ကြောင်မွေးသူတိုင်းသိထားသင့်တဲ့ ကြောင်နိမိတ်များ၁။အပျိုတွေ ကြောင်မြီးတက်နင်းမိရင် ကျိန်ဆဲခံရလို့ အဲ့နှစ်လင်မရပါဘူး။(ရှပ်ပြာရှပ်ပြာသွားတတ်သူများတစ်နှစ်တစ်ခါနင်းရင်းဟိုင်းသွားတတ်ပါတယ်

၂။အိမ်မှာ ကြောင်မဲမွေးရင် အဲ့အိမ်က အပျိုတွေ ချစ် ကံခေတတ်ပါတယ်၃။အိမ်ကအထွက်နောက်က ကြောင်လိုက်လာရင် ငွေရှာခိုင်းတာပါ။ အဲ့လူ ငွေရလာတတ်ပါတယ်။၄။ကြောင်တွေ ခြံရှေ့အိမ်ရှေ့ ငုတ်တုတ်ထွက်

ထိုင်‌နေရင် ငွေလာပေးမယ့်သူ မျှော်တာပါ။ ၅။ အိမ် ဆောက်နေကတည်းက ခြံထဲ ကြောင်ထည့်မွေးပါ။အဲ့အိမ်တော်ရုံ ကြွက်မလာပါဘူး။ ၆။ အိမ်မှာ ကြောင်နက်ရှိရင် မျက်စေ့စွန်တဲ့အခါသူ့အမြီးနဲ့ ပွတ်ပေးပါ။

နုရင်ပြန်ပျောက်ပါတယ်။၇။ ကြောင်ချီပြီး ချောင်း၊ မြောင်း မကူးရပါဘူး။ကိုယ်ပါ ရေနစ်တတ်ပါတယ်။၈။ ကြောင်တွေ နားရွက် ခဏခဏကုတ်ရင် ၊ မျက်နှာပွတ်ရင် ဧည့်သည်မျှော်တာပါ။လာတတ်ပါတယ်

၉။ကြောင်ကို ရေချိုးရင် သူက ပြန်ကျိန်ဆဲတတ်လို့ မိုးရွာတတ်ပါတယ်။၁၀။ကြောင်နှာချေရင် ငွေ၀င်တတ်ပါတယ်။ခဏခဏ ချေရင်တော့ အိမ်သား တစ်ယောက်ယောက် ဖျားတတ်ပါတယ်

၁၁။အိမ်သစ်ပြောင်းရင်လူ့အရင်ကြောင် ပေး၀င်လိုက်ပါ။အဲ့အိမ်အကျိုးပေးပါတယ်၁၂။ကြောင်တွေ ခြေလေးဖက်လုံးသိမ်းပြီး ကျုံ့ကျုံ့လေး ထိုင်‌ရင် ရာသီဥတု အေးပါတယ်။ ပိုးလို့ပက်လက် အိပ်ရင်တော့ရာသီဥတု

ပူပါလိမ့်မယ်။၁၃။ ကြောင်တွေ နံရံ၊ လိုက်ကာတွေကို ခဏခဏ ကုတ်ရင် လေခေါ်တာပါ။လေတိုက်လာတတ်ပါတယ်။ ၁၄။ ကြောင်လေးကောင်မွေးရင် စီးပွားတတ်ပါတယ်။ ငွေများများ ရတတ်ပါတယ်။

အထီးချည်း မွေးရင် ပိုအကျိုးပေးပါတယ်။၁၅။ ကြောင်ကို သရဲပူးလွယ်ပါတယ်ညကြီးမင်းကြီးလန့်ပြီးကိုယ့်အကပ် မခံရင် ကပ်ပါလာတတ်လို့ သတိထားပါ။၁၆။ အိမ်မှာကြောင်ရှိရင်ပညာသည်တွေတိုက်ခိုက်တာကို

အကာအကွယ် ဖြစ်ပါတယ်။ နုညံ့တဲ့ သတ္တဝါမို့ လူအစားသူတို့ခံရတတ်ပါတယ်၁၇။သခင်နာမကျမ်းဖြစ်ရင် ကြောင် ထွက်ပြေးတတ်ပါတယ်။ သို့သော် ပြေးခဲပါတယ်။ ကိုယ်စား သေသွားကြတာ များပါတယ်

၁၈။ ကြောင်တွေ သစ်ပင်တွေ ပန်းတွေကြား ခဏခဏ ငေးမော နေရင် မမြင်ရတဲ့ နတ်ငယ်‌လေး‌တွေ ကြွလာလို့ပါ။၁၉။ ကြောင်တွေ မျက်လုံးအပြူးသား ငေးနေရင်၊ ကွယ်ဝှက် ပုန်းနေရင် နာနာဘာ၀ တွေ့လို့ပါ၂၀။ ကြောင်ကိုသတ်ရင် သူ့ သက်တမ်းစေ့လို့ သေမယ့်အချိန်ထိ သတ်တဲ့လူ ဒုက္ခရောက်ပါတယ်credit

LEAVE A REPLY

Please enter your comment!
Please enter your name here