၁၆နှစ်အရွယ်ကျောင်းသူလေးကြောင်သန်းကိုက်ခံရကာသေဆုံးထိုင်းနိုင်ငံဖတ်ချာဘန်စီရင်စုကအသက်၁၆နှစ်အရွယ်ကျောင်းသူလေးတစ်ဦးကြောင်သန်းကိုက်ခံရရာမှတစ်ဆင့်

သွေးအဆိပ်သင့်ပြီးသြဂုတ်လ၆ရက်တနင်္လာနေ့ကသေဆုံးသွားခဲ့ပါတယ်ဆူနီဆာလို့အမည်ရတဲ့မိန်းကလေးရဲ့မိသားစုတွေဟာကြောင်ချစ်သူတွေဖြစ်ပြီးကြောင်အတော်များများ

အိမ်မှာမွေးမြူထားပါတယ်ဆူနီဆာဟာအဲဒီကြောင်တွေထဲကတစ်ကောင်ရဲ့ကြောင်သန်းကိုက်ခံရပြီးကိုယ်ပူခြင်း၊ခန္ဓာကိုယ်ယားယံခြင်း၊အရိုးအဆစ်ကိုက်ခဲခြင်းနဲ့တစ်ကိုယ်လုံးယောင်

အမ်းလာခြင်းစတဲ့ရောဂါလက္ခဏာတွေခံစားခဲ့ရပါတယ်ဒါကိုပေါ့ပေါ့လေးပဲထားကာဆေးသောက်ပြီးပုံမှန်အတိုင်းကျောင်းတက်နေခဲ့ပါတယ်ဒါပေမယ့်ဝေဒနာကသက်သာမလာပဲပိုဆိုး

လားတဲ့အတွက်မိသားစုကဆေးရုံပြခဲ့ပါတယ်ဆေးရုံမှာလည်းအခြေအနေကပိုဆိုးလာတဲ့အတွက်အခြားဆေးရုံကြီးတစ်ခုကိုလွှဲပြောင်းပြီးကုသမှုခံယူခဲ့ပေမယ့်သြဂုတ်လ၆ရက်နေ့က

ကွယ်လွန်သွားခဲ့ပါတယ်အိမ်မှာကြောင်၇ကောင်ရှိပြီးအခြားသူတွေကသူတို့အိမ်ရှေ့လာပစ်သွားကြတာမို့သနားလို့ကျွေးမွေးရင်းကနေအိမ်မှာကြောင်တွေများနေရတာ

ဖြစ်ကြောင်းဆူနီဆာရဲ့အဖွားကပြောပြပါတယ်အခုလိုမြေးမလေးဆူနီဆာသေဆုံးသွားတဲ့အခါမှာတော့မိသားစုတွေကကြောင်တွေကိုဆက်မမွေးတော့ပဲအခြားတစ်နေရာမှာစွန့်ပစ်ဖို့

ဆုံးဖြတ်လိုက်ကြပါတယ်ခွေးသန်း၊ကြောင်သန်းတွေဟာလူတွေမှာတွယ်ကပ်မနေနိုင်ပေမယ့်သူတို့ကိုက်တာကိုခံရတဲ့အခါမှာဓာတ်မတည့်တဲ့တုံ့ပြန်မှုဝေဒနာတစ်ခုခုကိုခံစားရတတ်ပါ

တယ်ကြောင်ချစ်သူ၊ခွေးချစ်သူများလည်းကြောင်တွေခွေးတွေကိုသန်းတွေ၊လှေးတွေမရှိအောင်သန့်ရှင်းရေးပုံမှန်လုပ်ပေးရင်းသူတို့ကိုချစ်လဲချစ်ကိုယ့်ကိုယ်ကိုလဲကာကွယ်ဖို့သတိပေးချင်ပါတယ်credit