ကြေးနီခွက်နဲ့ရေသောက်ခြင်းကြောင့်ရလာနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများအိမ်တွင်းကုထုံးနည်းလမ်းတွေဆိုတာဘိုးဘေးဘီဘင်အဆက်ဆက်လက်ဆင့်ကမ်းလာကြတာပါ

မီးဖိုချောင်မှာအလွယ်တကူရနိုင်တဲ့ပစ္စည်းတွေသုံးပြီးကုသနိုင်တဲ့နည်းလမ်းတွေကိုခေတ်မမီဘူးဆိုပြီးဒီနေ့ခေတ်မှာပစ်ပယ်ထားလို့မရပါဘူး။အိမ်တွေမှာအဘိုးအဘွားတွေကြေးနီခွက်

ထဲရေထည့်သောက်တာတွေ့ဖူးကြမှာပါ။ဒါဟာကျန်းမာရေးကိုအကျိုးဖြစ်စေတဲ့အကျင့်တခုပါ။ကြေးနီခွက်ထဲထည့်သောက်တဲ့ရေကိုသောက်ပေးရင်ကိုယ်တွင်းဓာတ်ကိုညီညွှတ်

မျှတအောင်ထိန်းညှိပေးနိုင်လို့ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရပါတယ်ပထမဆုံးအချက်ကတော့အက်စစ်ဓာတ်နဲ့ဂတ်စ်တွေကအစာအိမ်ကိုထိခိုက်စေပါတယ်ဒီဓာတ်

တွေပါတဲ့အစားအသောက်၊ဖျော်ရည်တွေသောက်မိတဲ့အခါအစာမကြေမဖြစ်အောင်ကြေးနီကဖြေလျော့ပေးပါတယ်အစာခြေစနစ်ကိုပိုကောင်းစေပြီးမကောင်းတဲ့ပိုးတွေကိုသေ

စေနိုင်စွမ်းရှိသလိုဗိုက်အောင့်ဗိုက်နာမဖြစ်အောင်ကာကွယ်ပေးပါတယ်။အသည်း၊ကျောက်ကပ်နဲ့အစာအိမ်တွေထဲကမကောင်းတဲ့အညစ်အကြေးတွေကိုလည်းသန့်စင်ဖယ်ရှားပေး

နိုင်ပါတယ်။ကိုယ်အလေးချိန်ကျအောင်နည်းလမ်းမျိုးစုံသုံးပေမယ့် သိသိသာသာမကျဖြစ်နေရင်ကြေးနီခွက်နဲ့ရေထည့်သောက်ကြည့်ပါကြေးနီရဲ့ဓာတ်သဘောကိုကကိုယ်တွင်းအဆီ

တွေကိုချေဖျက်ပေးနိုင်ပါတယ်နောက်တချက်ကပြင်ပရောင်ရမ်းမှု ဒဏ်တွေအတွက်မထိရောက်ပေမယ့်ကိုယ်တွင်းအစိတ်အပိုင်းတွေအတွက်တော့အကောင်းဆုံးကုစားပေးနိုင်

ပါတယ်ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီးကိုယ်တွင်းဝင်ရောက်လာတဲ့ပိုးမွှားတွေကိုသေစေနိုင်ပါတယ်ကြေးနီဟာအကောင်းဆုံးAnti-oxidantတမျိုးဖြစ်သလိုဆဲလ်အသစ်

တွေဖြစ်ပေါ်လာအောင်ကူညီပေးပါတယ်အသက်အရွယ်ကြီးရင့်လို့ဖြစ်ပေါ်လာတဲ့အရေးအကြောင်းဖြစ်ခြင်းကိုဟန့်တားပေးနိုင်သလိုကိုယ်ခံစနစ်ကောင်းစေပြီး

Free radicalတိုက်ဖျက်ပေးလို့ကင်ဆာဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကိုဟန့်တားပေးပါတယ်ကြေးနီမှာပါတဲ့သဘပိုးသတ်ဆေးOligodynamicကEcoliလိုကူးဆက်

ရောဂါပိုးမွှားတွေအပြင်ရေကတဆင့်ဖြစ်နိုင်တဲ့ဝမ်းကိုက်၊ဝမ်းလျောရောဂါတွေကိုပါသေစေနိုင်စွမ်းရှိပါတယ်အသက်ကြီးတဲ့အခါဖြစ်လာနိုင်တဲ့အာရုံကြောစနစ်နှေးကွေးသွားတာကို

ဟန့်တားပေးပြီးဦးနှောက်လုပ်ငန်းဆောင်တာတွေသွက်လက်မြန်ဆန်စေပါတယ်နေရောင်ခြည်ကြောင့်ပျက်စီးသွားတဲ့အသားရေနဲ့ထိခိုက်ဒဏ်ရာအမာရွတ်တွေကိုမှေးမှိန်အောင်

လုပ်ပေးနိုင်ပါသေးတယ်ကြေးနီခွက်ထဲနေ့စဉ်ရေထည့်သောက်ခြင်းကြောင့်သင့်အသားရေထူးခြားပြောင်းလဲလာတာကိုလက်တွေသိမြင်လာမှာပါခန္ဓာကိုယ်ကလိုအပ်တဲ့

သံဓာတ်နဲ့တခြားသတ္တုဓာတ်တွေစုပ်ယူမှုအားကောင်းစေလို့သွေးအားနည်းရောဂါကိုကာကွယ်ပေးပါတယ်ကြေးနီနဲ့ပတ်သက်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေသေးပေ

မယ့်မိရိုးဖလာနည်းလမ်းတွေမို့သိပ္ပံနည်းအရအတည်မပြုနိုင်တာတွေလည်းရှိပါတယ်ဒါပေမဲ့လည်းကြေးနီဓာတ်သဘာဝဟာကျန်းမာရေးကိုအထောက်အကူပြုနိုင်တယ်ဆိုတဲ့အချက်

ကိုတော့လက်ခံလာကြပါပြီကြေးနီခွက်ဝယ်မယ်ဆိုရင်အရင်ဆုံးသိထားရမှာကကြေးနီစစ်စစ်နဲ့လုပ်ထားတဲ့သတ္တုခွက်တွေဖြစ်ရပါမယ်။ကြေးနီခွက်တွေကိုသန့်စင်ဆေးကြောတဲ့အခါ

ဘရှက်အကြမ်းဖတ်တွေမသုံးဘဲသံပုရာသီးတခြမ်းကိုခွက်အနှံ့တိုက်ပြီးရင်ရေသန့်သန့်နဲ့ပြန်ဆေးပေးပါနောက်တနည်းကတော့မုန့်ဖုတ်ဆော်ဒါနဲ့ရေရောပြီးပွတ်တိုက်ပါ

မိနစ်အနည်းငယ်လောက်ထားပြီးရေပြန်ဆေးလိုက်ရင်သန့်စင်သွားပါပြီတန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်းကြေးနီခွက်ထဲထည့်သောက်တဲ့ရေကကျန်းမာရေးကောင်းတယ်ဆိုပြီး

အများကြီးမသောက်သုံးသင့်ပါဘူးFDAကထုတ်ပြန်ချက်အရလူတယောက်ဟာတနေ့ကိုကော့ပါးဓာတ်၁၂မီလီဂရမ်လောက်ပဲလိုအပ်ပါတယ်ဒါကြောင့်တနေ့ကိုကြေးနီခွက်နဲ့အများဆုံးရေ၂ခွက်ကနေ၃ခွက်လောက်ပဲသောက်ပါcredit orginal