ကြက်စွပ်ပြုတ်ပူပူလေးနဲ့စပ်စပ်လေးကိုယ်ခံအားရှိအောင် စားချင်စိတ်လည်းဖြစ်အောင်ကြက်စွပ်ပြုတ်ကိုချဉ်စပ်အရသာလေးချက်စားဖြစ်ပါတယ်ချက်ရတာအင်မတန်

လွယ်ကူလှတာမို့ ကိုယ်ချက်စားဖြစ်တဲ့အတိုင်းချက်နည်းလေးပါထဲ့ရေးပေးထားပါတယ်ကြက်အသားအရိုးများကိုဆေးကြောသန့်စင်ထားပါစပါးလင်တစ်ပင်ကိုခပ်ဖွဖွထုထောင်းပြီး

အစည်းစည်းကာချက်မည့်အိုးအောက်ခြေတွင်ထဲ့ပါ
ဂျင်းလက်တစ်ဆစ်စာလောက်ကိုခပ်ဖွဖွထုထောင်းပြီးထဲ့ပါနံနံပင်အမြှစ်အနည်းငယ်ထဲ့ပါမထဲ့လည်းရကြက်သွန်ဖြူ

ဥသေးတလုံးကိုအခွံအကုန်မခွာပဲခပ်ဖွဖွထုထောင်းကာထဲ့ပါကြက်သားထဲ့ပါငါးငံပြာရည်အနည်းဆားလိုသလောက်ခန့်မှန်းထဲ့ပေးပါရေကို ကြက်သားဖုံးအောင်ထဲ့ပြီးမိနစ်၂၀ခန့်အဖုံး

ဖုံးပိတ်ပြီးချက်ပါချက်တဲ့အခါမြေအိုးကိုသုံးတာကအသားတွေကိုပိုမိုနုညံ့စေပါတယ်အနေတော်လှီးထားတဲ့မုန်လာဥနီ အာလူးကြက်သွန်နီဥကို၈စိတ်စိတ်ပြီးထဲ့ပေးပါရေနွေးထပ်ထဲ့

ကာနောက်ထပ်၁၀မိနစ်ခန့်အိုးအဖုံးပိတ်ပြီးချက်ပေးပါ
အရသာအပေါ့အငံမြည်းပြီးမီးခွင်ပေါ်မှာပဲဆက်တည်ထားပေးပါမြေအိုးသုံးထားတာဆိုရင်မီးခွင်အပူချိန်အိုးအပူရှိနက်

တင်အသားတွေကိုပိုမိုနူးအိစေပါတယ်ငရုပ်သီးအစိမ်းအနီတောင့်ရောပြီးဆားအနည်းငယ်ပုဇွန်ခြောက်မှုန့်အနည်းငယ်ဖြင့်မညှက်တညှက်ထောင်းထားပါစားပွဲပြင်နည်းကြက်သား

စွပ်ပြုတ်ပူပူလေးကိုစားမည့်ခွက်တွင်ထဲ့ပြီးထောင်းထာတဲ့ငရုပ်သီးကိုကိုယ်စားနိုင်မည့်အစပ်ပမာဏရအောင်ထဲ့ပါနံနံပင်ကြက်သွန်မိတ်ထဲ့ပါသံပုရာရည်ညှစ်ထဲ့ပါဒါဆိုရင်တော့

ကြက်စွပ်ပြုတ်ချဉ်စပ်အရသာရပါပြီးရှင်ချဉ်စပ်မစားချင်သူတွေက ငရုပ်သီး မထဲ့ပဲ နံနံပင်လေး ထဲ့ကာ အချိုအရသာ သုံးဆောင်နိုင်ပါတယ်ကြက်စွပ်ပြုတ်မှာဘာအရသာမှုန့်အချို

မှုန့်မှမသုံးပဲအချိုဓါတ်ရရှိပါတယ်နော်မြန်မာပြည်သူ
ပြည်သားများ ဘေးဘရာဝေးကွာပြီးကျန်းမာပျော်ရွှင်ကြပါစေငဗစ်ရန်ကကင်းဝေးကြပါစေcrd