ကြာကြာပေါင်းမှအကြောင်းသိမယ်ပြုံးပြတိုင်းမနောလှတယ်မထင်လိုက်နဲ့အတွင်းပုပ်နေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့အလှဆင်ထားသူတွေရှိတယ်။စကားချိုတိုင်းသဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကိုသကာလောင်းလို့ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။အပြောကောင်းတိုင်းမယုံမိစေနဲ့ လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကိုအပြောကောင်းသူတွေ ဖြစ်တယ်။စိတ်ချရတယ်ထင်ပြီး
လျှို့ဝှက်ချက်တွေကိုရင်မဖွင့်မိစေနဲ့ နှစ်သိမ့့်စကားရဲ့နောက်ကွယ်မှာသတင်းဖွဖို့သယ်ဆောင်သွားတတ်သူတွေ ရှိတယ်။ဗူးအပေါက်တစ်ရာလိုက်ပိတ်ဖို့အလွယ်လေးပါသူချီးမွမ်းတိုင်းမုဒိတာပွားတယ်မထင်နဲ့ ရင်ထဲက
မပါတဲစကားလုံးတွေနဲ့မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီးမနာလိုဖြစ်တတ်သူတွေရှိတယ်။အပေါင်းအသင်းများတိုင်းမိတ်ဆွေစစ်လို့မထင်လိုက်နဲ့အဆင်ပြေစဉ်ကူချင်သူများပေမယ့်၊ဒုက္ခကြုံချိန်ထူမမယ့်သူရှားသွားနိုင်
တယ်။လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့ ရိုးသားတယ်လို့စိတ်မချလိုက်နဲ့စစ်မှန်တဲ့ ရိုးသားမှုဆိုတာအခွင့်ကောင်းတွေက စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။ပညာတတ်တိုင်းပညာရှိတယ်မထင်လိုက်နဲ့မှားမှန်ခွဲခြားဝေဖန်
ပိုင်းဖြတ်နိုင်စွမ်အားနည်းလို့ဘွဲ့ရပြီးပညာတတ်မဆန်သူတွေရှိတယ်။သတိထားပါသစ်ပင်ကောက်တာမြင်ရပေမယ့်လူကောက်တာကိုမမြင်နိုင်ဘူးမြစ်တွေ၊ချောင်းတွေထက်လူတွေကပိုကွေ့ကောက်တတ်တယ်ဆိုတာ
မမေ့ပါနဲ့။အပေါယံချိုမြိန်မှုတွေကကြာကြာဝါးမှခါးမှန်းသိလာသလိုလူတစ်ယောက်ရဲ့စိတ်ဓာတ်လူတစ်ယောက်ရဲ့စိတ်ရင်းအမှန်ကိုကြာကြာပေါင်းကြည့်မှသာအကြောင်းသိလာပါလိမ့်မယ်ရသစာပေချစ်သူCredit toပိုးကြည်ဖြူခင်