အစက်အပြောက်ကင်းပြီး တောက်ပတဲ့အသားအရေရရှိဖို့နည်းလမ်း(၁၀)ခုအမျိုးသမီးတိုင်းရဲ့အဆုံးစွန်ဆန္ဒကနာမည်ကြီးဆယ်လီတွေလိုအစက်အပြောက်ကင်းပြီးကြည်လင်တောက်ပတဲ့အသားအရေကိုပိုင်ဆိုင်ဖို့ ဖြစ်ပါတယ်

ဒါပေမယ့်ဘယ်လိုပဲကြိုးစားကြိုးစားဒီအိမ်မက်ကအဝေးကြီးမှာလို့တောင်ထင်ရပါတယ်မင်းသမီးနှင့်အနုပညာရှင်တွေဟာအရေပြားအထူးကုဆရာဝန်တွေဆီပုံမှန်သွားရောက်ပြီးသူတို့ရဲ့အသားအရည်အတွက်ငွေကုန်အချိန်ကုန်ခံထားတာ

ဖြစ်ပါတယ်ဈေးသိပ်မကြီးတဲ့နည်းလမ်းတွေနှင့်ပတ်သတ်ပြီးအိမ်တွင်းဆေးနည်းတွေသာအကောင်းဆုံးဖြစ်ပါတယ်ဒါ့ကြောင့်အလှကုန်ပစ္စည်းတွေဝယ်ရင်းတစ်လတစ်လပလိုင်းပေါက်နဲ့ဖားကောက်တာမဖြစ်အောင်လွယ်ကူတဲ့နည်းလမ်း

လေးတွေကိုမျှဝေပေးလိုက်ပါတယ်၁။ခရမ်းချဉ်သီးရည်အချို့ညှစ်ပြီးဒိန်ချဉ်နှင့် နနွင်းအနည်းငယ်ထည့်ပါ။ ကောင်းစွာမွှေပြီးမျက်နှာနှင့်လည်ပင်းမှာလိမ်းပါမိနစ်၃၀အကြာမှ ဆေးကြောပေးပါ၂။အသားအရည်ကို တောက်ပစေပြီး

အမာရွတ်တွေမှေးမှိန်စေဖို့ နှင်းဆီရေနှင့်သံပုရည်ရည်ကိုဆတူရောပြီးလိမ်းပါ၃။နို့/နို့ချဉ်ထဲကိုကုံကုမံအနည်ငယ်ထည့်ပါပျားရည်အနည်းငယ်ထည့်ပါ၆နာရီ၈နာရီကြာပြီးနောက်မှာခပ်ပျစ်ပျစ်ဖြစ်သွားပါလိမ့်မယ်နေလောင်တာတွေကို

ထိထိရောက်ရောက်ဖယ်ရှားဖို့ဒီpackကိုလိမ်းပေးပါ၎။အသားအရေကောင်းဖို့ ဈေးအသက်သာဆုံးနဲ့အလွယ်ဆုံးနည်းလမ်းတစ်ခုက ရေခဲတုံးလေးတွေကိုအဝတ်ဖြင့်ထုပ်ပြီးအိပ်ရာမဝင်ခင်အချိန်တိုင်းအသားအရေကို နှိပ်နယ်ပေးဖို့

ဖြစ်ပါတယ်၅။green teaတစ်ထုပ်ကို ဖောက်ပြီးဆန်မှုန့်နှင့်ပျားရည်ကို ရောပါခပ်ပျစ်ပျစ်အနေအထားရပြီဆိုရင်မျက်နှာပေါ်မှာလိမ်းပြီး၁၅မိနစ်မိနစ်၂၀လောက်ထားပေးပါ၆။သစ်ကြံပိုးခေါက်နဲ့ လေးညှင်းပွင့်အချို့ကိုယူပြီး

အမှုန့်ဖြစ်အောင်ကြိတ်ဆုံမှာကြိတ်ပါပျားရည်ထည့်ပြီးမျက်နှာတစ်ပြင်လုံးသို့ဝက်ခြံဖြစ်နေတဲ့နေရာတွေမှာ လိမ်းပါဝက်ခြံတွေကိုရှင်းလင်းဖို့အကောင်းဆုံးကုစားနည်းတစ်ခုဖြစ်ပါတယ်၇။ခရမ်းချဉ်သီးရည်သံပုရည်ရည်ကို

ရောစပ်ပြီးမိနစ်၂၀အကြာလိမ်းပေးထားပါအသားအရေ နူညံ့ချောမွေ့ပြီး နေလောင်တာတွေကိုဖယ်ရှားပေးပါတယ်၈။ကုလားပဲမှုန့်ရှားစောင်းလက်ပတ်ဂျယ်ပျားရည်နှင့်နနွင်းအနည်းငယ်ကိုရောပါခန္ဓာကိုယ်နှင့်မျက်နှာနေလောင်ဒဏ်တွေ

အတွက်အသုံးပြုနိုင်ပါတယ်၉။သင်္ဘောသီးမှည့်ကိုကြိတ်ချေပြီးပျားရည်နှင့် ဆန်မှုန့်ထည့်ပါအသားအရေglow စေဖို့ နေတိုင်းသုံးပါ၁၀။ပန်းကန်လုံးတစ်လုံးထဲမှာအာလူးအစိမ်းကိုကြိတ်ထည့်ပါကြိတ်ထားတဲ့ အာလူးကို

အဝတ်စဖြင့်ထည့်ပြီးအရည်ညှစ်ယူပါအာလူးရည်ကို ရေခဲသေတ္တာထဲထည့်ထားပြီး နေလောင်နှင့်အမာရွတ်တွေကို မှေးမှိန်သွားအောင်မနက်တိုင်းမှာဝါဂွမ်းလေးဖြင့်လိမ်းပေးနိုင်ပါတယ်