အိမ်မှာ သောင်းကျန်းနေတဲ့ကြမ်းပိုးတွေကိုလွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့အမျိုးပြုတ်အောင်လုပ်နည်းမိဘများကမိမိတို့ရဲ့ရင်သွေးကလေးများကိုဖဝါးလက်နှစ်လုံးပခုံးလက်နှစ်သစ်လူဖြစ်လာကတည်းကဝါးဖတ်တော်ကစီဓာတ်နဲ့လူဖြစ်
အောင်ကျွေးမွေးလာခဲ့ကြတဲ့အပြင်ခြင်ကြမ်းပိုးမထိုးရအောင်ဂရုစိုက်ခဲ့ကြပါတယ်ညကျရင်ကလေးအိပ်ရာထဲမှာကြမ်းပိုးရှာပေးရတာနဲ့မအိပ်ရတဲ့မိဘတွေရှိကြပါတယ်မေတ္တာပို့တဲ့အထဲမှာကြွက်ခြင်ယင်ကြမ်းပိုးဤလေးမျိုးမပါဘူးလို့ဆိုကြသူတွေလဲရှိကြပါတယ်။
လူများများ နေကြရတဲ့ ဆေးရုံ၊အချုပ်ခန်း၊စာသင်ကျောင်း၊ ဘော်ဒါ၊စာသင်တိုက်၊မီးရထား၊ ထောင်စတာတွေမှာကြမ်းပိုးရန်ကြောင့်စိတ်ညစ်နေရပါတယ်။အဲဒီလောက်တောင်ဒုက္ခပေးနေတဲ့ကြမ်းပိုးကိုအမျိုးမျိုးသောနည်း
အမျိုးမျိုးသော ဆေးဝါးတွေနဲ့အကြိမ်ကြိမ်နှိမ်နင်းခဲ့ကြပါတယ်။ ခေါင်းမူးတာပဲအဖတ်တင်ပါတယ်ကြမ်းပိုးသတ်ဆေးရောင်းသူတွေကတိုက်ဆောက်ပြီးကြမ်းပိုးတွေကသာပိုဝလာကြပါတယ်ခုတော့နည်းကောင်းရပါပြီတစ်နေ့မှာတော့
ပုဂံကုန်းရွာကလူငယ်ကိုရွှေမောင် ရောက်လာပါတယ်ကျွန်တော့်ဧည့်ခန်းမှာ ဖင်တကြွကြွဆရာ့အိမ်ကကြမ်းပိုးကိုက်တယ်ဗျာတဲ့။ အေးကွာ။ငါစိတ်ညစ်နေတာ နှစ်ပေါင်း၃၀ရှိပြီဘယ်လိုမှနိမ်နင်းလို့မရဘူးဆိုတော့ကိုရွှေမောင်က
လွယ်လွယ်လေးလုပ်ပြသွားပါတယ်ဖူဂျီခရင်ဆပ်ပြာကိုနဲနဲကော်ပြီး ရေနဲ့ဖျော်ပါတယ်ပြီးတော့ဆေးထိုးပိုက်တစ်ချောင်းရှာပြီးကြမ်းကြားတွေထဲ ထိုးပန်းလိုက်ရာကြမ်းပိုးတွေကြမ်းပေါ်တက်လာပြီးဖင်ကြီးတွေထောင်တေလိုက်ကြတာတစ်စက္ကန့်လောက်အတွင်းမှာအတုံးအရုန်းပဲ။
တကယ်လို့ပိုက်ရှာမရရင်ဖလားထဲအဝတ်နှစ်ပြီးအဝတ်ကိုကြမ်းကြားထဲညှစ်ချရင်လဲရပါတယ်တစ်အိမ်လုံးတစ်ကျောင်းလုံးဖျန်းမယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့ကြမ်းကြားပေါ်ရောကြမ်းအောက်ကဆင့်ကြားတွေပါဖျန်းပက်ပါ။
လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ကြမ်းပိုးမျိုးပြုတ်သွားမှာပါကဲကြမ်းပိုးကိုက်လို့စိတ်ညစ်နေကြသူများခုလက်တွေ့စမ်းကြည့်လိုက်ပါအဆင်ပြေရင် ပြေကြောင်းလေးတစ်ခြားသူများကိုလဲမျှဝေပေးပါဗျာမောင်ဘို