ကျွန်တော်တစ်ခုလောက်လေးထပ်ရှင်းပြချင်လို့ပါခင်ဗျကျွန်တော်က အမူအယာလုပ်ရတာကိုသဘောကျတဲ့လူပါအမူအယာလုပ်ရမယ်ဆိုဘယ်နေရာဖြစ်ဖြစ်ပျော်နေတာပါဒါကို ကျွန်တော့်မိတ်ဆွေအနုပညာရှင်တွေအားလုံးသိကြပါတယ်
အခုသရုပ်ဆောင်ခဲ့ရတဲ့နေရာကလည်းအဖွဲ့အစည်းတစ်ခုလုံးကိုကိုယ်စားပြုပြီးသရုပ်ဆောင်တာမဟုတ်ပါဘူးရုပ်ရှင်တွေထဲကလို စိတ်ကူးနဲ့တည်ဆောက်ထားတဲ့လူတစ်ယောက်နေရာက သရုပ်ဆောင်တာပါသူက ငြင်းလိုက်လို့ စီမံကိန်းတစ်ခု
ရပ်သွားတယ်နောက်ဆုံးအားလုံးပြေလည်သွားကြလို့နောင်တရ ကြည်နူးပီတိဖြစ်ပြီးမျက်ရည်ကျတယ်အဲ့ဒီအမူအယာကို လုပ်ချင်မိခဲ့တာပါတစ်ခြားဘာစိတ်မှလည်းမရှိပါဘူးဘယ်သူ့ကိုမှလည်း စော်ကားလိုစိတ်မရှိပါဘူးအဲ့လိုသရုပ်ဆောင်မိတာ
မှားသွားတယ်ဆိုရင်လည်းထပ်ပြီးတောင်းပန်ပါတယ်ဗျာနောက် သေနတ်သမားတွေ ဝင်လာချိန်မှကျွန်တော်သရုပ်ဆောင်ထားတာလူ့စိတ်အရခဏလေးလန့်သွားမယ်ချက်ချင်းအမေ့ကိုသတိရပြီးကာဖို့ထပြေးမယ်အလုပ်တပ်ဘက်ကပစ်လိုက်
တဲ့ ကျည်ဆန်တွေကြောင့်ပြန်ထိုင်လိုက်ရတာမျိုး သရုပ်ဆောင်တာပါ Edit သဘောအရ ကြားထဲမှာ တစ်ခြားအရုပ်တွေထည့်ပြလိုက်ရတော့ တစ်မျိုးဖြစ်သွားတာပါပင်နီဝတ်တွေသွေးမကြောင်ဘူးအမေ့ကိုကာကွယ်မှာနော်ဆိုတဲ့စကားကို
ကျွန်တော် အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်ရိုက်ကွင်းက ကလေးတွေ သိကြပါတယ်နာက်ဆုံးတစ်ခု ရှင်းပြချင်တာကကျွန်တော်တို့ပင်နီတွေ အလေးပြုခဲ့တာရိုက်တုန်းကအရှေ့မှာဘာမှမရှိပါဘူးHotel နံရံပဲရှိခဲ့တာပါကျွန်တော်မှားခဲ့ပါတယ်
ဝန်ခံပါတယ်သရုပ်ဆောင်ချင်စိတ် တစ်ခုထဲနဲ့ရိုးရိုးသားသားမှားခဲ့တာပါဘာအရောင်ဆိုးချင်စိတ်မှလည်းမရှိခဲ့ပါဘူးထပ်ပြီးလေးလေးစားစားတောင်းပန်ပါတယ်ခင်ဗျာသာညီ#creditသားညီ