ကြာသပတေးသားသမီးများ(၁)နားလည်ပေးနိုင်စွမ်းမြင့်မားတဲ့သူတွေပါ။ပညာရှိတဲ့သူတွေဖြစ်ပြီးလက်တွေ့ကျကျတွေးခေါ်တတ်တဲ့သူ(၂)ရောက်လေရာတိုင်းမှာလူတွေရဲ့အာရုံကို

ဖမ်းစားထားနိုင်တဲ့ရုပ်ရည်နဲ့အသွင်အပြင်ကိုပိုင်ဆိုင်ထားသူတွေပါ(၃)မွေးရာပါခေါင်းဆောင်စွမ်းရည်ကိုပိုင်ဆိုင်ထားသူတွေပါဒါကြောင့်ဘယ်လိုအလုပ်ကိုပဲလုပ်လုပ်ခေါင်းဆောင်ပိုင်းကို

ရကြပါတယ်(၄)အလုပ်အရမ်းကြိုးစားတဲ့သူတွေဖြစ်ပြီးအောင်မြင်မှုကိုရအောင်ယူနိုင်ကြပါတယ်(၅)လွတ်လွတ်လပ်လပ်အချုပ်နှောင်ကင်းကင်းနဲ့ဘဝကိုဖြတ်သန်းချင်တဲ့သူတွပါ

(၆)အရမ်းခေါင်းမာပါတယ်ဒီအချက်ကြောင့်တစ်ခါတလေမှပေါင်းသင်းဆက်ဆံရေးလူမှုရေးပိုင်းမှာအဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်(၇)စကားပြောတဲ့အခါအရမ်းကိုပြတ်ပြတ်

သားသားပြောတတ်တာကြောင့် တစ်ဖက်လူအတွက်စိတ်ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ်ဆင်ခြင်ဖို့တော့လိုပါတယ်(၈)လွယ်လွယ်ငြီးငွေ့တတ်တဲ့သူတွေပါကြာကြာသည်းခံမနေနိုင်သလို

အောင့်အည်းရတာမျိုးကိုလည်းလုံးဝမကြိုက်တဲ့သူတွေပါ(၉)တစ်ဖက်သားကိုလေးလေး စားစားဆက်ဆံတတ်တဲ့သူတွေပါဒါပေမယ့်ကိုယ့်ကိုစော်ကားသလိုခံစားရရင်ပြင်းပြင်းထန်ထန်တုန့်

ပြန်တတ်ကြပါတယ်(၁၀)ဒေါသကြီးတတ်တဲ့အတွက်တစ်ခါတလေမှာလူတွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်ဒါပေမယ့်စိတ်ရင်းကောင်းတဲ့သူတွေပါ(၁၁)ပျော်ပျော်နေတတ်တယ်လက်တွေ့ဆန်

တယ်ကြီးပွားချမ်းသာတယ်စသဖြင့်လူသိများတဲ့သူတွေပါ(၁၂)လူမှုရေးချမ်းသာကြွယ်ဝမယ့် သူတွေဖြစ်ပါတယ်။သူတို့ဟာကြီးမားကျယ်ပြန့်တဲ့ပေါင်းသင်းဆက်ဆံရေး၊အတွေးအခေါ်အယူအဆ

တွေကိုပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်အကြံပေးရာမှာအရမ်းတော်တဲ့သူတွေဖြစ်တာကြောင့်လူတွေ ကသူတို့ဆီမှဝေဖန်စကားတွေ၊အကြံပေးစကားတွေကိုတောင်းယူရတဲ့သူတွေပါမွေးရာပါ

ဆရာဖြစ်ဖို့ကံပါလာတာကြောင့်အမြဲလိုလို အပေါ်စီးကနေနိုင်တဲ့သူတွေပါ။တစ်ခါတလေစိတ်ဓာတ်ကျတတ်တယ်ဆိုပေမယ့်စိတ်မပူပါနဲ့။သင်ဟာချမ်းသာဖို့ဇာတာပါတဲ့သူပါ

(၁၃)အလုပ်အကိုင်အသစ်အဆန်းတွေတစ်ခုပြီးတစ်ခုလုပ်ရတာခရီးသွားရတာတွအဆက်မပြတ်စူးစမ်းလေ့လာရတာမျိ်ုးတွေမကြိုက်ပါဘူးဒါကြောင့်သူတို့နဲ့အလိုက်ဖက်ဆုံးအလုပ်အကိုင်

ကတော့နိုင်ငံရေးပဲဖြစ်ပါတယ်(၁၄)အချစ်ရေးဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့ အပြင်ခံစားချက်ကိုလည်းပြတ်ပြတ်သားသားဖွင့်ပြတတ်တဲ့သူတွေပါဒါကြောင့်တစ်ခါတလေအချစ်ရေးမှာ

ဒီအရာတွေကြောင့်အဆင်မပြေဖြစ်တတ်ပါတယ်ချစ်သူနဲ့အလိုက်အထိုက်လေးနေဖို့ကြိုးစားကြည့်ပါသင့်အချစ်ရေးကသာယာမှာပါ၁၅အိမ်ထောင်ရေးစကားပြောဆင်ခြင်လိုက်ရင်

အိမ်ထောင်ရေးကအရမ်းကိုအဆင်ပြေမှာပါတစ်ခါတလေမှာအိမ်ထက်အပြင်ကိုဦးစားပေးတာတွေများတတ်ပါတယ်ဒါကိုအထူးဂရုပြုပါငွေရေးကြေးရေးအတွက်အပြင်မှာအလုပ်ထွက်

လုပ်တာမှန်ပေမယ့်တစ်ဖက်မှာမိသားစုကိုလည်းအချိန်ပေးဖို့လိုပါတယ်(၁၆)ဉာဏ်ရည်ဉာဏ်သွေးမြင့်မားပြီးပါးနပ်လွန်းတဲ့ သူတွေပါအရာရာတိုင်းကိုကောင်းမွန်စွာနားလည်သဘောပေါက်လွယ်တဲ့အပြင်အကင်းပါးတဲ့သူတွေပါ

(၁၇)ဘယ်ပဲသွားသွားလူရှိန်တဲ့ဥပဓိရုပ်မျိုးကိုပိုင်ဆိုင်ထားကြသလိုရောက်လေရာတိုင်းမှာမျက်နှာပွင့်လန်းတဲ့သူတွေဖြစ်ပါတယ်(၁၈)ခေါင်းဆောင်နိုင်စွမ်းအပြည့်ရှိသူတွေဖြစ်လို့ဘယ်အလုပ်မှာပဲဖြစ်ဖြစ်ရာထူးမြင့်မြင့်

ရရှိတတ်ကြပါတယ်(၁၉)ကိုယ့်အားကိုယ်ကိုးပြီးအောင်မြင်မှုလမ်းကြောင်းအသစ်တွေကိုကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေဖြစ်ပါတယ်(၂၀)လွတ်လပ်မှုကိုမြတ်နိုးပြီးလွတ်လွတ်လပ်လပ်နေတတ်ကြသူတွေဖြစ်ပါတယ်

(၂၁)လုံးဝကိုအနိုင်မခံအရှုံးမပေးချင်တဲ့သူတွေဖြစ်သလို၊နည်းနည်းလေးမှအထက်စီးမခံ၊အကျောမခံတတ်ကြတာကြောင့်အပေါင်းအသင်းတော့နည်းပါတယ်(၂၂)ပြောစရာရှိရင်ဒဲ့ပဲပြောတတ်ကြသလို

တုတ်ထိုးအိုးပေါက်ပြောတတ်ကြလွန်းလို့တစ်ခါတလေတစ်ဖက်သားကိုမရည်ရွယ်ဘဲစိတ်မကောင်းဖြစ်စေတတ်သူတွေပါဒါပေမယ့်သူတို့ဟာပွင့်လင်းတာပါနစ်နာစေလိုတဲ့စိတ်တော့မပါပါဘူး

(၂၃)ငြီးငွေ့လွယ်တဲ့သူတွေဖြစ်ကြသလိုတစ်ခုခုအပေါ်အကြာကြီးအာရုံမစိုက်တတ်ကြလို့ခရီးသွားတာလိုမျိုးအမြဲတမ်းစိတ်ဝင်စားစရာနဲ့ပြည့်နေတဲ့အလုပ်မျိုးကအကိုက်ညီဆုံးပါ(၂၄)တစ်ဖက်သားကိုယဉ်ကျေးပျူငှာစွာ

ဆက်ဆံတတ်သူတွေဖြစ်သလို၊အကျင့်စာရိတ္တ၊စိတ်နေစိတ်ထားကောင်းမွန်တဲ့သူတွေပါ။ဒါပေမယ့်လည်းအငြိုးအရမ်းကြီးပါတယ်(၂၅)အရမ်းကိုဉာဏ်ရည်ထက်မြက်ကြတယ်ဆိုပေမယ့စိတ်ဓာတ်ကအတည်တကျမရှိတာကြောင့်

အောင်မြင်သင့်သလောက်မအောင်မြင်ကြရတာပါ။တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင်သူများတွေထက်သာလွန်မယ့်သူတွေလည်းဖြစ်ပါတယ်ကြာသပတေးသားသ္မီးများအတွက်ငယ်ရွယ်ချိန်မှာဆိုစကား ပြောနှေးတတ်တယ်

စိမ်းစိုနေတဲ့နေရာတွေကိုနှစ်သက်တတ်ကြတယ်။လုပ်ရည်ကိုင်ရည်ရှိတယ်။အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါမှာခေါင်းဆောင်ပိုင်းကိုမှနေရာယူတတ်ကြတယ်အတတ်ပညာပိုင်းဆိုင်ရာတွေမှာဝါသနာကြီးပြီးသင်ယူလိုစိတ်ထက်သန်ကြတယ်

စိတ်ထားနူးညံ့ပီးအယုံလွယ်တယ်။သနားတတ်ကြတယ်။စိတ်ညစ်ရတာ တွေကိုမကြိုက်ကြဘူး။အကူအညီပေးတဲ့အလုပ်တွေလုပ်ရတာဝါသနာပါကြတယ်။မာနမကြီးဘူး။စိတ်ကတော့မရှည်ဘူးစိတ်ဆိုးစိတ်ကောက်ကလဲလွယ်သေးတယ်

နောင်ပြောင်ကျီစယ်လိုစိတ်ကတော့ အပြည့်အဝရှိကြတယ်သစ္စာတရားကိုတန်ဖိုးထားတယ်အားနည်းချက်ကအယုံအကြည်လွယ်တယ်ခေတ်မီပြီးစတိုင်မိတဲ့သူတွေကိုသဘောကျတတ်လေ့ရှိကြတယ်ဒေါသထွက်လာရင်ဖျက်စီးတတ်

ကြတယ်မိသားစုကိုချစ်တတ်ပြီးသိတတ်တယ်။အပေါင်းအသင်းလဲပေါများတယ်။အချစ်ရေးမှာအများစုကကံကောင်းတယ်။ဆောင်ရမယ့် အဆောင်ကျောက်ရတနာကတော့ဥဿဖရားကျောက်ဖြစ်ပါတယ်။ခရစ်ဒစ်