ကြာသပတေးသားသမီး၏တစ်ပတ်စာအထူးဟောစာတမ်းကြီးယခုကာလများအတွင်းအညံ့အဆိုးတွေရှိနေတယ်ဆိုပေမဲ့စိတ်ဓာတ်ကြံ့ခိုင်သူတွေ၊ခေါင်းအေးအေးနဲ့စဉ်းစားလုပ်ကိုင်နိုင်သူတွေက

အညံ့နည်းနေတတ်ပါတယ်။ အိမ်တွင်းရေးအပူလေးတွေရှိနေတတ်ပါတယ်။ အပြင်ကို ပေါက် ကြားလို့မရတဲ့မိသားစု အတွင်းရေးပြဿနာတွေရှိနေတတ်ပါတယ်။ လူမှုရေးကိစ္စတွေမှာ ကူညီသင့်တာ ကူညီပါ။

ဒါပေမဲ့ သူများကြား မညှပ်မိအောင်နေပါ။ အဲလိုမှမဟုတ်ရင် သူများပြဿနာ ကိုယ့်ပြဿနာဖြစ်ရတတ်ပါ တယ်။စိတ်ကူးထားသမျှအရာ ထင်ဖို့မလွယ်ပါ။ အလုပ်စီးပွားနဲ့ပက်သက်ရင်လုပ်လက်စအလုပ်တွေကို

ဆက်လက်လုပ်ဆောင်သွားလိုက်ပါ။အသစ်စတာမျိုး၊လုပ်ငန်းချဲ့ထွင်တာမျိုးကိုတော့ဒီအပတ်အားမပေးပါဘူး။ ပြဿနာတွေ သယ် လာတဲ့ မိတ်ဆွေတွေ ကို တတ်နိုင်သမျှ မိမိရှောင်ထွက်နိုင်အောင်ကြိုးစားပါ။

အလှူလေးတွေမရည်ရွယ်ဘဲပြုရတတ်ပါတယ်။စကားအပြောအဆိုတော့ဆင်ခြင်ပါ။စကားနည်း၊နှုတ်နည်းတာအကောင်းဆုံးဖြစ်ပါ လိမ့် မယ်။ အချစ်ရေးတွေမှာတော့ မထင်မှတ်ဘဲ ချစ်သူဟောင်းရည်းစားဟောင်းနဲ့

ပြန်အဆင်ပြေ တတ်ပါတယ်။ဝေးနေတဲ့ ချစ်သူတွေ ပြန်ဆုံဆည်းရတတ်ပါတယ်။အိမ်ထောင်ရေးအပူသောကတွေရှိ နေတတ်ပါတယ်။ ပညာရေးကံ သင့် အဆင့်မှာရှိပါတယ်။ဉာဏ်ဝီရိယတွေစိုက်ထုတ်လိုက်ပါ။

အကျိုးပေးဂဏန်း6/8/0အထူးဟောစန်းအားကောင်းနေမည်။ယတြာနွားနို့ဘုရားကပ်လှူလိုက်ပါဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)09775555695 /09 44 5555695 credit