလေးတွေတစ်ယောက်တစ်ခွန်းပြောသွားသည့်

စကားသံများကကြည်နူးစရာ ကောင်းလှသည်မနက်ဖြန်ဆိုလျှင်ကျွန်မသူတို့ရင်ဘတ်လေးတွေထဲကို မြင်ရတော့မည်။ နောက်တစ်နေ့ ကျောင်းတွင်အခြားဘာသာရပ်များစစ်ဆေးနေသဖြင့်သူတို့ရေးထားသောစာစီစာကုံးများကိုမစစ်မိ

ကျွန်မကသူတို့စာအုပ်လေးတွေကိုအိမ်ယူလာပြီးစစ်ဆေးနေမိသည်ညဉ့်နက်သည်အထိကျွန်မခင်ပွန်းကမအိပ်နိုင်သေးပါသူကဖုန်းထဲကိုစိုက်ကြည့်နေသည်သမီးကြီးနှင့်သားကြီးလည်းထို့အတူဖြစ်သည်မောင်ဘာလဲကွာဒီမှာလာကြည့်

နေပါကွာဒီမှာစာဖတ်နေတယ်အဲဒါထားလိုက်ပါကျွန်မအတန်းကကလေးတစ်ယောက် ရေးထားတဲ့စာစီစာကုံး ကောင်းလွန်းလို့လာဖတ်ကြည့်စမ်းပါအုံး နပါဦးကွာအရေးကြီးလို့ပါလာပါဖတ်ကြည့်ပါဦးကဲမင်းပဲဖတ်ပြတော့ဒါဆို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

နားထောင်ကျွန်တော့်ဘဝတွင်အဖြစ်ချင်ဆုံးအရာကျွန်တော်သည် ဖုန်းလေးတစ်လုံးအလွန်ဖြစ်ချင်သည်ကျွန်တော့်အိမ်တွင်မိသားစုအားလုံး ပြန်ဆုံလျှင်ဖုန်းလေးတွေ ကိုယ်စီနှင့်ဖြစ်သည်။ဖေဖေကလည်း ဖုန်းနှင့်၊ မေမေကလည်းဖုန်းနှင့်

ကိုကိုကလည်း ဖုန်းနှင့်၊မမကလည်းဖုန်းနှင့်မျက်နှာမခွာဖြစ်နေကြသည်ကျွန်တော်က ဖေဖေ့ကိုစက်ရုပ်ကားလေးဝယ်ခိုင်းချင်နေသည်။ ဖေဖေ့ကို ပြောမည်ဟု ပြင်လိုက်သောအခါ လက်ကာပြသည်။ ဖေဖေကဖုန်းထဲကို အာရုံစိုက်နေသည်

မေမေ့ကိုအင်္ကျီကြယ်သီးပြုတ်နေသည်ကိုတပ်ခိုင်းချင်သည်။မေမေကဖုန်းကိုကြည့်ရင်းကမနက်မှတပ်ပေးမည်ဟုအော်သည်ကိုကိုကလည်း ဘောလုံးကန်ရန်သွားပြောသည့်အခါဖုန်းကိုကြည့်ပြီးရယ်နေသည်မမကလည်းထမင်းဆာပြီ

ဟုပြောရာဖုန်းကိုကြည့်ရင်းခေါင်းခေါက်လွှတ်လိုက်သည်။သူတို့အားလုံး ဖုန်းကိုချစ်သည်ဖုန်းနှင့်မျက်နှာမခွာနိုင်လောက်အောင်ဖြစ်နေကြသည်သူတို့က ကျွန်တော့်မျက်နှာထက် ဖုန်းမျက်နှာကိုကြည့်ပြီး ပြုံးနေကြသည်ထို့ကြောင့်ကျွန်တော့်

ဘဝတွင်အဖြစ်ချင်ဆုံးအရာကို ပြောပါဆိုလျှင်ဖုန်းလေးတစ်လုံးဖြစ်ချင်မိသည်သို့မှာသာကျွန်တော့်ကိုသူတို့အားလုံး ဝိုင်းကြည့်မည်ထင် သည်ဟယ်ဖေဖေကဖုန်းကိုချလိုက်သည်သမီးနှင့် သားကလည်း ဖုန်းကမျက်နှာကိုခွာပြီးကျွန်မကို

ကြည့်သည်ကောင်းလိုက်တာမင်းအတန်းကကလေးဘယ်ဆိုးလို့လဲတော်လိုက်တာစာရေးတာညက်နေတာပဲအဲဒီကလေးကိုအမှတ်ကောင်းကောင်းပေးလိုက်ပေါ့ကျွန်မငိုချလိုက်မိသည်အားလုံးကကျွန်မကိုနားမလည်စွာဖြင့်ကြည့်နေကြသည်

အဲဒါ ဘယ်သူထင်လဲအဲဒါဘယ်သူလို့ထင်လို့လဲဘယ်သူလဲကျွန်မတို့သားငယ်လေးရှင့်သားငယ်လေးရေးထားတဲ့ စာစီစာကုံးဟာသားငယ်လေးက ထိုင်ခုံပေါ်တွင် ကွေးကွေးလေးအိပ်ပျော်နေရှာသည်I want to be a phone ကို ဆီလျော်အောင် ဘာသာပြန်ပါသည်crd org